Category Archives: Uncategorized
ဆုံမှတ်
အမေ…
နေကောင်းပါရဲ့လား အမေ…
ခြံနံပတ် ၅၄ ကို
အမေ့လက်နဲ့ ကိုယ်တိုင်ဖွင့်မယ့်တနေ့ကို
တက္ကသိုလ်ရိပ်သာက သစ္စာတော်မပျက်
စောင့်နေဆဲပါ အမေ…
ရှိပါတယ်အမေ…
ကျွန်တော့်သူငယ်ချင်းတွေလည်း ရှိပါသေးတယ်…
သူတို့လည်း နေကောင်းကြပါရဲ့
တချို့ကတော့
နိုင်ငံသားပြောင်းလဲခံယူရင်း
မြန်မာပြည်ကို ချစ်နေကြတုန်းပဲ အမေ
ဇာတိမြေကို အလည်အပတ်ပြန်တိုင်း
“အရင်အတိုင်းပဲနော်” လို့
ဝတ်ကျေတန်းကျေနှုတ်ဆက်
ဈေးဝယ်မပျက်ကြပါဘူး
တချို့ကတော့
ဒုက္ခသည်ယောင်ဆောင်ရင်း
(သူတို့အရေးအတွက်) ဒို့အရေး ဒို့အရေးနဲ့
နယူးယောက်ကနေ
အမေ့ လွတ်မြောက်ရေး ကြိုးပမ်းနေကြပါသတဲ့။
အမေ့ပါတီလည်း ရှိပါသေးတယ် အမေ…
တချို့က မဲဆွယ်တုန်းမှာ တချို့က မဲမပေးဖို့ပြော
ပါတီဖျက်သိမ်းခိုင်းကာမှ မွေးနေ့ပွဲလုပ်နဲ့
ကြေညာချက်မထုတ်တော့တာကလွဲရင်
အရင်လို ခမ်းခမ်းနားနားပါပဲ အမေ…
ရန်ကုန်ကတော့ ခြူချာရှာတယ်အမေ…
ဦးနှောက်ယိုစီးမှုကို ကုစားတုန်း အေအိုင်ဒီအက်စ်ဖြစ်
မီးစက်မောင်းသံတွေကြားက “စခန်းခဏလိုက်ခဲ့ပါ” ခေါ်လိုခေါ်
ဆယ်တန်းသမားတွေက အနှိပ်ခန်းမှာစာကျက်
တချို့က ထမင်းမချက်နိုင်တော့
ထမင်းရည်ဝယ်သောက်ကြရတယ် အမေ
ဘာပဲပြောပြော အမေ
ရန်ကုန်မှာ ကျော်သူနဲ့ ထောင်မှူး
သူတို့နှစ်ဦးလောက်တော့
ဘယ်သူမှ အလုပ်မများဘူးလေ
အမေ
အမေမရှိတုန်း ကျွန်တော်တို့ နာဂစ်ကို သိသွားတယ်
ရွှေဝါရောင်၊ အီလက်ထရောနစ်ဥပဒေ၊ နယ်ခြားစောင့်တပ်၊
ရွေးကောက်ပွဲ၊ နေပြည်တော် – ဒါတွေနဲ့လည်း ရင်းနှီးသွားတယ်
အပြောင်းအလဲတွေကတော့
အများကြီးပေါ့အမေရယ်
ရန်ကုန်မှာ မွေးခဲ့တဲ့လူတွေက
နိုင်ငံခြားသားလုပ်ပြီး ပြန်လာ
ဇာတိကို ရွံရှာသလိုလိုနဲ့ပြန်ကြည့်
မချိပေမယ့် မပြောသာပါဘူး အမေ
ကျွန်တော်တို့က နိမ့်ပါးချိန်ကို။
အမေ
ကျွန်တော်တို့ တိုက်ပွဲမှာ
ခဏခဏကျဆုံးပေးနေရတာက
ပြက္ခဒိန်စာရွက်တွေပါ အမေ
ဟောတစ်ရွက် ဟောတစ်ရွက်နဲ့
ဆုတ်ဖြဲပစ်နေလိုက်ကြတာ …
အဲဒါ ရက်ရာဇာတွေချည်းပဲဆိုတာ
ကျွန်တော်တို့ အသိနောက်ကျခဲ့ပါတယ် အမေ
အမေ
ပြောကြည့်ပါရစေ
ကျွန်တော်မျှော်လင့်နေတာကလေ
ဒီမိုကရေစီလည်း ဟုတ်ချင်မှဟုတ်မယ်
ငြိမ်းချမ်းရေးလည်း ပါချင်မှပါမယ်
အစည်းအဝေးလည်း တက်ချင်မှတက်ရပါလိမ့်မယ် အမေ
ဒါပေမယ့်
နိုင်ငံသားတွေ နိုင်ငံခြားသား ဖြစ်စရာမလိုတော့တဲ့နေ့
ဒုက္ခသည်တွေ ဒုက္ခသယ်စရာမလိုတော့တဲ့နေ့
နှစ်ယောက်ရှိရင် သုံးဖွဲ့မကွဲတော့တဲ့နေ့
ပညာတတ်ရင် ထမင်းမငတ်တဲ့နေ့
အရောင်မတူတာကို ရန်သူလို့ မသတ်မှတ်တဲ့နေ့
အဲဒီနေ့ကိုပါ အမေ
ကျွန်တော်လဲသွားရင် အမေထူပေးပါ
အမေ့အားနဲ့ မနေမနားကြိုစားစမ်းပါ့မယ်
ကျွန်တော်တို့အားလုံး ရန်ကုန်မှာ ပြန်ဆုံကြဖို့လေ။
(ကမ္ဘာစိုးမင်း)
ဘယ်အလံကို အလေးပြုရမှာလဲပြော
အလံဆိုတာက ဟိန္ဒူ ဘာသာစကားပါ။ မြန်မာမှာတော့ အရင်တုန်းက အလံ လို့သုံးတာ မကြားဖူးဘူး။ တံခွန်၊ ကုက္ကား ဆိုတာတွေပဲရှိတယ်။နောက်ပိုင်းအိန္ဒိယလူမျိုးတွေရောက်လာတော့မှပဲသူတို့စကားတွေလဲ မြန်မာစာထဲ ရောလို့ ၀င်လာတော့ မဆလာ၊ အာလူး၊ ဂေါ်ဖီ၊ ပလာတာ စတာတွေနဲ့အတူ အလံဆိုတာလဲ အသုံးတွင်ကျယ်လာပါတယ်။  အစောဆုံး အလံ အနေနဲ့ ခရစ်သက္ကရာဇ် ၁၅၀၀ လောက်က အသုံးပြုတဲ့အလံ လို့ ယူဆရတဲ့ ဟင်္သာအလံ ကိုတွေ့မိပါတယ်။အစိမ်းရောင်အောက်ခံမှာ အဝါရောင် ဟသာင်္ရုပ်နဲ့အလံဟာ ဟံသာဝတီမင်းတွေလက်ထက်က အသုံးပြုခဲ့တယ်လို့ထင်ရပါတယ်။
ကုန်းဘောင်မင်းဆက်မှာ အသုံးပြုခဲ့တယ်လို့ သေသေချာချာ ပြောနိုင်တဲ့ အလံတစ်ခုကတော့ ဒေါင်းအလံပဲဖြစ်ပါတယ်။ ဒေါင်းအလံကို ပုံစံ အတော်များများနဲ့ အသုံးပြုခဲ့ကြပါတယ်။ အခု ဒေါင်းအလံကတော့ မင်းခမ်းမင်းနားများမှာသုံးတဲ့ အဖြူရောင် ပိုးသားအောက်ခံမှာ အနီရောင် ချည်ထိုးဒေါင်းရုပ်ဖော်ထားတဲ့ အလံပါ။ တံခွန်ပုံစံ ကြက်လျှာ အနားသတ်မဟုတ်ပဲနဲ့ လေးထောင့်ပုံစံ အလံဖြစ်ပါတယ်။
အဲဒီကတည်းက စလို့ အမြီးဖြန့်ပြီးကနေတဲ့ ဒေါင်းဟာ မြန်မာ့အမှတ်တံဆိပ် ဖြစ်လာခဲ့ပါတယ်။ ဒေါင်းဟာ ကုန်းဘောင်မင်းဆက် မြန်မာဘုရင်တွေရဲ့ အမှတ်တံဆိပ် ဖြစ်ခဲ့ပြီး ဒေါင်းတံဆိပ် ဒင်္ဂါး၊ ဒေါင်းအလံ စသည်ဖြင့် ဘုရင်တို့ရဲ့ အမှတ်အသားကိုပြတဲ့နေရာမှာ ဒေါင်းရုပ်ကို အသုံးပြုလာပါတယ်။ အင်္ဂလိပ် ကိုလိုနီအစိုးရ မြန်မာနိုင်ငံကို သိမ်းပိုက်ပြီး နောက်ပိုင်းမှာတောင်မှ မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုအလံဟာ ယူနီယံဂျက် အလံနဲ့ ဒေါင်းတံဆိပ် ပေါင်းစပ်ထားတဲ့ အလံ ဖြစ်လာခဲ့ပါတယ်။
ဒီ အပြာရောင်အောက်ခံမှာ ဒေါင်းတံဆိပ်နဲ့ ယူနီယံဂျက် အလံဟာ ဒိုင်အာခီ အုပ်ချုပ်ရေး ပေးတဲ့အချိန်က စလို့ မြန်မာအစိုးရရဲ့ အလံအနေနဲ့ အသုံးပြုခဲ့တာဖြစ်ပါတယ်။ အင်္ဂလိပ်ကို တော်လှန်ခဲ့တဲ့ မြန်မာလွတ်လပ်ရေးတပ်မတော် (BIA) ကလည်း ၃ ရောင်ချယ် ဒေါင်းအလံကိုပဲ အသုံးပြုခဲ့ပြန်ပါတယ်။
ဂျပန်ကို တော်လှန်ခဲ့တဲ့ မြန်မာ့တပ်မတော်ကတော့ အနီအောက်ခံမှာ အဖြူရောင် ကြယ်တစ်ပွင့်ပါတဲ့ တော်လှန်ရေးအလံကို အသုံးပြုလာပါတယ်။
ဂျပန် တော်လှန်ရေးပြီိးလို့ အင်္ဂလိပ် အစိုးရ ပြန်လာတဲ့အချိန်မှာတော့ ယူနီယံဂျက် ဒေါင်းအလံကိုပဲ ဆက်လက် အသုံးပြုခဲ့ပါတယ်။ ဘုရင်ခံအတွက် သီးသန့် အမှတ်တံဆိပ် အနေနဲ့ ယူနီယံဂျက်ရဲ့ အလယ်တည့်တည့်မှာ ဒေါင်းရုပ်ပါတဲ့ အလံတစ်ခု တီထွင် အသုံးပြုခဲ့ပါတယ်။
မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးတဲ့အခါမှာတော့ ပြည်နယ် ၅ ခုနဲ့ ပြည်မ၊ အေးချမ်းသာယာခြင်း၊ ရဲရင့်ပြတ်သားခြင်း ဆိုတဲ့ အဓိပ္ပါယ်တွေကို ဖော်ဆောင်တဲ့ ကြယ်ဖြူ ၆ ပွင့်နဲ့ ပြည်ထောင်စုအလံတော်ဟာ မြန်မာနိုင်ငံရဲ့ တရားဝင် အမှတ်အသား ဖြစ်လာခဲ့ပါတယ်။
သမ္မတရဲ့ အမှတ်တံဆိပ် အနေနဲ့ကျတော့ လိမ္မော်ရောင် အောက်ခံမှာ ဒေါင်းတံဆိပ်ပါတဲ့ အလံကို အသုံးပြုတယ်လို့ တွေ့ရပါတယ်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အာဏာရလာတဲ့ နောက်ပိုင်းမှာ တိုင်းနဲ့ပြည်နယ် ၁၄ ခု၊ အလုပ်သမား၊ လယ်သမား အင်အားစု၊ အေးချမ်းသာယာခြင်း၊ ရဲရင့်ပြတ်သားခြင်းဆိုတဲ့ အဓိပ္ပါယ်တွေနဲ့ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်ရဲ့ အလံဟာ အနီအောက်ခံနဲ့၊ ဘယ်ဖက် အပေါ်ထောင့်မှာ အပြာရောင်အောက်ခံ၊ စက်သွား၊ စပါးနှံနဲ့ အရွယ်အစားညီ ကြယ်ဖြူ ၁၄လုံးပုံစံ အဖြစ် ပြောင်းလဲ ထွက်ပေါ်လာခဲ့ပါတယ်။
အခုတော့ မြန်မာနိုင်ငံရဲ့ အလံအသစ်ဖြစ်တဲ့ သုံးရောင်ခြယ်ကြယ်အုပ်ထားတဲ့ အလံကို စတင်လွင့်တင်လိုက်ပါတယ်။
ကွန်မြူနစ်အကျဉ်းသားကြီး တစ်ယောက်ကတော့ သူထောင်ထဲမှာနေတုန်းက ဆိုရှယ်လစ်အလံဟာ သူနဲ့ အယူအဆတူတဲ့ အလံမဟုတ်တဲ့အတွက် အလေးမပြုနိုင်ဘူးလို့ပြောခဲ့ပါတယ်။ ဒါဆိုရင် ကျွန်တော်တို့က ဘယ်အလံကိုအလေးပြုရမှာလဲ။ ပြောကြပါဦး……….။
ရွှေသွေး
မြန်မာပြည်သားများနှင့် စင်ကာပူ
ပြီးခဲ့တဲ့ Oct 5 ရက်နေ့က စင်ကာပူထုတ် THE NEW PAPER သတင်းစာထဲမှာ မြန်မာ Home Maid တစ်ယောက် Facebook ပေါ်မှာ အတွင်းခံဘရာနဲ့ ဓာတ်ပုံတင်ထားတွေ့လို့ အလုပ်အဖြုတ်ခံရတယ် ဆိုတဲ့သတင်းတစ်ပုဒ်ပါလာပါတယ်။
သူမဟာ အသက် ၂၂ နှစ်သာရှိသေးပြီး ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်က ၂၀၀၆ ခုနှစ်မှာဘွဲ့ရထားတယ်လို့ဆိုပါတယ်။ဖြစ်ပုံက သူမဟာ အိမ်ရှင်ရဲ့ ၁၂ နှစ်အရွယ် သားဖြစ်သူထံက ဖုန်းကိုယူပြီး Saxy ပုံများကို ရိုက်ယူခဲ့တယ်လို့ဆိုပါတယ်။Saxy ပုံဆိုပေမယ့် အပေါ်က ဘရာနဲ့ အောက်ကဂျင်းဘောင်းဘီနဲ့ နှစ်ပုံ၊ ညအိပ်ဝတ်စုံနဲ့ တစ်ပုံကိုမှန်ရှေ့မှာ ရိုက်ယူထားတာဖြစ်ပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်အပေါ်ပိုင်းကို ဘရာဝတ်ရိုက်ထားတာဖြစ်ပြီး Naked ပုံမပါဘူးလို့ ဆိုပါတယ်။သိသိချင်းသူမကို အေးဂျင့်ဆီပြန်ပို့လိုက်တယ်လို့ ဆိုပါတယ်။ပြီးခဲ့တဲ့ ဇွန်လကလည်း ၂၆ နှစ်အရွယ် မနီနီလို့ခေါ်တဲ့ မြန်မာ Home Maid တစ်ယောက်ကိုလဲ သူမရဲ့ ဖုန်းထဲမှာ ဘီကီနီနဲ့ ရိုက်ထားတဲ့ပုံတွေတွေ့လို့ မြန်မာပြည်ပြန်ပို့ခဲ့တယ်လို့ ဆိုပါတယ်။
ဒီလို အဖြစ်အပျက်မျိုးတွေဟာ စင်ကာပူရောက်မြန်မာတွေ အတွက်အရှက်ရစရာဖြစ်သလို၊ သိက္ခာကျစရာလည်းဖြစ်ပါတယ်။ပြီးတော့ တခြားကောင်းကောင်းမွန်မွန်နေတဲ့ မိန်းကလေးများအတွက် မျက်နှာပျက်စရာဖြစ်ပါတယ်။ များသောအားဖြင့် မြန်မာတွေဆိုရင် ကျန်တဲ့နိုင်ငံသားတော်တော်များများက မကျေနပ်ကြပါဘူး။ အနေမှန်တယ်၊ အလုပ်ကြိုးစားတယ်။ ဒါကြောင့် အထက်လူကြီးက မြန်မာမဟုတ်ပဲ မြန်မာတွေနေရာကောင်းရကြပါတယ်။ စင်ကာပူရဲ့ Red Light Area လိုနေရာမျိုးမှာတောင် မြန်မာမရှိတဲ့ အတွက်ဂုဏ်ယူရပါတယ်။ဒီသတင်းပေါ်လာတဲ့ အခါမှာတော့ သတင်းစာ ယူလာပြီးလာပြတဲ့ သူတွေ မနဲပါဘူး။ မြန်မာတွေ ဒီလိုဖြစ်နေတာ ဝမ်းသာတဲ့ ပုံစံနဲ့ပါ။ ထီပေါက်တဲ့ သတင်းမဟုတ်ဘူးလို့တောင် ပြန်ပြောရပါတယ်။ဒီပုံတွေကိုတွေ့တာက အိမ်ရှင်ရဲ့ သူငယ်ချင်းက တွေ့တာလို့ပြောပါတယ်။ ‘‘lover of freedom’’ နဲ့ ‘‘ trouble_maker ’’ အကောင့်နှစ်ခုထဲကတွေတာလို့ပြောပါတယ်။ဒါပေမယ့် သတင်းစာထဲမှာ ရေးထားတာက သူတို့ဝင်ကြည့်တာတော့ ပုံတွေကိုမတွေ့တော့ပဲ သူမကိုယ်တိုင်ဖျက်လိုက်တာလား ဒါမှမဟုတ် setting ပဲချိန်းလိုက်တာလား မရှင်းလင်းဘူးလို့ဆိုပါတယ်။
ထားလိုက်ပါ။ပြောချင်တာက ဒီသတင်းစာနဲ့ စင်ကာပူရဲ့ မြန်မာပြည်သူတွေပေါ်ထားတဲ့ သဘောထားပါ။ စင်ကာပူဟာ လွတ်လပ်တဲ့နိုင်ငံဖြစ်တဲ့ အပြင် ပူနွေးစိုစွတ်တဲ့နိုင်ငံ ဖြစ်တဲ့အတွက် မိန်းကလေးတိုင်းလိုလို လွတ်လွတ်လပ်လပ်ဝတ်ဆင်ကြတာ အားလုံးအသိပါပဲ။ အပေါ်မှာအင်္ကျီဝတ်ထားပေမယ့် အသားပါးတာတွေဝတ်တာကြောင့် အတွင်းခံအဝတ်အစားဆိုတာ မမြင်ချင်မှ အဆုံးပါပဲ။ လူလယ်ခေါင်မှာလဲ ဒီလိုပဲ သွားလာနေကြတာပါပဲ။ ဒါကို မိန်းကလေးတစ်ယောက် Sexy ပုံ Facebook ပေါ်တင်တာ ရေးကြီးခွင်ကျယ်လုပ်နေရအောင် သူ့နိုင်ငံ ဘယ်လောက်တောင် ယဉ်ကျေးမှုရှိနေလို့လဲ မသိပါဘူး။ သတင်းစာထဲထည့်ရလောက်တဲ့ သတင်းလဲမဟုတ်ပါဘူး။အဓိကဖြစ်ရတဲ့အကြောင်းရင်းက ပိုင်ရှင်ရဲ့ ကွန်ပျူတာကို မသိပဲယူသုံးတာ ဒါမှမဟုတ် အခြားပြဿနာတစ်ခုလဲ ဖြစ်နိုင်ပါတယ်။ ပြီးတော့ စင်ကာပူရဲ့ သတင်းစာတိုင်းလိုလိုမှာ ဓာတ်ပုံပါတဲ့သူဟာ ကောင်းသတင်းမဟုတ်ရင် (ဥပမာ..မုဒိန်းမှု ၊ ခိုးမှု…) မျက်လုံးကို ဒါမှမဟုတ် မျက်နှာကို ဖျက်ပေးထားနေကြပါ။ စင်ကာပူမင်းသမီးတစ်ယောက်ရဲ့ Sex Video အင်တာနက်ပေါ်ပြန့်နေတုန်းကဆိုရင် သတင်းထဲပါလာပေမယ့် မျက်လုံးကိုဖျက်ပေးထားတဲ့ အပြင် ဝက်ဘ်ဆိုဒ်လိပ်စာတွေပါ ဖျက်ထားပါတယ်။ ခု Sexy ပုံကျတော့ မျက်နှာကိုဖျက်ပေးမထားတဲ့အပြင် Facebook လိပ်စာတွေကိုပါထည့်ပေးထားတာဟာ မြန်မာတွေကို သိက္ခာချနေကြောင်း သိသာစေတဲ့ အချက်ပါ။ ပြီးတော့ ရိုက်ထားတဲ့ပုံတွေဟာ စင်ကာပူတစ်နိုင်လုံးက ကြေငြာတွေနဲ့ ယှဉ်လိုက်ရင် ဘာမှမပြောပလောက်ပါဘူး။ လွန်ခဲ့တဲ့ ၃။ ၄ နှစ်လောက်က စင်ကာပူနဲ့ မြန်မာဘောလုံးပွဲမှာ မြန်မာ အသင်းသားတွေနဲ့ စင်ကာပူအသင်းသား၊ နည်းပြတွေနဲ့ ပြဿနာဖြစ်ခဲ့တာတွေကို ခုချိန်ထိပြသပြီး မြန်မာတွေမိုက်ရိုင်းတယ် မပြောရုံတစ်မယ် လုပ်နေတာတွေဟာ စင်ကာပူမီဒီယာတွေရဲ့ သဘောထားမကြည်လင်မှုတွေကို တွေ့ရပါတယ်။ ပြီးတော့ Sex Shop တွေကိုတောင် တရားဝင်ဖွင့်ပေးထားတဲ့ နိုင်ငံက ဒီလိုပုံကိစ္စကို သတင်းစာထဲထည့်တာဟာ အံ့ ဩစရာဖြစ်တဲ့အပြင် မြန်မာတွေအပေါ် ဘယ်လောက်အမြင်မကြည်လင်ဘူးလဲ ဆိုတာ သိသာတဲ့အချက်တွေပါပဲ။
ရွှေသွေး
အောင်ဆန်းဦးသို့ အိတ်ဖွင့်ပေးစာ
အောင်ဝေး
ဒီဇင်ဘာ ၂၆၊ ၂၀၀၉
ဗိုလ်ချုပ်၏ သားဦး
ဦးအောင်ဆန်းဦးခင်ဗျာ
ကျနော် ကဗျာဆရာ အောင်ဝေး
ရိုသေစွာ စာရေးလိုက်ပါတယ်။
++++++++
သားဦး အရူး တဲ့
မြန်မာစကားမှာ ရှိပါသည်။
အစ်ကိုကြီးတော့ အဖအရာ
မြန်မာစကားမှာ လာပါသည်။
တို့ ဘုရား မယားဖက် ခပ်ပါပါ တဲ့
မြန်မာ့ဆိုရိုးစကားလည်း ရှိပါတယ်။
ရှစ်လေးလုံး အရေးတော်ပုံတုန်းက
ကျနော်တို့ မျှော်ခဲ့တာ
နှမ မဟုတ်ပါ
အစ်ကိုကြီး ဦးအောင်ဆန်းဦးကိုပါ။
ဗိုလ်ချုပ်ရဲ့ သားကြီး ဦးအောင်ဆန်းဦး
အမေရိကန် မရိမ်းတပ်တွေနဲ့ 
မြန်မာပြည်ကို ချီတက်လာပြီ …
ဒီသတင်း …
ပြည်တွင်းမှာ တကယ်ဖြစ်ခဲ့တာပါ။
ဒါပေမဲ့
တကယ်ရောက်လာတာက
အစ်ကို မဟုတ်
နှမ အောင်ဆန်းစုကြည်။
ဗိုလ်ချုပ်ရဲ့သမီး
ဒေါ်အောင်ဆန်းစုကြည်။
တကယ် တိုက်ပွဲဝင်တာက
နှမ ဒေါ်အောင်ဆန်းစုကြည်။
ကမ္ဘာ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် … တဲ့
နှမပုံရိပ်က အင်မတန်ကြီးပါရဲ့။
အစ်ကိုကြီး ဦးအောင်ဆန်းဦးခင်ဗျာ …
အစ်ကိုကြီးမှာ
ဘာပုံရိပ်မှ မရှိလည်း
ကျနော်တို့က
ဗိုလ်ချုပ်ရဲ့သားမို့  ချစ်နေဆဲပါ။
ဒါပေမဲ့
အခု အစ်ကိုကြီးလုပ်နေတာတွေက
အဖအရာ မရောက်
နှမကို
(နအဖ အလိုကျ)
ချောက်ကျအောင် လုပ်သလိုဖြစ်နေပါပြီ။
ကန်တော့ပါရဲ့
မယားစကား နားယောင်
အစ်ကိုကြီးအမှားတထောင် ကျူးလွန်နေပြီ။
ဘာ့ကြောင့်
ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်နေရတာလဲ
အစ်ကိုကြီး။
ဒေါ်အောင်ဆန်းစုကြည်ဟာ
(အစ်ကိုကြီးနှမ)
ဒေါ်အောင်ဆန်းစုကြည်သက်သက် မဟုတ်ဘူး။
ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်တာဟာ
အဖိနှိပ်ခံမြန်မာပြည်သူတွေကို တိုက်ခိုက်တာပဲ။
ဒေါ်အောင်ဆန်းစုကြည်ဟာ
မြန်မာပြည်ပဲ။
အစ်ကိုကြီး
အစ်ကိုကြီးရဲ့ မူမမှန်တဲ့လုပ်ရပ်တွေ
ရပ်တန်းကရပ်ပါ။
သားဦးအရူး
အောင်ဆန်းဦး … လို့တော့
ကျနော် မပြောရက်ပါဘူး။
အချုပ်နှောင်ခံနေရတဲ့ နှမကိုမှ
ဆက်ပြီးနှောင့်ယှက်နေမယ် ဆိုရင်
အစ်ကိုကြီးကို
(ချစ်လျက်နဲ့ )
ကျနော်တို့ စစ်ကြေညာရတော့မယ်။
အောင်ဆန်းဦး အလိုမရှိ
အောင်ဆန်းဦး အလိုမရှိ
အောင်ဆန်းဦး အလိုမရှိ
ညီငယ်
မောင်အောင်ဝေး
ဒီဇင်ဘာ၂၅၊ ၂၀၀၉၊ မစ်ရှီဂန်
http://www.minyelkhaung.blogspot.com/
ဘုရားခေတ်က ကလေးတစ်ယောက်၏ မျက်လုံး
(၁) နာမကျန်းသော ခန္ဓာကိုယ်မှာ လွတ်လပ်ရေးကျောက်တိုင်တစ်တိုင် စိုက်ထူဖို့၊ သွေးကြောအပိုတွေကို ဖျက်ဆီးပစ်ဖို့၊ မိန်မတစ်ယောက်နဲ့ လိင်ဆက်ဆံမှုအနုပညာအကြောင်းပြောဖို့၊ ဒီတိုင်းပြည်က သတ္တိနည်းသူနဲ့ ဥာဏ်နည်းသူများဖတ်ဖို့… ဒီကဗျာကို ရည်ရွယ်လိုက်ပါရဲ့…..။ (၂) ရိုင်းပြတဲ့ခေါ်သံနဲ့ ခေတ်ရဲ့ ပညာရှိကြီးများခင်ဗျား…. ဂျင်းရှပ်ကို သိပါသလား၊ ဆိုဖီရဲ့ ကမ်ဘာကို ဖတ်ဖူးပါသလား၊ ဒါလီရဲ့ အရည်ပျော်နေတဲ့ နာရီတွေကို ကြည့်ဖူးပါသလား၊ လမ်းပေါ်မှာ ဆာလောင်နေတဲ့ ကလေးတွေနဲ့ မျှော်လင့်ချက်အကြောင်း ဆွေးနွေးဖူးပါသလား။ တတိကမ္ဏာ တတိယလှိုင်း တတိယလိင် အို…ငါတို့ဟာ ယဉ်ကျေးမှုစစ်ပွဲမှာ မရှုမလှ ရှုံးနိမ့်ခဲ့ပါပြီ။ ဒီနေ့ရဲ့ကောက်ကွေးတဲ့ မြစ်ကမ်းဘေး ငါထိုင်ငေးနေမိတယ်၊ အရင်တုန်းက လူငယ်တွေဟာ ဆံပင်ရှည်နဲ့၊ တက်တူးနဲ့၊ ရော့ခ်အင်ရိုးလ်နဲ့… အခုလူငယ်တွေက ဟစ်ဟော့နဲ့၊ စိတ်ကြွဆေးနဲ့၊ ဆံပင်ရောင်စုံနဲ့…. တူတာတစ်ခုက တော်လှန်ရေးကို သူတို့မေ့နေခဲ့ကြတယ်…။ ဆင်ခြင်တုံတရားဟာ လျှာပြတ်နေတဲ့ ဂီတမှာ အရိုးပေါ် အရေတင်ပဲ။ နားလေးနေသော အဖိုးအိုပဲ။ (၃) ငါတို့မျိုးဆက်ရဲ့ ပါရမီရှင်များ သူရဲကောင်းများ အမည်နာမများ ၀င်းဖေတဲ့ မောင်ချောနွယ်တဲ့ ခင်ဝမ်းတဲ့ တင်မိုးတဲ့ ဖော်ဝေးတဲ့ မင်းကိုနိုင်တဲ့ ထူးအိမ်သင်တဲ့ လှသန်းတဲ့ ရွှေဘုန်းလူတဲ့ မိုးသီးဇွန်တဲ့ ပိုင်သတဲ့…။ ရက်စက်သော နှလုံးသားတွေနဲ့ စစ်ဖိနပ်သံများနဲ့ ထောင်နံရံပေါ်က ပဲ့တင်သံနဲ့၊ အမှန်တရားဟာလည်း လွယ်လွယ်လေးပဲ စုတ်ပြဲသွားခဲ့တယ်။ စာသင်ခန်းထဲက မိန်းကလေးတွေလည်း နိုက်ကလပ်များဆီ ထွက်ခွာသွားကြပေါ့။ ချာတိတ်တွေ ချဲထီးရောင်းသူရောင်း ဘောလုံးပွဲလောင်းသူလောင်း၊ ယူနီဖောင်းဝတ်တချို့က ဇိမ်ခန်းမှာ စီးကရက်ခဲနေရဲ့…..။ ဒီလိုအခြေအနေတွေမှာ ငါက ကဗျာရေးလိုက် ခဲပြားတွေကို မီးရှို့လိုက် ကမ္ဏာာကြီးကို အမဲလိုက်.လိုက် ဖြစ်တည်မှုပဓာန၀ါဒကို အရသာခံလိုက်…. ခေတ်ကြီးကလည်း အပြောင်းအလဲမြန်လွန်းတယ်၊ မနေ့တုန်းက ၀န်ကြီးချုပ်ဟာ ဒီနေ့တော့ ၁၀၉၊ ၁၁၀။ (၂၆) နှစ်လုံးလုံး ပြည်သူတွေကို ခပ်တည်တည် လိမ်ညာခဲ့သူကြီးလည်း ရန်ကုန်မြစ်ထဲမှာ နိဂုံးချုပ်ခဲ့ပြီ။ မျက်စိတစ်မှိတ် လျှပ်တပြက်မှာပဲ အရာရာဟာ လူသားဆန်စွာ ကျဆုံးခဲ့ပြီ…။ (၄) သူရဲကောင်းတိုင်းဟာ ရိုးသားမှုရှိလိမ့်မယ်လို့ ငါယုံတယ်၊ မရိုးသားသူဆိုတာ ဘယ်တော့မှ သူရဲကောင်းမဟုတ်ဘူး…။ ပွင့်လင်းလွတ်လပ်တဲ့ လူ့ဘောင်ကို ထူထောင်ရမယ်၊ ပညာရှင်တွေအခန်းကဏ္ဍဟာ ကြီးကျယ်ခမ်းနားရမယ်၊ ဖျက်ဆီးခံထားရတဲ့ ပညာရေးစနစ်ကို ပြန်တည်ဆောက်ရမယ်၊ သွေးစွန်းခဲ့သော သမိုင်းစားမျက်နှာတွေအတွက် ကျောင်းသားသမဂအလံကို ငါတို့ ဦးညွှတ်ကြရမယ်။ ဘရာဇီးဟာ ဘောလုံးသမားတွေ ထုတ်လုပ်တယ်၊ ဗင်နီဇွဲလားဟာ ကိုယ်ဟန်ပြမယ်တွေ ထုတ်လုပ်တယ်၊ ငါတို့ကရော ဘာတွေကို ဘယ်လို ထုတ်လုပ်ပြီး ခမ်းနားတဲ့လူ့အဖွဲ့အစည်းဆီ ချီတက်ကြမလဲ။ (၅) ကိုလံဘီယာ ကုတ်ကင်းဘုရင် ကားလို့စ်က ကုတ်ကင်းဟာ တတိယနိုင်ငံများအတွက် အဏုမြူဗုံးတဲ့။ ရုရှားအာဏာရှင် ခရူးရှက်က နိုင်ငံရေးဆိုတာ အညစ်ပတ်ဆုံး မီးဖိုချောင်ပဲတဲ့။ အကြမ်းဖက်သမား အိုစမာဘင်လာဒင်က မြင့်မြတ်သော ဘာသာရေးစစ်ပွဲကို ဆင်နွှဲရမယ်တဲ့၊ အားလုံးဟာ ကိုယ့်အမှန်တရားနဲ့ကိုယ် လှပနေတာပဲ….ဲ။ ရန်ကုန်ဟာ ဘဂဒက်လို အဆောက်အအုံ မပျက်ဆီးတာကလွဲရင် ကျန်တဲ့ ပျက်ဆီးမှုက ဘယ်သူမှ လိုက်မမီတော့ဘူး…။ အာရှဂုဏ်ဆောင် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် အမျိုးသမီးယောက်နဲ့ ငရဲသားတွေမွေးမြူထားတဲ့ စစ်တပ်ဟာ ကြည့်လို့တော့ ကောင်းနေပါပြီ…။ (၆) နိုင်ငံတကာအရေးအခင်းများ၊ အပေါစား ကျော်ကြားမှုများ၊ မအောင်မြင်သော အာဏာသိမ်းပွဲများ၊ နန်းကျဘုရင်လို စိတ်ဓာတ်များ၊ တူညီဝတ်စုံနှင့် လူပြိန်းများ… သင်တို့သွေးသားဟာ ကြေးစားဆန်လှချည်လား….။ ဟိုးအဝေးကြီးဆီမှာ အမြင့်ပျံငှက်တစ်ကောင် မီးလောင်နေတဲ့ အရေပြားပေါ် မွေးထားတဲ့ ဒဏ်ရာတစ်ခု၊ သွေးဆာနေသော ဓားမြောင်တစ်ချောင်း၊ သေနက်ပြောင်းတွေကို မကြာခဏ ချောင်းကြည့်တတ်တဲ့ မျက်လုံးတစ်လုံး၊ ကဗျာဆရာလုပ်ဖို့ အားလုံးကို ကြက်ခြေခတ်ထားသူတစ်ယောက် သူ့မှာ စိတ်ဓာတ်ကလွဲလို့ ကျန်တာဘာမှမရှိဘူး။ ပြီးတော့ အကြောက်လွန်နေတဲ့ ပြည်သူတွေကို အားမရဘူး…။ ဘယ်လိုဖြစ်ဖြစ် မုန်တိုင်းတွေကို ငါချစ်မိပေါ့….။ (၇) ရန်လိုနေသော အနုပညာနဲ့ ဘုရာသခင်ရဲ့ ဟန်ဆောင်မှုနဲ့ သွေးပြန်ကြောထဲက အနီရောင်မိန်းမတစ်ယောက်နဲ့ အာခေါင်ကို မီးမြှိုက်ထားသောကဗျာတွေနဲ့ ငါ့ခေတ်ကို ငါပြဌာန်းရမယ်….။ နောင်အခါ ယုံကြည်မှုအသားတံဆိပ်နဲ့ ငါ့မျက်နှာကို လူငယ်တွေက တီရှပ်မှာ ရိုက်ဝတ်ကြပါစေ။ (၈) ထူးဆန်းသော လိပ်ပြာတစ်ကောင် အနက်ရောင်သွေးစက်များ အစဥအလာအခက်အခဲတွေ ကြယ်ရောင်၊ လရောင်တချို့နဲ့ လူသားဟာ နှစ်ကာလတို့ကို ဖြတ်ကျော်လာခဲ့ပြီ…။ ကိုးကွယ်မှုများစွာ အယူအဆများစွာ မုန်းတီးခြင်းများစွာ…မှ တစ်နေ့တော့ ဖြစ်လာမှာပါ..အထိ ငါက တင်ဆက်နေမိတယ်…။ ဖြစ်နိုင်မယ်ဆို မြန်မာနိုင်ငံမြေပုံကို ငါပြန်ပြင်ချင်တယ်။ မန်ချက်စတာယူနိုက်တက်အသင်းမှာ နည်းပြလုပ်ချင်တယ်။ ယက်ဖ်တူရှင်ကိုနဲ့ လက်ဆွဲနှုတ်ဆက်ချင်တယ်။ နီးကိုးကစ်မင်းရဲ့ လိင်ဆန္ဓအတွက် တစ်ညလောက် အဖြည့်ခံဖြစ်ချင်တယ်။ ထစ်ချုန်းနေတဲ့ မနက်ဖြန်တွေမှာ ခေတ်ကို ဦးဆောင်သော ကဗျာများနဲ့ ကမ္ဏာ့မြို့ကြီးတွေကို ကြေငြာလိုက်ပါရဲ့။ အပျော်တမ်း ဖဲကစားဖို့… အပျော်တမ်း ငရဲသွားဖို့… အပျော်တမ်း တော်လှန်ရေးလုပ်ဖို့….။ (၉) အလို…ဟိုမှာ ဘုရားခေတ်က ကလေးတစ်ယောက်ရဲ့ မျက်လုံးနဲ့ ငါ့ကို သူတို့ ချောင်းကြည့်နေကြရဲ့……။ ဒဗလျူအမ်တီ (DEC,2004)
နိဒါန်း
ငယ်ငယ်တုန်းက ချည်နှောင်ဖူးတဲ့ ဖဲကြိုးစနဲ့ မတူ ကြိုးစရှည်ရှည်တခု အစပြု တိမ်တိုက်တွေကြားထဲ ရည်မှန်းချက်လည်း လှလှပပ ချိတ်ဆွဲခဲ့တယ်……. တောင်လုံးပန်းတွေ ကသိုက်ကရိုက်မှာ ယုံကြည်ချက်၊ခံယူချက်တွေ တပွေ့ တပိုက်နဲ့  အဲဒီ အိပ်မက်နှင့် မျှော်လင့်ချက်ကြား အချိန်ပေါင်းများစွာ ပေးဆပ်မှူပေါင်းများနှင့်လည်း မျှမျှတတ စတေးပြီးပြီ……. လေရူးတွန်းတဲ့ ခရီးကို ခရီးတန်းတင် အပြင်းနှင်ရင်း သစ်ရွက်ခြောက်တွေအဖော်လုပ် ဒူးဆစ်မခိုင် ယိုင်နဲ့ နဲ့ နှင့်လည်း လျှောက်ခဲ့ဖူးပြီ….. လေထန်ထန် မြေဆန်ဆန်မှာ မျှော်လင့်ချက်တွေ တပွေ့ တပိုက် အသရေထိုက်တဲ့ အဲ့ဒီပုံရိပ်ကို စိတ်ကူးတွေနဲ့ လည်း မြူးခဲ့ဖူးပြီ…… ညိုညိုညစ်ညစ် ဟောဒီတောခြောက် အရောင်တောက်ဖို့  ဖြူလွှပါးပါး ဖဲသားတစ အိမ်မက်လွင်လွင်လည်း မက်ခွင့်ပေးခဲ့တယ်…… ရေဝေး မြေဝေး သံယောဇဉ်ထွေး အရေးပေးတဲ့အသိုက်အမြုံ လွမ်းဆွတ်မှုတောင်နံရံတွေကြား တွေဝေနေတုန်း ရင်ခတ်ပန်းတချို့  ရင်ဘတ်မှာလာကပ်တယ်… မနီးမနား…………………………………………………..ခပ်ဝေးဝေးမှာတော့ အရောင်ပါးပါး အဖြူရောင်ငွားငွားတခု ဟန်ချက်ညီညာ စည်းချက်ဘယ်ညာနဲ့  ငါ့ကို လှောင်နေတယ် …. ဟင့်အင်း…………….ငါသွားပါရစေ…………….. ဘာပဲဖြစ်ဖြစ် တိမ်ဆိုင်ညိုမဲ နေပူကျဲတဲ နှင်းတွေခဲလည်း ပျိုးခဲ့တဲ့ အစတစ ဟောဒီပျံသန်းခြင်းခရီးအတွက် ရှေ့ ကိုပျံသန်းဖို့  တောင်ပံဖြန့် လို့ အားယူဆဲ…………………..
အသီးဦး (ချင်းမိုင်
မိုးသီးဇွန် Thursday, December 17, 2009 နိဒါန်း
မိုးသီးဇွန်
Thursday, December 17, 2009
နိဒါန်း
၂၀၁၀ ရွေးကောက်ပွဲက မြန်မာပြည်ဒီမိုကရေစီ ပြုပြင်ပြောင်းလဲ မှုတွေကို ဦးတည်နေပြီလို့ ကျနော် မယုံကြည်ပါဘူး။ ဒါဟာ အဆိုး မြင်နဲ့ ပြောနေတာမဟုတ်ပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲက ဒီမိုကရေစီ အင်အင်အားစုများအတွက် ထွက်ပေါက်မဟုတ်သလို တပ်မတော်အ တွက်ရော တိုင်းရင်သားလူမျိုးစုတွေအတွက်ပါ ထွက်ပေါက် မဟုတ် ဘူး ဆိုတာပါပဲ။ ဒါဖြင့်ရင်ဘယ်သူအတွက် လည်းဆိုတဲ့အမေးအ တွက်အဖြေကတော့….
တစ်- သန်းရွှေအတွက်
နှစ်- သန်းရွှေအတွက်
သုံး-သန်းရွှေအတွက် လို့ပဲပြောပါရစေတော့။
၂၀၁၀ ရွေးကောက်ပွဲထက်ပိုပြီးအလေးထား ဆောင်ရွက်ရမှာကတော့ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီပြုပြောင်းလဲမှုတွေဖြစ်ပါ တယ်။
၂၀၁၀ ဝေစု
၂၀၁၀ မှာစစ်တပ်က ရွေးကောက်ပွဲပြုလုပ်ပေးမယ်။ ရွေးကောက်ပွဲကော်မရှင်ကို ဖွဲစည်းတော့မယ်ဆိုတဲ့ သတင်းထွက်နေတယ်။ ဒီမိုက ရေစီအင်အားစုများ ကြားမှာစိုးရိမ်ပူပန်မှုတွေ တိုးပွားနေတယ်။ တချို့ကတော့ ဒါကိုထွက်ပေါက်တခုလို့ တိုးတိုးတမျိုးကျယ်ကျယ်တမျိုး ဆိုသလိုပြောနေကြတယ်။ ရွေးကောက်ပွဲကိုထွက်ပေါက်လို့ပြောပြီး ၀င်ဖို့တာစူနေကြတယ်။ ဒီလူတွေထဲမှာ အပစ်အခတ်ရပ်စဲရေးလုပ် ထားတဲ့တိုင်းရင်းသား ခေါင်းဆောင်အချို့နဲ့ ကိုယ်ကျိုးရှာသူတွေလည်းပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲဟာ ငကြင်းငါးလိုဆူဖြိုးနေတဲ့ မြန်မာပြည်ကို စားပွဲတင်ပြီးမြေးခွေးက ဝေခွဲပေးမှာဖြစ်ပါတယ်။ ဒီတော့ ဝေစုအကြီးအသေးကိုကြည့်ရင် သန်းရွှေက ဗိုက်သားကိုယူ မယ်။ တခြားကိုယ်ကျိုးရှာ အဖွဲ့တွေကိုဝေစုခွဲပေးမယ်။ ကုန်သည်ပွဲစားတွေနဲ့ လုပ်စားနိင်ငံရေးသမားတချို့က အတွက်ဝေစုတစုရမယ်။ သူများမြောက်ပေးလို့ ရွေးကောက်ပွဲဝင်မိတဲ့ ခပ်အအနိင်ငံရေးသမားတွေကတော့ ထောင်မကျရင် ကံကောင်းလို့ မှတ်ပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့  ၂၀၁၀ ရွေးကောက်ပွဲ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွက်ကတော့ကနေ့အထိ ၂၀၁၀ ရွေးကောက်ပွဲကိုဘယ်လို သဘောထားမလဲဆိုတာ ရှင်းရှင်းလင်း လင်းပြောနိုင်တဲ့ အနေထားမှာမရှိသေးဘူး။ တကယ့်ကိုပေါ်လစီ အကြပ်အတည်း (Policy Dilemma ) ဖြစ်နေပုံရတယ်။ အခြေခံဥပဒေ ကိုပြန်လည်ပြင်ဆင်ပေးပါလို့ပါလို့ လေသံခပ်လျောလျောပြောနိင်တဲ့ အနေထားကိုရောက်နေတယ်။၂၀၁၀ ရွေးကောက်ပွဲကို ၀င်မိရင် တော့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ပုလင်းထဲထည့်ပြီး ရေစုံမျှောပေးလိုက်ရသလို ဖြစ်သွားမယ်။ ၂၀၁၀ ကို မ၀င်ဘူးဆိုရင်တော့ ဘေးကတတ်ယောင်ကား နိုင်ငံရေးသုတေသီတွေပြောနေတဲ့ “နိုင်ငံရေးဘေးရောက်မှု” ဆိုတာကို စိုးရိမ်နေပုံရတယ်။ ဒီတော့ ၁၉၉၀ တုန်းက ဦးနုလုပ်သလိုများ လုပ်လာနိင်တယ်လို့လဲ ယူဆနိင်တယ်။ (ဦးနုက သူကိုယ်တိုင် ရွေးကောက်ပွဲမ၀င်တော့ပဲ သူလူများကို ဒီငြိမ်းနာမည်နဲ့ ၀င်စေခဲ့တယ်။ )
ခုလည်း ဒီချုပ်အနေနဲ့မဟုတ်ဘူး။ ဒီချုပ်ထဲကခေါင်းဆောင်တချို့ကို ခွဲထုတ်ပြီးရွေးကောက်ပွဲ ကံစမ်းမဲထိုးသလို ထိုးလာနိင်ခြင်းဖြစ် ပါတယ်။ ဒါကြောင့် ဒီချုပ်အနေနဲ့ကတော့ လက်ရှိအနေထား အတိုင်းရပ်ခံသွားတော့မဲ့ အခြေအနေမှာရှိပါတယ်။ ဒါတွေကတော့ ၉၀ ရွေးကောက်ပွဲကို ဆုတ်ကိုင်ရုံဆုတ်ကိုင် အသက်သွင်းနိင်အောင်မကြိုးစား၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကိုတောင်းဆို အနေထားတက် ပိုမိုတိုးတက်တဲ့ လှုပ်ရှားမှုတွေလုပ်ဆောင်လာမဲ့ အနေထားမရှိတော့ဘူးလို့ ဆိုချင်ပါတယ်။ ဒီအခြေအနေကိုကျရောက် စေတာကတော့…..
• ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးက အထိန်းသိမ်းခံနေရတယ်။
• လက်ရှိအဖွဲ့ ချုပ် အလုပ်အမှုဆောင်တွေက အသက်အရွယ်ကြီးရင့်မှု ၊ သူတို့ နေရာကို လူငယ်ခေါင်းဆောင်တွေနဲ့ အစားမထိုးကြတာ။
• နအဖ က အောက်တန်းကျကျ ဖိနှိပ်ထားတာတွေကြောင့် ဖြစ်ပါတယ်။
အပစ်ရပ်အဖွဲ့များနဲ့  ၂၀၁၀ ရွေးကောက်ပွဲ
အပစ်ခတ်ရပ်စဲရေးလုပ်ထားတဲ့ တိုင်းရင်းသားခေါင်ဆောင်တချို့ရဲ့ ၂၀၁၀ ရွေးကောက်ပွဲအပေါ်ကျင့်သုံးတဲ့ ပေါ်လစီကတော့ ရေလိုက် ငါးလိုက် ပေါ်လစီ ဖြစ်လာလိမ့်မယ်။
• သူတို့ ဟာ ရွေးကောက်ပွဲပေါ်ယုံကြည်မှုမရှိဘူး။
• ရွေးကောက်ပွဲမှာ မဖြစ်မနေပါရမယ်လို့ နအဖ က ဖိအားပေးလာရင် ရွေးကောက်ပွဲကိုတချို့က ၀င်ကြလိမ့်မယ်။ ပါတီနာမည်တွေအ သစ်နဲ့ဝင်တာမျိုးတွေလည်း ရှိလာနိင်တယ်။
• သူတို့ကို လက်နက်လမ်းစဉ်ကို အပြီးတိုင်စွန့်လွှတ်ဖို့ ဖိအားပေးလာနိင်တယ်။
အဖွဲ့ငယ်တွေက လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်သွားလိမ့်မယ်။ အဖွဲ့ကြီးတွေအတွက်တော့ ဘေးကြပ်နံကြပ်စတင်ဖြစ်လာလိမ့်မယ်။ ၂၀၁၀ ရွေးကောက်ပွဲအပြီးမှာတော့ အပစ်ရပ်အဖွဲ့ တွေအတွင်းမှာ ဆက်တိုက်သူ၊ ရာသက်ပန်လက်နက်ချမဲ့သူ၊ အနားယူသွားမဲ့သူတွေ နဲ့ရှုပ်ရှက်ခတ်နေအောင်ရှိမှာပါ။ ပြန်လည်တိုက်ပွဲ ဆင်လာမဲ့အနေထားကတော့ အနည်းတက အနည်းဆုံးပဲဖြစ်လာလိမ့်မယ်။ ၂၀၁၀ ရွေးကောက်ပွဲရလဒ်ပေါ်မှာ တိုင်းရင်းသားလူမျိုးစု ဒေသတွေရဲ့ဖွံ့ဖြိုးရေးကိုရော လုံခြုံရေးကိုပါဘာမှ သိသာတဲ့ပြောင်းလဲတိုးတက်မှု တွေဖြစ်လာမှာမဟုတ်ပါဘူးလို့ ကျနော်ပြောချင်ပါ တယ်။
၂၀၁၀ မျက်နာသစ်များ
၁၉၉၀ ရွေးကောက်ပွဲတုန်းကတော့ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေရှိတယ်။ ၀င်မယ့်ခါင်းဆောင်တွေရှိတယ်။ သူတို့မှာ Transparency and Accountability တွေရှိခဲ့တယ်။ ဆိုလိုတာကတော့ သူတို့ကဘယ်သူတွေလည်း ဘာတွေလုပ်ခဲ့လဲဆိုတာကို လူထုကသိခွင့်မြင်ခွင့် ရှိခဲ့တယ်။ အခု ၂၀၁၀ ရွေးကောက်ပွဲမှာ ဘယ်ပါတီတွေဝင်မှာလဲ၊ သူတို့ကဘယ်သူတွေလဲ၊ သူတို့ပေါ်လစီတွေက ဘာလဲဆိုတာကိုခု ထိလူထုက မသိရသေးဘူးဖြစ်ပါတယ်။ ဒါကလဲ နအဖရဲ့ အကွက်ဖြစ်ပါတယ်။ ပါတီနဲ့ခေါင်းဆောင်တွေကို လူထု ရင်းနှီးမိတ်ဆက်ခွင့်ကို ကြာကြာမပေးလေ ကောင်းလေဆိုတာကို၊ ပူတင်လက်ထက် ရုရှားရွေးကောက်ပွဲများ၊ မဟာသီယာလက်ထက်မလေးရှား ရွေးကောက် ပွဲများ၊ ထိုင်းနိင်ငံ တပ်ဆင်လက်ထက် ကြားဖြတ်ရွေးကောက်ပွဲ သင်ခန်းစာတွေက ရှိထားပါတယ်။
ရွေးကောက်ပွဲတွေဆိုတာကလည်း လူသစ်တွေထွက်ပေါ်လာတတ်တဲ့ အစဉ်အလာကလဲ ရှိထားပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာထူး ခြားတာတခုကတော့ ကိုလိုနီခေတ် နိုင်ငံရေးလှုပ်ရှားမှု တွေမှာပါဝင်ခဲ့တဲ့ နိုင်ငံရေး ခေါင်းဆောင်ကြီးတွေနေရာမှာ လူသစ်တွေအစား ထိုးရွေးချယ်ခံခဲ့ရပါတယ်။ ဒါကတော့မဟာ ၈၈ လှုပ်ရှားမှုကြီးရဲ့အရှိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အရှိန်တို့ကြောင့်ဖြစ်တယ်။ လူထုက ကိုယ်စားလှယ်တွေကို ရွေးချယ်ပေးလိုက်တယ်။ ဒါပေမယ့် ကိုယ်စားလှယ်တွေက လူထုကိုငရဲနဲ့နိဗ္ဗာန်မှာ ဘယ်လမ်းကိုသွားရမယ်ဆို တာကို မရွေးချယ်ပေးနိင်ခဲ့ပါဘူး။ ဒီတော့လူထုက ၂၀၁၀ ရွေးကောက်ပွဲကို ထွက်ပေါက်တခုဖြစ်လာနိင်မလားဆိုတဲ့ မျှော်လင့်ချက်က တော့ ၉၀ တုန်းကလို အားကောင်းကောင်းရှိမှာ မဟုတ်တော့တာသေချာနေပြီ။ ၂၀၁၀ မှာတော့ ရွေးကောက်ပွဲဝင်မဲ့သူတွေဟာ မျက်နာ သစ်တွေဖြစ်လာနိင်ပါတယ်။ သူတို့က ၁၉၉၀ တုန်းကမျက်နာသစ်တွေလို မဟုတ်တော့ပါဘူး။ သူတို့ကတော့ပြည်တွင်းရှိ ပညာတတ် လူငယ်တချို့နဲ့  ကုန်သည်အသိုင်းဝိုင်း တချို့ ဖြစ်တယ်။ သူတို့တွေရွေးကောက်ပွဲကိုဝင်မယ်။ လက်ရှိအခြေအနေပေါ်မှာသူတို့ ရူမြင်ပုံက
• သူတို့ကလက်ရှိမြန်မာပြည်မှာဖြစ်ပေါ်နေတဲ့အခြေအနေတွေဟာ သန်းရွေစစ်အုပ်စုရဲ့ အုပ်ချုပ်ရေးညံဖျင်းမှုကြောင့်လို့မြင်တယ်။
• လက်ရှိနိင်ငံရေးပြဿနာကို အကောင်းဆုံးဖြေရှင်းနိင်တာက အာဏာကိုစစ်တပ်ကကိုင်ထား၊ အုပ်ချုပ်ရေးနဲ့စီးပွားရေးကို ငါတို့ကိုပေး ကိုင်မယ်။
• ဒီမိုကရေစီ တဖြည်းဖြည်းတော့ ဖြစ်လာမယ်ဆိုတဲ့ပေါ်လစီ။
ဒီလူတွေက လူတွေနဲ့တွေ့ရင် သန်းရွေမကောင်းဘူး၊ ဒီချုပ်ကလည်း အရည်အချင်းမရှိဘူးလို့ ပြောလေ့ရှိကြတယ်။ သန်းရွေနဲ့တွေ့ရင် တော့ရနိင်သမျှ အခွင့်အရေးတွေကိုတောင်းယူလေ့ရှိကြသူတွေပါ။ ဒေါ်စုကိုတော့တခါမှ တွေ့ဖို့မကြိုးစား၊ လွှတ်ပေးပါလို့မတောင်းဆို၊ နအဖရဲ့ လူအခွင့်အရေးချိုးဖေါက်မှုနဲ့ လာဘ်စားမှုတွေအပေါ်မှာ တုံနိဘာဝေ၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေ လေသံတောင်မဟဘူး သူတွေပါ။ ၂၀၁၀ ရွေးကောက်ပွဲအပေါ်မှာ ဖင်တကြွကြွအဖြစ်ဆုံးကသူတို့ ဖြစ်နေတာတော့ ဆိုးတာပဲ။
သန်းရွှေခေါင်းမာဂိုဏ်းရဲ့အကြံ
သန်းရွှေခေါင်မာဂိုဏ်းရဲ့ အမြင်က ဒီနေ့ဖြစ်ပေါ်နေတဲ့ အကြပ်အတည်းဟာ တရားဝင်မှု ( Legitimate Crisis ) လို့ယူဆကြတယ်။ စစ်တပ်အနေနဲ့ နိုင်ငံတော်အာဏာကို တရားဝင်ရယူနိင်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ အခြေခံဥပဒေကိုအသက်သွင်းတယ်။ နောက်ဆုံးအဆင့် ကတော့ တရားဝင်ရွေးကောက်ပွဲနဲ့ အာဏာရတဲ့ပုံစံကို ဖန်တီးဖို့လိုလာပါတယ်။ စစ်တပ်ကို ကြိုးကိုင်ခြယ်လှယ်နေတာ သန်းရွှေ ဖြစ်ပါ တယ်။ ဒီနေ့ နအဖပြောနေတဲ့  လမ်းပြမြေပုံ ၇ ဆင့်ဆိုတာတွေဟာ သန်းရွှေရဲ့အကြံတွေသာဖြစ်တယ်။ ဒီနေ့ရွေးကောက်ပွဲနဲ့ပတ်သက် ပြီး သန်းရွှေ လုပ်မှာကတော့…..
၁- သူဟာ တပ်ထဲမှာတပ်ချုပ်ကြီးရာထူးကိုဆက်ယူထားမယ်။
၂- ၂၀၁၀ ရွေးကောက်ပွဲကိုလုပ်ပေးမယ်။ ( သူကိုယ်တိုင်ကတော့  ယူနီဖေါင်းချွတ်ပြီး ရွေးကောက်ပွဲကိုဝင်မှာ မဟုတ်ဘူး။ )
၃- စစ်တပ်က ပါတီတခုကိုဖွဲ့ပေးမယ်။ ဒီပါတီကိုယ်စားလှယ်တွေအဖြစ် လက်ရှိအစိုးရထဲက ၀န်ကြီးတချို့နဲ့ စစ်တပ်ထဲကတချို့ကိုရွေး ကောက်ပွဲဝင်စေမယ်၊ ( ပါတီနာမည်တောင်မှန်းလို့ရသေးရဲ့။ ဖွံ့ဖြိုးရေးတို့၊ တိုင်းရင်းသားညီညွတ်ရေး စတဲ့စာလုံးတွေပါတဲ့ နာမည်မျိုး တွေပါပါလိမ့်မယ်။ )
၎- အရပ်သားတွေထဲ ပါတီမှတ်ပုံတင်ခွင့်ပြုပြီး ရွေးကောက်ပွဲပေးဝင်မယ်။
၅- စစ်ဗိုလ်ထဲကထောင်နဲ့ချီပြီး အထက်အမိန့်နဲ့ ယူနီဖေါင်းချွတ်ခိုင်းပြီး ပုလိပ်ဖက်၊ မ၀တ ဖက်တွေစတဲ့အရေးမပါတဲ့ နေရာတွေကိုအ စားထိုးမယ်။ သူတို့ က ရွေးကောက်ပွဲအတွက် မဲဆွယ်တာတွေ လုပ်ပေးရဦးမယ်။
၆- အပစ်အခပ်ရပ်စဲထားတဲ့ တိုင်းရင်းသားပါတီတွေကို လက်နက်ကိုင် လမ်းစဉ်ကို အပြီးတိုင်စွန့် ခိုင်းမယ်။ လူမျိုးစုတွေထဲက တချို့ ခါင်းဆောင်တွေက ဘာညာကွီကွ နာမည်တွေနဲ့ ရွေးကောက်ပွဲကိုဝင်လာကြလိမ့်မယ်။
၇-ရွေးကောက်ပွဲမှာ စစ်တပ်က ကျောထောက်နောက်ခံပြုတဲ့ပါတီကို အနိင်ရစေမယ်။
၈- ယူနီဖေါင်းချွတ်များ၊ နိင်ငံရေးလူပြက်များတွေနဲ့ ညောင်စေးကျအောင် ရောသမမွေပြီးတဲ့အခါမှာ အတုအယောင်လွှတ်တော်ခေါ် ရုပ် သေးအစိုးရကိုဖွဲ့ စည်းစေမယ်။
၉- ပြီးတဲ့အခါမှာ တော့ သူက ၂၀၀၉ ခုနစ်အခြေခံဥပဒေအရ နိင်ငံတော်သမ္မတဟာ တပ်မတော်အကြီးအကဲ ဖြစ်ရမယ်ဆိုတဲ့မူနဲ့ သူဟာ ရုပ်သေးဆရာကြီးအဖြစ် နဲ့  အစိုးရအဖွဲ့ ရော စစ်တပ်ကိုပါ ကြိုးကိုင်နိင်ဖို့ ကြိုးပမ်းမှုမျှသာတည်း။
၂၀၁၀ နဲ့  ဒီမိုကရေစီမရနိင်
ဆရာကြီး ဦးဝင်းတင်ပြောသလို ၂၀၁၀ လမ်းကိုလိုက်ရင် ငရဲပဲရောက်မယ်ဆိုသလိုပဲ ၂၀၁၀ ရွေးကောက်ပွဲမှာ ကိုယ့်ဖက်က နိုင်ခြေမရှိ ပါ။ ဘာဖြစ်လို့လဲ ဆိုတာကတော့ရှင်းတယ်။ ခေါင်းဆောင်တွေထောင်ထဲမှာ၊ အောက်ခြေကလှုပ်လို့မရဘူးဖြစ်နေတယ်။ ဒီတော့စစ်တပ် က လက်ကိုင်ဒုတ်ပါတီ နိုင်မယ်။ ဒီတော့သူတို့ဟာ တရားဝင်မှုရသွားပြီ။ ငါတို့တော့သွားပါပြီလို့ ယူဆချင်သူတွေရှိတယ်။ ဒါဆိုမှားမယ်။ အဖြေက စစ်တပ်က ခုလည်းနိုင်နေတာပဲမဟုတ်လား။ ခုလည်းနိင်ငံတော်အာဏာ သုံးရပ်စလုံးကို ချုပ်ကိုင်ထားတာပဲမဟုတ်လား။ သူတို့ကနိုင်လိုက်လို့ ဥုံဖွဆိုပြီး အရာခပ်သိမ်း တိုးတက်ပြောင်းလဲမှုတွေဖြစ်မလာပါဘူး။ နိုင်ငံတကာက ထောက်ခံမှုတွေရလာဖို့ကတော့ အတွက်စံနှုန်းတွေရှိပါတယ်။
• ရွေးကောက်ပွဲဟာ တရားမျှတမှုရှိရဲ့ လား
• လူအခွင့်အရေး ချိုးဖေါက်ခံရမှုတွေဘယ်လောက် တိုးတက်လာသလဲ။
• နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပြီလား
• စီးပွားရေးတိုးတက်မှုတွေဘယ်လောက်အထိရှိလာသလဲ
စတဲ့စံနှုန်းတွေကို ပြည့်မီအောင် ၂၀၁၀ မှာဘာမှမပါလာဘူး။ ၂၀၀၈ အခြေခံဥပဒေမှာ ဘာမှပြဋ္ဌာန်းမထားဘူး။ စစ်တပ်ကနိုင်ပြီလို့ နိုင်ငံ တကာကထောက်ခံလိုက်ပြီလို့ ကျနော်လုံးဝမယုံပါဘူး။
ကျနော်တို့ ဘာလုပ်ကြမလဲ
ကျနော်တို့လုပ်ရမှာကတော့ ၂၀၁၀ ရွေးကောက်ပွဲကိုပြတ်ပြတ်သားသား သပိတ်မှောက်ဖို့ဖြစ်ပါတယ်။ စီးပွားရေးမှာတင်မမြင်ရတဲ့ လက် ရှိနေတာမဟုတ်ဘူး။ နိုင်ငံရေးမှာလည်း မမြင်ရတဲ့ လှိုင်းလုံးကြီးရှိနေတတ်ပါတယ်။ မင်းကိုနိုင်နဲ့ ၈၈ ကျောင်းသားတွေ ဓါတ်ဆီဈေးကျဖို့ ချီတက်ဆန္ဒပြကြတော့ သံဃာလှုပ်ရှားမှုကြီးဖြစ်လာမယ်လို့ မတွက်ခဲ့ကြပါဘူး။ သံဃာလှုပ်ရှားမှုကြီးကို နအဖက နှိမ်နင်းလိုက်တော့ နာဂစ် မုန်တိုင်းကြီးဖြစ်လာမယ်လို့ ဘယ်သူကမှ မစဉ်းစားမိခဲ့ကြဘူး။ နအဖကို ပွဲသိမ်းစေတဲ့လှိုင်းလုံးကြီးတွေပါ။ ကျနော်တို့လက်ဦးမှု ကင်းမဲ့ခဲ့တယ်။
ဒီတခါလည်း ဧရာမလှိုင်းလုံးကြီးကလာနေပါပြီ။ လှိုင်းလုံးကြီးကတော့ စီးပွားရေးပျက်ကပ်လှိုင်းလုံးကြီးဖြစ်ပါတယ်။ အမေရိကန်နယူး ယောက်မြို့က စတော့ရှယ်ရှာဈေးကွက် ပျက်ရာကစလိုက်တဲ့ ငွေကြေးအကြပ်ရိုက်မှုကတကမ္ဘာလုံးကို အပြင်းထန်ရိုက်ခတ်လိုက်ပြီ ဖြစ်ပါတယ်။ ဒီလှိုင်းကအမေရိကန်ကိုလည်း မညှာသလို တရုတ်ကိုလည်းအလွတ်မပေးပါဘူး။ အမေရိကန်ဈေးကွက်ကိုရော၊ တရုတ် ဈေးကွက်ကိုလည်း မညှာပါဘူး။ အမေရိကန်ဈေးကွက်ဝယ်လိုအား ကျဆင်းမယ်။ တရုတ်ပြည်မှာစက်ရုံတွေ ထုတ်လုပ်မှုကျဆင်းလာ နိုင်တယ်။ မြန်မာပြည်လို ကုန်ကြမ်းပို့စားနေတဲ့ နိုင်ငံတွေရဲ့ကုန်ကြမ်းတွေ (သစ်၊ဆန်၊ ပဲ၊ ရေနံ၊ သဘာဝဓါတ်ငွေ့) ဒလဟောဈေးကျ ဆင်းလာတာတွေ ဖြစ်လာမှာဖြစ်ပါတယ်။ ရလဒ်ကတော့အာရှမှာ အလုပ်လက်မဲ့ပြသာနာက နိင်ငံရေးမတည်မငြိမ်မှုတွေ အဆက်မ ပြတ်ဖြစ်လာမှာပဲဖြစ်ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲမှာ စစ်တပ်ကနိင်ခြင်းမနိင်ခြင်းကို ကျနော်စိတ်မ၀င်စားပါဘူး။ စိတ်ဝင်စားတာကတော့ မဟာစီးပွားပျက်ကပ် အတွက် နအဖ မှာ ဘာအစီစဉ်မှာ မရှိဘူးဖြစ်နေခြင်းဖြစ်ပါတယ်။ နပိုလီယံပြောခဲ့သလိုပဲ စစ်တပ်က အစာအိမ်နဲ့ချီတက်တာဆိုတာကို ဒီနေ့ဗိုလ်ချုပ်တွေမေ့နေပါတယ်။ နအဖ ၀န်ကြီးချုပ်သိန်းစိန်ကတော့ မြန်မာပြည်မှာအလုပ်အကိုင်တွေ အများကြီးရှိတယ်။ အလုပ်သ မားတွေပြန်လာနိင်တယ်လို့ ဆိုပါတယ်။ အလုပ်တွေပေါတာသေချာတယ်။ ဒါပေမဲ့အလုပ်ထက်ပိုပေါတာကတော့ လုပ်အားခဖြစ်နေခြင်း ဖြစ်ပါတယ်။ တနေကုန်လုပ်လို့ ထမင်းတနပ်ဖိုး မရတဲ့လုပ်ခဖြစ်နေပါတယ်။ ဒီတော့ သိန်းစိန်ပြောသလို့ အလုပ်သမားတွေပြန်လာမှာပါ။ ရိုးရိုးလာမှာတော့မဟုတ်ဘူး။ သူခေါင်းကိုရိုက်ခွဲဖို့ ပေါက်တူးတွေ၊ တူးရွင်းတွေကိုင်ပြီးပြန်လာခဲ့တော့မှာ မဝေးတော့ဘူးလို့ဆိုပါရစေ တော့။
မမြင်ရတဲ့ လှိုင်းကြီးလုံးကြီးက ပစိဖတ်သမုဒ္ဒရာကိုဖြတ်ပြီး မြန်မာပြည်ကိုဦးတည်နေပါပြီ။ ဒီလှိုင်းကြီးကြွလာမယ်။ ဒီလှိုင်းကြီးကိုပစ် မှတ်ကိုထိအောင် ကျနော်တို့ ဦးတည်ပေးရမယ်။ ၂၀၁၀ ရွေးကောက်ပွဲကို လုံးဝမဲမပေးကြနဲ့အိမ်ထဲက အိမ်ပြင်မထွက်ကြဖို့ ကျနော်တို့ လှုံ့ဆော်ရမှာဖြစ်ပါတယ်။ ၂၀၁၀ရွေးကောက်ပွဲဟာ ကျနော်တို့ရဲ့ထွက်ပေါက်မဟုတ်။ ထွက်ပေါက်အမှန်ကတော့ စစ်အာဏာရှင်စနစ် ကိုဖြိုချပြီး ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုဆိုတဲ့ လူထုလှုပ်ရှားမှုအတွက် ကျနော်တို့ အစွမ်းကုန် ကြိုးပမ်းကြရမယ်။
မိုးသီးဇွန်
(ဒီဇင်ဘာ၊ ၂၀၀၈)
လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ကြစို့ E Book မှ
http://www.naytthit.com/articals/Dec09/ko%20Mothee.html
တကွက်မှားလျှင် ၂၀၁၀ မှာမြွေပေါက်ခံသွားရနိုင်တယ်
လက်ရှိ န-အ-ဖ ဧ။် နိုင်ငံတကာပေါ်လစီ အပြောင်းအလဲဖြစ်လာသည်ကို အားလုံးသိပြီးဖြစ်သည်။ အရင်က အာဆီယံ၊ တရုတ်၊ အိန္ဒိယ နှင့် ဂျပန်(လူမှုရေးအကူအညီ) လောက်သာရှိသည်။ အခုတော့ အမေရိကန်အပြင်၊ ဥရောပသမဂနှင့်ပါ ဆက်သွယ်လာပြီဖြစ်သည်။ သူ့ ရဲ့ ကစားကွက်ကို ချဲ့ ထွင်လာ သည်ဟု စကားကြီးစကားကျယ်ပြောလို့ ရသည်။ အခုအမေရိကန်ကို မကျေနပ်ကြောင်းပြချင်ရ်ူ အီးယူကို သံတမာန်ရေးအရ ဆက်သွယ်လိုကြောင်းပြသခြင်းဖြစ်နိုင်သည်။ တဖက်မှာလည်း တရုတ် နှင့် လူမသိသူမသိစကားပြောနေမည်မှာ အမှန်ဖြစ်သည်။အရင်က န-အ-ဖ သည်ချောင်ပိတ်မိသောခွေး နှင့်တူသည် မဲမဲမြင်ရာကို ပြေးကိုက်သည်။ ယခု မဟုတ်တော့။ပညာတတ်လာသည်။ အရမ်းအဆိပ် ပြင်းသည့်မြွေက အစွယ်ကျိုးချင်ယောင်ဆောင်ရ်ူ ခွေနေသည်။ ပြီလျှင် အားအပျော့ဆုံးသူကို ရုတ် တရက်ထပေါက်ရ်ူ ထွက်ပေါက်ရှာသွားမည့် လုပ်ရပ်မျိုးဖြစ်သည်။ မည်သူတွေ အားအပျော့ဆုံး ဖြစ် မည်နည်း။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ရွှေဂုံတိုင်ကြေညာစာတမ်း ထုတ်ပြန်ခဲ့သည်။ ပြည်တွင်းပြည်ပ အတိုက်အခံများတခဲနက်ထောက်ခံကြသည်။ ထို့ နောက် ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ တိုင်းပြည်အတွက်ပူးပေါင်းဆောင်ရွက်လိုကြောင်း စာတစ်စောင်ရေးပို့ ခဲ့သည်။ ရွှေဂုံတိုင် ကြေညာချက်ကို အားဖြည့်လိုက်ခြင်းဖြစ်သည်။ ကောင်းသည်။ ပြသနာက အဖွဲ့ ချုပ်အနေနှင့် ၄င်းတို့  ကိုယ်တိုင်ထုတ်ပြန်ခဲ့သော ကြေညာစာတမ်းကို အားဖြည့်သည့် မည်သည့်လှုပ်ရှားမှုမှ ပေါ်မလာပဲ  ကျောက်ချငုတ်တုပ်ကြီးဖြစ်နေခြင်းဖြစ်သည်။ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ကမှု ဆန်ရှင်ကို အကြောင်းပြပြီး နိုင်ငံရေးအတွင်းကို အကျယ်ချုပ်မှတဆင့်ပြန်လည်ဝင်ရောက်ခဲ့သည်။ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ဗမာပြည်နိုင်ငံရေးအတွင်းမှဖယ်ထုတ်မည့် န-အ-ဖ အကြံပျက်သည့်ကိန်းဖြစ်သည်။ သူမဧ။်ရပ်တည်ချက်က ရှင်းလင်းပြတ်သားသည် တိုင်းပြည်အတွက် အမှန်တကယ်အကျိုးရှိမည်ဆိုလျှင် ဘာဖြစ်ဖြစ်လုပ်လိမ့်မည်။ လိုအပ်ရင်ပါတီဖျက်သိမ်းသင့်က ဖျက်သိမ်းပစ်ရမည်ဟု မိန့် ခွန်းတစ်ခုတွင်ပြောဖူးသည်။ဒီတော့ သူမသည် အားပျော့သည့်အထဲတွင် မပါ သမိုင်းတွင်မြွေပေါက်ခံရကိန်းမရှိ။
နေအိမ်အကျယ်ချုပ်ကျခြင်း၊ အဖွဲ့ ချုပ်ဗဟိုအလုပ်မှုဆောင်အဖွဲ့ နှင့် တိုက်ရိုက်တွေ့ ဆုံဆွေးနွေးခွင့် မရ ခြင်းတို့ ကြောင့် အဖွဲ့ ချုပ်က သီးခြား ၊ ဒေါ်အောင်ဆန်းစုကြည်က သီးခြား ဖြစ်သွားသည်။ သီအိုရီအရ မဖြစ်သည့်တိုင်လက်တွေ့ မှာဖြစ်သည်။ အဖွဲ့ ချုပ်သည် လူတန်းစားအသီးသီးနှင့်ဖွဲ့ စည်းထားခြင်းဖြစ် သည်။ ပညာတတ်၊ ပညာချို့ငဲ့၊ လယ်သမား ၊ ရှေ့ နေ ၊ ဆေးဆရာ ပြီးတော့ သတင်းပေး စုံလင်လှ သည်။ ပရိုပိုဆယ်နိုင်ငံရေးသမားရှိသလို၊ အိတ်စိုက်နိုင်ငံရေးသမားများလည်းရှိသည်။ ဒေါ်အောင်ဆန်း စုကြည် နေအိမ်အကျယ်ချုပ်ကျနေပြီဆိုလျှင် အဖွဲ့ ချုပ်တွင် စီအီးစီနှင့်နီးစပ်သူသည်သြဇာအာဏာရှိသူ ဖြစ်လာသည်။အဖွဲ့ ချုပ်ဧ။်ဖွဲ့ စည်းတည်ဆောက်ပုံက မကျစ်လစ်။ ကျစ်လစ်မလိုလိုဖြစ်လာရင်လည်း န-အ-ဖက တိုက်ခိုက်သည်နှင့် မဖြစ်နိုင်ဖြစ်နေသည်။ တစ်ဖက်ကကြည့်လျှင်လည်း အရေး ကြီးသောကိစ္စရပ်များ(ဥပမာ-ရွှေဂုံတိုင်ကြေညာချက်) တွင် အဖွဲ့ ချုပ်ခေါင်းဆောင်များ သေချာစဉ်းစား ဆောက်ရွက်သည်။ နိုင်ငံတကာနှင့်အခြားအင်အားစုများဧ။်ဆန္ဒကိုထည့်တွက်သည်ကိုတွေ့ ရသည်။ သို့ သော်တိကျသော အက်ရှင်ပလန် မရှိခြင်း။ညီညွှတ်သော နောက်ပါအင်အားစုမဖန်တီးနိုင်ခြင်းတို့  ကြောင့် အဖျားရှူးသွားတတ်သည်။ န-အ-ဖဆီက တစ်ခုခုမြှော်ကိုးရင်းအလံနီသစ္စာဖောက်သခင်တင်မြ  တို့ လိုဖြစ်သွားနိုင်သူတွေ အဖွဲ့ ချုပ်အတွင်းမှာရှိနေသည်။ ရွေးကောက်ပွဲဝင်မည်ဆိုသည်နှင့် အဖွဲ့ ချုပ် မှနုတ်ထွက်ပြီး ရွေးကောက်ပွဲကိုဆန့် ကျင်မည့်သူများလည်း ဒုနှင့်ဒေး ရှိသည်ဒါကြောင့်အားနည်းသူမှာ   အဖွဲ့ ချုပ်ဖြစ်သွားနိုင် သည်။သတိကြီးကြီးမထားလျှင်သမိုင်းမှာမြွေပေါက်ခံရနိုင်သည်။
ရွေးကောက်ပွဲဝင်သည့်သူသည်သမိုင်းတရားခံဖြစ်မည်ဟုအတိအလင်းပြောချင်သည်။ တတိယအင် အားစုဟုအမည်တွင်သူများ ၊ န-အ-ဖ ဧ။်အခပေးရှေ့ နေမောင်စူးစမ်း စသည်တို့ က စပေ့စ်အကြောင်း ကိုတွင်တွင်ကျယ်ကျယ်ပြောနေကြသည်။ သနားစရာကောင်းတာက ၂၀၁၀သာနီးလာသည် သူတို့ ပြောသည့်စပေ့စ်ဘယ်နားမှန်းမသိ။ ဦသုဝေကတော့ပါတီစည်းရုံးရေးလုပ်ငန်းကို တရားမ၀င်လုပ်နေရ သည်ဟုဆိုသည်။ ဦးသုဝေနှင့်အေးလွင်တို့  ရပ်တည်ချက်ခြင်းဒီနေရာမှာကွဲသည်။ အေးလွင်က န-အ-ဖ ဘက်တော်သား။ ဥိးသုဝေက စပေ့စ်ကိုယုံကြည်သူ။ မည်သို့ ပင်ဖြစ်စေ စပေ့စ်သမားတွေတောင်  တရားဝင်လုပ်မရဖြစ်နေသည်။ အေးလွင်တို့ လုပ်သည်ကိုတော့ မသိချင်ယောင်ဆောင်နေသည်။န-အ-ဖ ဧ။် အတိုက်အခံ အတွင်း ပြည်သူလူထုအတွင်သွေးခွဲသပ်လျိုသည့် လုပ်ငန်းအောင်မြင်သည် ဟုပြောရမည်။ တတိယ အင်အားစုများကတော့ ယခုကတည်းက အဆိပ်သင့်နေပြီဖြစ်သည်။ သို့ သော်ဒီလောက်ကြီးမစိုးရိမ်ရ ဗမာပြည်နိုင်ငရေးသဘာဝကိုက ဆင်သွားမှလမ်းဖြစ်သည်။ ဘယ်သူဘာနေနေ ဒေါ်အောင်ဆန်းစု ကြည်နှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မလုပ်ချင်လျှင်ဘာမှဖြစ်မည်မဟုတ်။ ပုဇဉ်းရင်ကွဲတွေလိုသာဖြစ် နေမည်။ မောင်စူးစမ်းနှင့်သခင်တင်မြအကြောင်းကိုတော့ ကွန်မြူနစ်ပါတီက ကောင်တာပြန်ပစ်သည်။ အားရသည်။ လူငယ်များအတွက် တကယ်အကျိုးရှိသည်။ သမိုင်းကြောင်းကိုပြန်လှန်ပြသည့်အတွက် သင်ခဏ်းစာများ ရသည်။ သို့ သော်ကွန်မြူနစ်ပါတီအနေနှင့်ဒီထက်ပိုမိုပြီး ပြည်တွင်းအတိုက်အခံအင် အားစုများနှင့်ပူးပေါင်းဆောင်ရွက်သင့်သည်။ လူထုလှုပ်ရှားမှုများဖြစ်ပေါ်လာအောင်အကြံညဏ် ကောင်းများပေးနိုင်မည်ဟုယူဆသည်။ မ-ဆ-လ တိုက်ခဲ့သည့်ဝါဒမှိုင်းကိုဖြေရှင်းပေးနေသည့်အဆင့် ထက် ပိုပြီးဆောင်ရွက်စေလိုသည်။
ဗမာပြည်နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသန်းရွှေအပြင်တကယ်အရေးပါသည့် အင်အားစု တရပ်ရှိနေသေးသည်။ မျိုးဆက်သစ်လူငယ်များဖြစ်သည်။ထောင်ထဲဘယ်သူမှမ၀င်ချင်ကြပေ။ ဒီတော့တခြားနည်းလမ်းကိုရွေးရမည်။ အရင်းနည်းနိုင်သမျှနည်းနည်းနှင့် အမြတ်များနိုင်သမျှများများ ရအောင်လုပ်ရမည်။ ဥိးဝင်းတင်ပြောသည့်နိုင်ငံရေးပုံစံသစ်ကို ဂရုပြုရမည်။ တူတာတွေကိုအတူတူလုပ် ပြီးမတူတာတွေကိုခွဲလုပ်ရမည်။ သေချာတာက နိုင်ငံရေးစကားလုံးတွေပြောနေမှ နိုင်ငံရေးမဟုတ်။ သူငယ်ချင်းအချင်းချင်းကြား မိသားစုကြားမှာ သြဇာသက်ေ၇ာက်နေအောင်လုပ်ခြင်း၊ ပတ်ဝန်းကျင်ရပ် ကွက်အတွင်း ငယ်ပေမယ့် အကြည်ညိုခံရအောင်နေထိုင်နိုင်ခြင်းတို့ လဲ နိုင်ငံရေးဖြစ်သည်ဆိုတာကို သိ၇မည်။ အချင်းချင်းစည်းရုံးရမည် ။ တွေ့ ဆုံဆွေးနွေးရေးလုပ်မလိုလိုအသံကြားသည်နှင့် ရေစုံမျှော လိုက်သည့်အကျင့်ကိုမဖျောက်လျှင် မြွေပေါက်ခံရကိန်းရှိသည်။ ဒီတော့ကိုယ့်အလုပ်ကိုယ်လုပ်ရမည်။ စည်းရုံးရေးနှင့် လူငယ်အချင်းချင်းပညာပေးရေးဖြစ်သည်။ သိုသိုသိပ်သိပ်နှင့် အရံသင့်စည်းလုံးညီ ညွှတ်သော အင်အားတရပ်ကိုထူထောင်ထားရမည်။ ဦးသန်းရွှေအခြေအနေမဟန်သည်နှင့် လုပ်သင့် လုပ်ထိုက်သည်များကိုသွက်သွက်လက်လက်ထက်ထက်မြက်မြက်လုပ်ရမည်။ ဒါကြောင့်လူငယ်တိုင်း နိင်ငံရေးအခြေအနေနှင့် အကြမ်းမဖက်နည်းနာများကိုလေ့လာထားရမည်။ နိုင်ငံတကာကိုလဲ အာရုံထားရမည်။ အန်အယ်လ်ဒီလူငယ်များပိုအရေးကြီးပါသည်။ ရာထူးကြိးသလို တာဝန်လဲကြီးသည် ကိုသတိရပါ။ လူငယ်အချင်းချင်း(အာဏာရှင်စနစ်ဖယ်ရှားရေး)အတွက်ညီညွတ်ရေးကျယ်ပြန့်ခိုင်မာအောင် လုပ်ထားသင့်ပါသည်။
တဆင့်တက်လျှင် လူကြီးလူငယ်ညီညွတ်ရေး ရာနှုန်းပြည့်မရတောင် ၇၀ ရာနှုန်းရအောင် တည်ဆောက်ရပါမည်။ ညီညွတ်သော အင်အားစုတခုကသာ ရုတ်တရက်ပေါ်လာမည့် နိုင်ငံရေးဟာကွက်ကို ဖြည့်နိုင်မည် ထင်ပါသည်။ထိုအင်အားစုသည် လူငယ်တို့ဧ။် ညီညွှတ်မှု စည်းရုံးမှု တို့ အပေါ်အခြေခံမည်ဖြစ်သည်။
ရန်ငြိမ်းအောင်(လူငယ်)
တစ်ခါက
တောင်ဥက္ကလာ ကားလမ်းမ တစ်ခုမှာ ရှိတဲ့ လူငယ်တော်တော်များများ ထိုင်သော နေရာတစ်နေရာကို ဦးထုပ်ခပ်ငိုက်ငိုက် ဆောင်းထားပြီး ဂျင်းအကျီင်္ဝတ် လူနှစ်ယောက် ဝင်လာတယ်.။ သူတို့ မျက်နှာတွေကို သေချာစွာ မမြင်ရ.။ ဒါကြောင့် ဘယ်သူတွေမှန်းလည်း မသိ.။ ဘယ်သူမှလည်း သူတို့ကို အလေးထား စိတ်ဝင်စား မနေကြပါ.။
သူတို့ ဝင်လာတဲ့ အချိန်က နေ့လည် ၁ နာရီခွဲဆိုတော့ နေ့လည် ဆိုတာ သာမာန် ထမင်းစားပြီးသူတွေ ထိုင်တတ်တဲ့ အချိန်မဟုတ်.။ ဒီအချိန်မှာ လူငယ်တွေကသာ သူတို့ကြိုက်ရာ သီချင်းလေးတွေကို နားထောင်ဖို့ ထိုင်တတ်ကြတာ.။ ဒီဆိုင်ကလည်း သူ့အနားပတ်ဝန်းကျင်မှာတော့ နံပါတ်တစ် ၊ ထိပ်တန်းဆိုင် ။ ဒီလူနှစ်ယောက် ဆိုင်ထဲမှာ ထိုင်နေတဲ့ အချိန်မှာ ဒီဆိုင်မှာ ဖွင့်ထားတာက အဲဒီအချိန်မှာ နာမည်ကြီး လူငယ် အကြိုက်ဆုံး သီချင်းခွေ ၊ လူငယ်အားလုံးကလည်း ဒီသီချင်းလေးကို နားထောင်နေတဲ့ အချိန် ။
ဒီလိုနဲ့ တစ်နာရီလောက်ကြာတော့ ဦးထုပ်ခပ်ငိုက်ငိုက် ဆောင်းထားတဲ့ လူနှစ်ယောက်ထဲက အသက်ငယ်ငယ်နဲ့ လူတစ်ယောက်က ကောင်တာကို ထသွားပြီး သူ့လက်ထဲက သီချင်းခွေလေး တစ်ခွေကို ကောင်တာမှာ ထိုင်နေတဲ့ ဆိုင်ရှင်ကို ပေးတယ်.။
“ အကို ကျွန်တော့်ကို ဒီအခွေလေး ဖွင့်ပေးပါလား.။ ”
ဒီတော့ ဆိုင်ရှင် အကိုကြီးက. . .
“ ဟ . . မင်းအခွေက ဘာခွေလဲကွ. .။ ”
“ ဟို. .သီချင်းခွေပါ. ။ ကျွန်တော်ကိုယ်တိုင် ဆိုထားတာ. . ။ အဲဒါ ဘယ်လိုနေလဲ လို့ စမ်းဖွင့်ကြည့်စေချင်လို့ပါ.။ ”
ဒီတော့ ဆိုင်ရှင် အကိုကြီးက  . .
“ အင်းလေ . . ခဏတော့ရမယ်.။ ဒါပေမဲ့ ငါတို့ကလည်း Customer တွေနဲ့ လုပ်ရတာ ဆိုတော့ သူတို့ ကြိုက်တာ ၊ အခု ခေတ်ပေါ်နေတာတွေကို ဖွင့်ပေးရတယ်.။ မင်းသီချင်းခွေကို ဖွင့်လို့ သူတို့ မကြိုက်ဘူး ပိတ်ပေးပါ ဆိုရင်တော့ ငါ့ကို အပြစ်တော့ မပြောနဲ့ကွာ.နော်..။ နားလည်ပေး .။ ဟုတ်ပြီလား.။ ”
ဒီတော့ သီချင်းခွေဖွင့််ခိုင်းတဲ့ အဆိုတော် ပေါက်စလေးက မျက်နှာငယ်လေးနဲ့. .
“ ဟုတ်ကဲ့. . အကို.။ ကျွန်တော် နားလည်ပါတယ်.။ ”
“ ဒါနဲ့ မင်းအခွေက ထွက်ပြီလား.။ ”
“ မထွက်သေးဘူး အကို.။ ဒီလကုန်ထွက်မယ်.။ ”
“ သြော်..အေးအေး..။ ဒီသီချင်းပြီးရင် ဖွင့်ပေးမယ်.။ ”
ဒါနဲ့ ခဏနေတော့ လက်ရှိဖွင့်နေတဲ့ သီချင်းလည်း ပြီးရော ၊ ဆိုင်ရှင် အကိုကြီးက အဆိုတော်သစ်လေး ပေးလိုက်တဲ့ အခွေလေးကို ဖွင့်လိုက်တယ် ဆိုရင် ဆိုင်ထဲက လူငယ်တွေ ငြိမ်ကျသွားတယ်.။ အကောင်းငြိမ်တာတော့ မဟုတ်ပါ. ။ သူတို့ မျှော်လင့်ထားတာက ဒီသီချင်းပြီးရင် နောက် ဘာသီချင်းပေါ့ .။ အခုတော့ သူတို့ မသိတဲ့ သီချင်းသံထွက်လာတယ်.။ ဒါကြောင့် နားစွင့်ရင်း ငြိမ်သွားတာ…။
ဒီမှာ သူတို့ မကြားဖူးတဲ့ အဆိုတော် တစ်ယောက်ရဲ့ ပေါက်ကွဲအော်ဟစ် တေးဆိုသံကို ကြားလိုက်ရတယ်.။ ဒီတော့ ငြိမ်နေတဲ့ လူငယ်တွေ ဘာမှ မပြောပဲ တစ်ပုဒ်တော့ နားထောင်နေတယ်.။ ပြီးတော့ နောက်ထပ် တစ်ပုဒ်လည်း ရောက်ရော. . ဆိုင်ထဲက လူငယ်တွေက
“ ဟာ..ဘာသံကြီးလဲဗျာ.။ ဘာသံနဲ့ အော်ဟစ်နေတာလဲ..။ ကို—-ရေ ဘာတွေဖွင့်နေတာလဲဗျာ..။ ဘယ်က သီချင်းကြီးလဲ.။ ခုနခွေပဲ ပြန်ပြောင်းလိုက်ပါ.။ ”
ဒီတော့ ဆိုင်ရှင်က
“  ဟိုက ညီလေး ဖွင့်ခိုင်းတာပါကွာ.။ သူဆိုထားတဲ့ သီချင်းလို့ ပြောတယ်.။ ခဏလေးပါ.။ ၃ ၊ ၄ ပုဒ်လောက်ပါပဲ..။ ခဏတော့ နားထောင်ကြည့်ပါကွာ..။ ”
ဒီလိုနဲ့ ၃ ၊ ၄ ပုဒ် ပြီးသွားတော့လည်း အဆိုတော်အသစ်ရဲ့ အသံကို ကြားဖူးနေတာ မဟုတ်တဲ့ အတွက် သူတို့ နားမယဉ်ပဲ ကန့်ကွက်ကြပြန်တာပါပဲ..။
“ ကို—-ရေ.။ ပိတ်ပါတော့ဗျာ.။ အကို ပိတ်မလား ၊ ကျွန်တော်တို့ ပြန်ရမလား..ဟားဟားဟား..။ ”
ဒီလိုနဲ့ ဆိုင်ထဲမှာ အမြဲလာ စားသောက်ကြပြီး ဆိုင်ရှင်နဲ့ ရင်းနှီးနေတဲ့ လူငယ်တွေက ဒီလို ပြောတော့ ဆိုင်ရှင် အကိုကြီးလည်း ခွေကို ထုတ်ဖို့ပဲ ဖြစ်နေတော့တယ်.။
အဆိုတော် လူငယ်လေးကို ကြည့်လိုက်တော့ မျက်နှာ မပေါ်အောင် ငိုက်ဆောင်းထားတဲ့ ဦးထုပ်အောက်က ခေါင်းက အောက်ကို စိုက်ကြနေတယ်.။ ဒါ အရက်မူးနေလို့ မဟုတ်ပါ.။ စိတ်ဓါတ်ကျသွားမိခြင်းပါပဲ.။
အဆိုတော် လူငယ်လေးနဲ့ အတူတူ ပါလာတဲ့ နောက်ထပ် တစ်ယောက်ကတော့ ဘာမှ တုန်လှုပ်ပုံမပြ ၊ သူ့မျက်နှာကိုလည်း မမြင်ရ.။ အဆိုတော်လေးကိုလည်း အားပေးစကားမပြော ၊ အဆိုတော်လေးကတော့ လက်တွေတောင်မှ တဆက်ဆက်တုန်နေပြီ…။ ဒီအချိန်မှာပဲ ဆိုင်ထဲက လူငယ်တွေက . .
“ ကို— ပြောင်းလိုက်တော့လေဗျာ.။ အခု သီချင်းက ဘာတွေမှန်းလည်း မသိဘူး.။ ”
တကယ်တော့ အဆိုတော် အသစ်ဆိုတဲ့ အတိုင်း သူ့အသံ ၊ သူ့ဆိုပေါက်ကို မရင်းနှီးသေးလို့ပါ.။ ဒါကြောင့်လူငယ်တွေ လက်မခံနိုင် ဖြစ်နေကြရတာ.။ ဒါနဲ့ပဲ နောက်ဆုံးမှာ လူငယ်တွေရဲ့ တောင်းဆိုမှုကြောင့် ဆိုင်ရှင် အကိုကြီးလည်း ဘာမှ မတတ်နိုင်ပဲ စိတ်မကောင်းစွာ အဆိုတော်သစ်လေးရဲ့ အခွေကို ထုတ်ဖို့ လက်အပြင်လိုက်မှာ…
“ မထုတ်ပါနဲ့..ဖွင့်ထားပါဦး.။ ဒီသီချင်းလေးက ကောင်းပါတယ်.။ နင်တို့ကလည်းဟာ ခဏတော့ စောင့်ပါဦး.။ နင်တို့ နားမယဉ်သေးလို့ မကောင်းတာပါ.။ အသစ်ဆိုတော့လည်း ဒီလိုပဲပေါ့.။ နင်တို့က အသစ်ဆို လက်မခံချင်တာ.။ ”
ဒီလို အသံလေးတစ်ခုကို ကြားလိုက်ရတော့ ခေါင်းငိုက်စိုက်ကျနေတဲ့ အဆိုတော်သစ်လေး ခေါင်းဆက်ခနဲ့ မတ်လာပြီး အသံရှင်ကို ကြည့်လိုက်တော့ ကောင်မလေး တစ်ယောက်.။ သူနဲ့ အတူတူ သူ့အဖေလို့ထင်ရတဲ့ လူတစ်ယောက်နဲ့ လက်ဖက်ရည်ဆိုင် လာထိုင်တာ လို့ ထင်တယ်.။ ဆိုင်ထဲမှာ ရှိတဲ့ လူငယ်တွေနဲ့ကလည်း တစ်ရပ်ကွက်သားချင်းဆိုတော့ သူငယ်ချင်း ဖြစ်ဟန်တူတယ်.။ ဒါကြောင့်လည်း ကောင်မလေးက ဒီလို ပြောရဲတာ ဖြစ်မည်.။
ပြီးတော့ ကောင်မလေး ဆက်ပြေတယ်. . .
“   ပြီးတော့ နင်တို့ စဉ်းစားကြည့်လေ.။ နင်တို့သာ ဒီလို အဆိုတော် ဖြစ်ပြီး နင်တို့ ဆိုထားတာကို ဒီလို အပြောခံရပြီး အဝေဖန်ခံရရင် ဘယ်လို ခံစားရမလဲ..။ ဝေဖန်တယ် ဆိုပြီး မကောင်းတာ ပြောမှာထက် ဘယ်လို လုပ်ရင် ကောင်းမယ် ဆိုတာကိုပဲ ကြည့်ပြီး အကောင်းဘက်ကိုပဲ ပြောတတ်ရတယ်.။  ”
သူမ ဒီလို ပြောလိုက်တော့ ဆိုင်ထဲက လူငယ်တွေကလည်း ဘာမှမပြောတော့ အဆိုတော် လူငယ်ဘက် လှည့်ကြည့်ပြီး ငြိမ်သွားတယ်.။ သူတို့လည်း အားနာသွားတဲ့ ပုံစံတွေ ပြလာကြတယ်.။ ဒါနဲ့ပဲ အဆိုတော်သစ်လေးရဲ့ အခွေကို တစ်ဖက်လုံးလုံးပြီးအောင် ဖွင့်ခဲ့တယ်.။ တစ်ဖက်ပြီးတဲ့ အချိန်မှာတော့ အဖော်ပါလာတဲ့ လူက ဘာပြောလိုက်တယ် မသိဘူး.။ အဆိုတော်သစ်လေးက ဆိုင်ကောင်တာကို ထသွားပြီး ဆိုင်ရှင်လူကြီးကို. .
“ ကျေးဇူးတင်ပါတယ်.အကို.။ ကျွန်တော်တို့ ပြန်လိုက်ပါဦးမယ်.။ ဖွင့်ပေးတဲ့ အတွက် အ၇မ်းကို ကျေးဇူးတင်ပါတယ်.။ ”
ဒိလိုပြောပြီး သူခွေလေးကို ပြန်ယူလာတယ်.။ နောက်တော့ သူစားပွဲမှာ ထိုင်ပြီး ဆော့ပင်လေးထုတ်ပြီး အခွေကာဗာမှာ တစ်ခုခုရေးနေတယ်.။ ပြီးတော့ သူတို့ စားထားသမျှ ရှင်းပြီး အထမှာတော့ အဆိုတော်သစ်လေးက ခုက သူ့အခွေကို ဆက်ဖွင့်ဖို့ ပြောခဲ့တဲ့ ကောင်မလေးဆီကို တန်းသွားပြီး .. .
“ ကျေးဇူးတင်လိုက်တာ ညီမလေးရာ.။ သူများတွေ အကို့ သီချင်းကို လက်မခံဘူးလို့ ပြောနေချိန်မှာ အကိုလည်း တကယ်ကို စိတ်ဓါတ်ကျသွားတယ်.။ ဒီအချိန်မှာ ညီမလေး ပြောလိုက်တဲ့ စကားကြောင့် အကို ဘယ်လောက် စိတ်ဓါတ်တတ်သွားလဲ .ညီမ သိမှာ မဟုတ်ဘူး.။ ဒါပေမဲ့. . ဘာပဲ ပြောပြော ညီမလေးကို ကျေးဇူးတင်ပါတယ်။
ရော့…ဒါကတော့ အကို့ဆိုထားတဲ့ အခွေ ၊ ညီမကို လက်ဆောင်ပေးတာ ၊ ဒီလကုန်ထွက်မယ် ညီမ.။ ညီမပြောခဲ့စကားတွေ အကို ဘယ်တော့မှ မေ့မှာ မဟုတ်တော့ဘူး.။ အကို အမြဲကြားယောင်နေမှာပါ..။ ”
ကောင်မလေးကလည်း အဆိုတော်အသစ် ပေးတဲ့ အခွေကို လှမ်းယူပြီး အဆိုတော်သစ်ကို ပြုံးပြလိုက်ရင်း.
“ အကိုက ဘာနာမည်နဲ့ ဆိုတာလဲ.။ ”
ဒီတော့ အဆိုတော်သစ်က . .
“ အကိုခွေမှာ ပါတယ်လေ ညီမ.။ ဟိုဟာက အကို့ကို အဆိုပါ သင်ပေးတဲ့ ဆရာပဲ.။ ”
အဆိုတော်သစ် ညွှန်ပြရာကို ကောင်မလေး ကြည့်လိုက်တော့ ရပ်စောင့်နေတဲ့ ဦးထုပ်ငိုက်ငိုက်ဆောင်းထားတဲ့ လူက ခဏမော့ပြီး ပြုံးပြတယ်.။ ကောင်မလေး ထိုလူ့ကို မြင်တော့ အံ့သြသွားပြီ…
“ ဟင်. . ကို—–”
“ ဟုတ်တယ် ညီမလေး ၊ အကိုသွားပြီနော်..။ ဦးကိုလည်း နှုတ်ဆက်ပါတယ်.။ ကျွန်တော်သွားတော့မယ်.။ ”
အဆိုတော်သစ်လေးက ကောင်မလေး အဖေကိုပါ နှုတ်တဆက်ပြီး ထွက်သွားလေတော့သည်.။
ဒီအဖြစ်အပျက်လေးက တကယ်ကို အပြင်မှာ ဖြစ်ခဲ့တာပါ.။ ကျွန်တော် ဘာလို့ သိနေရတာလဲ ဆိုတာ့ အဆိုတော်သစ်ကို ပြောခဲ့တယ် ဆိုတဲ့ ကောင်မလေးက ကျွန်တော်နဲ့ အတန်းအတူတူ သူငယ်ချင်း ဖြစ်ပြီး သူပြန်ပြောပြခဲ့တာပါ.။
နောက် အဆိုတော်သစ် အမှတ်တရ ပေးသွားတဲ့ အခွေလေးကိုလည်း ပြပါတယ်။ ဟုတ်ပါတယ် ။ ဒီအခွေမှာ အဆိုတော်ရဲ့ လက်မှတ်လေးပါတယ်.။ အမှတ်တရ လို့ လည်း ရေးထားတယ်.။ ဒီအခွေကို ကြည့်လိုက်တော့ အဆိုတော်က “ မျိုးကြီး ” ဖြစ်ပြီး အခွေကတော့ “ ကျောက်စာများ ” အခွေပဲ ဖြစ်ပါတယ်။
အဲဒီအချိန်က အဆိုတော် အသစ်လေး ဖြစ်တဲ့ “ မျိုးကြီး ” နဲ့ အတူတူပါလာတာကတော့ “ ကိုလေးဖြူ ” ပါပဲ.။ ဒါပေမဲ့ ဦးထုပ်ငိုက်ငိုက်ဆောင်းထားပြီး မထင်တဲ့ အချိန် ၊ မထင်တဲ့နေရာကို လာတာ ဆိုတော့ ဘယ်သူမှ သတိမထားမိလိုက်တာပါ.။
ဘယ်သူမဆိုတော့ ဘဝမှာ မအောင်မြင်ခင် အချိန်မှာ အဝေဖန်ခံရ နိုင်ပါတယ်.။ အောင်မြင်နေတဲ့ အချိန်မှာလည်း အဝေဖန်ခံရ နိုင်ပါတယ်.။ ဒါပေမဲ့ လူတွေ အားလုံးကတော့ မဝေဖန်ကြပါဘူး.။ အကောင်းမြင်သူ ၊ အပြုသဘောနဲ့ ပြောသူများ ရှိနေပါသေးတယ်.။ ဒီလိုလူတွေ ရှိနေတာနဲ့တင် ကျွန်တော်တို့ ဘဝမှာ အသက်ဆက်ရှင်သန်နိုင်ပါတယ်.။
(ForWard Mail
တစ်ခုကရတာပါ……..)
မေတ္တာဖျန်း၍…လန်းကြပါစေ…..
ဥက္ကာကိုကို(သံတွဲ)
ကောင်မလေးသေဆုံးရမှုအပေါ်
ရန်ကုန်မြို့ မှာ လတ်တလောလေးကမှ အလွန်ရေပန်းစားသွားသောသတင်းတခုအကြောင်းရှင်းပြချင်လို့ ပါ။ SSCမှာမှားခွဲမိလို့ သေသွားတယ်ဆိုတဲ့ ကောင်မလေးဖြစ်ရပ်ပါ။ ကောင်မလေးသေဆုံးရမှုအပေါ် တကယ်ကိုပဲစိတ်မကောင်းဖြစ်ရပါတယ် ။တကယ်ကို တော်တဲ့ ကလေးတယောက်မို့ လို့ ပါ။ ဒါပေမဲ့ ခွဲတဲ့ ဆရာကြီး အပြစ်လို့ ဝိုင်းပြောနေကြတဲ့ ဂျာနယ်လစ်တွေကို တော့ တကယ်ကိုစိတ်တိုမိပါတယ်။ ဆရာကြီးဦးကြည်စိုး ဆိုတာမြန်မာနိုင်ငံမှာ နှစ်ယောက်မရှိနိုင်တဲ့ surgeon တယောက်ပါ။ ဆေး (၁)၊ ဆေး (၂) ၊ ဆေး မကွေး ၊ဆေးမန်း စတဲ့ ဆေးကျောင်းလေးကျောင်းလုံးမှာ head and professor ရာထူးနဲ့ ဆောင်ရွက်ခဲ့ ပြီး အခု retire ယူထားတဲ့ surgeon ဘိုးအေကြီးတယောက်ပါ။ အခုဖြစ်ရပ်မှာလည်း တကယ်တန်းတာဝန်ရှိတာ ကောင်မလေးကို စဖျားကတည်းက ကုတယ်ဆိုတဲ့  GPဆရာဝန်ပါ။ သူဟာ ဆရာဝန်တယောက် ဖြစ်ပါရဲ့ နဲ့  သူ့ ဆီလာပြတဲ့ လူနာ သွေးလွန်တုပ်ကွေး ဆိုတာ diagnose မလုပ်နိုင်တာ သူ့ ညံ့ ဖျင်းမှုပါ။ ကောင်မလေးက လေးရက်တောင်ဖျားပြီးမှ ဆရာ ဦးကြည်စိုး ဆီရောက်တာပါ။ လူနာက ဆရာကြီးဆီ ရောက်တဲ့ အချိန်မှာ dengue shock ၀င်နေပါပြီ။ ပြီးတော့ကောင်မလေးမှာပြနေတဲ့ sign တွေ က appendicitis case နဲ့  တထပ်တည်းကိုတူနေတာပါ။ ဗိုက်ကြီးပူတာ၊ ချက်ပတ်ဝန်းကျင်မှာ နာတာ ၊သွေးကြောတွေဝမ်းဗိုက်မှာ မြင်နေရတာ အူအတက်ပေါက်တယ်ဆိုတဲ့ (appendicitis) ရဲ့ sign တွေပါပဲ။ အူအတက်ပေါက်တယ်ဆိုတာ ချက်ချင်းခွဲ မှဖြစ်မှာပါ။ အဲဒါကို လူပိန်းတောင်သိပါတယ်။ မှားတတ်ပါတယ် ၊ဆရာကြီးနေရာမှာ တခြားနာမည်ကြီးဆရာဝန်တယောက် ဆိုလည်း မှားမှာပါပဲ။ ဒီတော့နည်းနည်းမှစစ်ဆေးမှုမလုပ်ဘူးလား ဆိုပြီးမေးဖွယ်ရာရှိပါတယ်။ အူအတက်ပေါက်တာအမှန်ဆိုရင် ချက်ချင်းခွဲ မှဖြစ်မယ့် အတွက် စစ်ချိန်မရတာဆိုရင် ပိုမှန်ပါမယ် ။ လူနာက ဆရာကြီးဆီ ရောက်လာတဲ့ အချိန်မှာ သေကိုသေတော့မယ့် အခြေအနေပါ။ စစ်ပြီး dengueမှန်းသိလို့ မခွဲရင် လည်း မခွဲလို့ သေတယ်ဆိုပြီး ဖြစ်လာဦးမှာပါ။ အဲဒီတော့ ဘယ်သူ့ အမှားလည်း ဆိုတာသာတွေးကြည့် ပါတော့ ။ ပြီးတော့နောက်တခုက ဆရာကြီးက လူနာကို တခါပဲ လာကြည့် ပြီး ၊လက်လွတ်စပါယ်ထားတယ်ဆိုတဲ့ အကြောင်းပါ။ ဆရာကြီးဟာ ဒီလူနာရောက်မလာခင် တပတ်လောက်အလိုကတည်းက တရုတ်ကိုသွားဖို့  well planned လုပ်ထားပြီးသားပါ။ လူနာရှင်တွေက ဆရာဦးကြည်စိုးနဲ့ မှ ကုချင်တယ် ဆိုပြီး by name နဲ့ ရောက်လာတာပါ။ သူ တို့ ပြထားတဲ့  GP ဆ၇ာဝန်က appendicitis case ဖြစ်လို့ ဆရာကြီးနဲ့ သွားပြပါဆိုပြီးလွှတ်လိုက်လို့  ဆရာကြီးက ခရီးမထွက်ခင်လေး operation လုပ်ပေးခဲ့ တာပါ။ ပြီးတော့လူနာဆုံးပါးသွားတဲ့ အချိန်မှာလည်းဆရာကြီးက တရုတ်မှာပါ။ သူ့ ကနဂိုတည်းက အစီအစဉ်ရှိပြီးသား ခရီးစဉ်ကိုသွားတာပါ။ ဒီမှာဘယ်လိုအခြေအနေရှိလဲဆိုတာ သူ ကဒီလူနာကိုမကြည့် ပေးနိုင်ခဲ့ တာလဲ ဒါကြောင့်ပါ။ ဆိုချင်တာက ဆရာကြီးကခွဲလိုက်လို့  သေရတာမဟုတ်ပါဘူး။ သေမည့် လူနာကို ဆရာကြီးကခွဲမိသွားတာပါ။ ပြီးတော့ ဆေးရုံစရိတ် ၁၁ သိန်းဆိုတာကလည်း ၁၁သိန်းနဲ့ တန်အောင်လုပ်ပေးတဲ့ ဆေးရုံကိုသွားလို့ ၁၁သိန်းကုန်တာပါ ။ ၁၁သိန်းကုန်အောင် ၀န်ဆောင်မှုပေးခဲ့ လို့  တန်သလောက်ပေးရတာပါ။ အဲဒါကို weekly eleven ဂျာနယ်မှာ ရေးထားတာတွေက တကယ်ကို ဆိုးဝါးပါတယ်။ ဘာကြောင့် လဲဆိုတော့ အဲဒီဂျာနယ်တိုက်ပိုင်ရှင်က ဒေါက်တာသန်းထွန်းအောင် ဖြစ်ပြီး ၊ သူဟာ အာရှတော်ဝင်ဆေးခန်းရဲ့  ရှယ်ယာဝင်တဦးလည်းဖြစ်ပါတယ်။ SSC ဆိုတာ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးပြင်ပဆေးခန်းတွေထဲမှာမှTOP ပါ။ ၀င်ငွေအနေနှဲ့ လည်း အကောင်းဆုံးဆေးခန်းတခုပါ။ အဲဒါကြောင့်  အာရှတော်ဝင် နဲ့ SSC ဟာအပြိုင်သဘောမျိုးဖြစ်နေတာပါ။ အခုဖြစ်ရပ်မှာလည်း လူနာသေဆုံးခြင်း ထက် ဆရာကြီးကို အသုံးချကာ SSCဆေးခန်းအား တိုက်ခိုက်ခြင်းဖြစ်ပါတယ်။ အသေးစိတ်မသိတဲ့ ပြည် သူလူထုကိုထင်ယောင်မှားတွေ ဖြစ်အောင်သွေးထိုးလှုံ့ ဆော်ကာ စီးပွားရေး အရတိုက်ခိုက်ခြင်း ဖြစ်ပါတယ်။ ဒီဂျာနယ်တိုက်ပိုင်ရှင်ကိုလည်း အတော်ကိုအံ့ သြမိပါတယ်။ သူကိုယ်တိုင်ဆရာဝန်တယောက်ဖြစ်ပါလျက်နှင့် ဒီလိုသတင်းမှားမျိုးကို ရေးသားထုတ်ဝေရဲ တာ ဆရာဝန်စိတ်ဓာတ်မရှိခြင်းပင် ဖြစ်ပါတယ်။ ဒီလိုဆရာဝန်မျိုးနှင့် ကုသမည့် လူနာများအတွက်လည်း ရင်လေးမိပါတယ်။ ကြားထဲက ဓားစာခံ ဖြစ်သွားရတဲ့ ဆရာကြီးဦးကြည်စိုးမှာလည်း နာမည်ဂုဏ်ထိခိုက်ရသည်။ ဆရာကြီးအတွက် ဆမ အပိတ်ခံရခြင်းသည် ဆရာကြီး၏ အခြားသောစီးပွားရေး များကိုထိခိုက်ခြင်းမရှိပေ။ အခုဆရာကြီးက နိုင်ငံရပ်ခြားသို့ ထွက်ခွာသွားလေပြီ။ သူ့ လို လူတော်တယောက်အတွက် နိုင်ငံခြားဆိုတာ ၀င်ငွေပိုကောင်းပါတယ်။ သူ့ ဘ၀တက်လမ်းပိုကောင်းတဲ့ နိုင်ငံခြားမှာမနေပဲ၊ မြန်မာနိုင်ငံကို အလုပ်အကျွေးပြုနေတာဆရာကြီးရဲ့ စေတနာပါ။ တကယ်လို့ သင်ဆိုလျှင်ကော နိုင်ငံအတွက်ဆိုပြီး အနစ်နာခံနိုင်မလား ။ ဒီလိုလူတယောက်ကို ၀ိုင်းဝန်းနှင်ထုတ်လိုက်ခြင်းမှာ ဘယ်လို အကျိုးကျေးဇုူးတွေ ဖြစ်လာနိုင်သလဲ။ စဉ်းစားကြည့် ပါ။ တကယ်တမ်းနစ်နာတာ ကျွန်မတို့ ပြည်သူတွေပါ။ အဲဒါကိုကောင်းမှန်းမသိ ၊ဆိုးမှန်းမသိ သူတပါးကိုပုတ်ခတ်လိုက်ရလျှင်ပဲ ငါဟဲ့ ဆိုပြီးဖြစ်နေတဲ့ လူ့ အောက်တန်းစား၊လူပြိန်း၊လူညံ့ များအား ကျွန်မတို့ ဆေးလောကအသိုင်းအ၀ိုင်းက သနားတယ်လို့ ပြောပြီးဟားတိုက်တောင် ရယ်ချင်ပါသေးသရှင်။ သူငယ်ချင်းတို့ လည်း ဒီမေးလ်ကိုဖတ်ပြီး မသိသေးတဲ့ သူတွေ ကိုforward လုပ်ပေးကြပါနော်။ — ခင်မင်စွာဖြင့် အောင်လှိုင်ထွန်း
Forward mail မှ
ပုံနှစ်ပုံကိုယှဉ်ကြည့်ပါ
kko
kkoo
ပညာရှိတို့များ စကားပြန်မလိုပါ။ တိုက်ရိုက်ကိုစကားပြောနိုင်တယ်။ အရည်အချင်းတွေကဒီလို ကွာတာ။
(သန်းရွှေ)တို့က အင်္ဂလိပ်လို မှမတတ်တာ… တိုင်းပြည်အတွက်.. ၁၀ တန်းတောင် မအောင်ဘဲ.. စစ်ထဲဝင်လိုက်ရတာကိုး …
သူ ကမတတ်တော့ english လို ကြေညာချက်တွေထုတ်တော့ သူမသိဘူးပေါ့.. အဲ့ဒါကြောင့် နိုင်ငံတကာက ဘာပြောပြော သူဂရုမစိုက်တာ..။
သန်းရွှေရဲ့ပုံလှလှလေးတွေ
okk
0000
0001
11111
ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာ့နိုင်ငံရေးလှုပ်ရှားမှု ဖြစ်စဉ်အကျဉ်း
ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာ့နိုင်ငံရေးလှုပ်ရှားမှု ဖြစ်စဉ်အကျဉ်း
Saturday, 20 June 2009 14:18 ဧရာဝတီ
ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည် ဒီမိုကရေစီအရေး လှုပ်ရှားမှုတွင် ပြည်သူလူထုက ချစ်ခင် လေးစား အားထားသည့် အထင်ရှားဆုံး ခေါင်းဆောင်ဖြစ်သည်။
အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချထားရာမှ ပြီးခဲ့သည့်လတွင် အင်းစိန်အကျဉ်းထောင်သို့ ပြောင်းရွှေ့ ချုပ်နှောင်လိုက်သည်။ ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်း ခံနေရသည့် အချိန် စုစုပေါင်းမှာ ၁၄ နှစ် ပြည့်တော့မည် ဖြစ်သည်။
၁၉၈၈ ခုနှစ်မှ ယနေ့အထိ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှု ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည် နှင့် ပတ်သက်သည့် ထူးခြား ထင်ရှားသည့်ဖြစ်ရပ်များကို ဖော်ပြလိုက်ပါသည်။ သူနှင့် လက်တွဲ လုပ်ကိုင်ခဲ့ဖူးသည့် မြန်မာ့နိုင်ငံရေး လောကမှ ပုဂ္ဂိုလ်တချို့၏ ပြောကြားချက်များကိုလည်း ပူးတွဲ ဖော်ပြလိုက်ပါသည်။
၁၉၈၈  သြဂုတ် ၂၄
ဦးနေဝင်း၏ တပါတီအာဏာရှင်အစိုးရကို ဆန့်ကျင်သည့် ရှစ်လေးလုံး လူထု လှုပ်ရှားမှုကာလအတွင်း ရန်ကုန်ဆေးရုံကြီးရှေ့တွင် မိန့်ခွန်း ပြောကြားသည်။ လူထုနှင့် ပထမဆုံးအကြိမ် ထိတွေ့မှု ဖြစ်သည်။
“ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားမှာ နေတာများတော့ ဗမာလို ပြောတတ်ပါ့မလားလို့ ကျနော်တို့ စိတ်ထဲမှာ သံသယ ရှိတယ်။ ပရိသတ်နဲ့ ပြောတဲ့အခါ ဘယ်လို နေမလဲ ဆိုပြီး စိုးရိမ်တယ်။ ဒါပေမယ့် အဲဒီမှာပြောတာ အင်မတန် ကောင်းပါတယ်။  တကယ်တမ်းတော့ ဒေါ်စုက ကျနော်တို့ထက် ပိုပြီးတော့ စကားလုံးရွေးချယ်မှု တိကျ မှန်ကန်တယ်” ဟု စာရေးဆရာ မောင်မိုးသူက ပြောသည်။
၁၉၈၈  သြဂုတ် ၂၆
ဒေါ်အောင်ဆန်းစုကြည် ပြောကြားမည့် မိန့်ခွန်းကို နားထောင်ရန် ရွှေတိဂုံဘုရား အနောက်ဘက်မုခ်သို့ လူထု ပရိသတ် ၅ သိန်းခန့် တက်ရောက်ခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီ အစိုးရ ပေါ်ပေါက်ရေးကို တောင်းဆိုပြီး ပြည်သူ လူထု ညီညွတ်ကြရန် တိုက်တွန်းသည်။ (စက်တင်ဘာ ၁၈ တွင် မြန်မာ့ တပ်မတော်က ဦးနေဝင်းအစိုးရထံမှ အာဏာ သိမ်းယူလိုက်သည်။)
၁၉၈၈ စက်တင်ဘာ ၂၇
၁၉၈၈ နောက်ပိုင်း အင်အား အကောင်းဆုံး၊ အထင်ရှားဆုံးသော နိုင်ငံရေးပါတီ ဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဦးဆောင် ဖွဲ့စည်းသည်။
“အဖွဲ့ချုပ်ကို တိုင်းပြည် နဲ့ ပြည်သူလူထုအတွက် ဖွဲ့စည်းခဲ့တာပဲ” ဟု အဖွဲ့ချုပ်ကို ပူးတွဲ တည်ထောင်သူတဦး ဖြစ်သည့် ဦးဝင်းတင်က ပြောသည်။
၁၉၈၈ ဒီဇင်ဘာ ၂၇
မိခင် ဒေါ်ခင်ကြည် ကွယ်လွန်သည်။ ထောင်သောင်းချီသော လူထုကြီးက ဈာပနအခမ်းအနားကို ငြိမ်းချမ်းစွာ လိုက်ပါ ပို့ဆောင်သည်။ စစ်အစိုးရ ခေါင်းဆောင် တချို့လည်း ဈာပနသို့ တက်ရောက်သည်။
၁၉၈၉ ဧပြီ ၅
ဧရာဝတီတိုင်း စည်းရုံးရေး ခရီးထွက်စဉ် ဓနုဖြူမြို့ အရောက်တွင် စစ်သားများက တားဆီးခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကို ပစ်ခတ်ရန် ဗိုလ်ကြီး မြင့်ဦးက စစ်သား ၆ ယောက်အား  အမိန့်ပေးနေစဉ် ဗိုလ်မှူး ၂ ဦးက ဝင်ရောက် တားဆီးခဲ့သဖြင့် အသက် အန္တရာယ်မှ လွတ်မြောက်သွားသည်။
၁၉၈၉ ဇူလိုင် ၂ဝ
နေအိမ်တွင် ၆ နှစ်ကြာ စတင် ထိန်းသိမ်းခံရသည်။ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ပြုလုပ်ရန် ၁ဝ လ အကြာတွင် ထိန်းသိမ်းခံရခြင်း ဖြစ်သည်။
၁၉၉ဝ မေ ၂၇
ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲကို နိုင်ငံအနှံ့တွင် ပြုလုပ်ရာ ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်းခံနေရသော်လည်း အဖွဲ့ချုပ်က မဲအပြတ်အသတ်ဖြင့်  အနိုင်ရသည်။
၁၉၉၁ ဒီဇင်ဘာ ၁ဝ
၁၉၉၁ ခုနှစ်အတွက် နိုဗဲလ်ငြိမ်းချမ်းရေးဆု ရရှိသည်။ ဆုရရှိခြင်းကို ထောက်ခံသည့် ဆန္ဒပြပွဲ ရန်ကုန်တက္ကသိုလ်တွင် ဖြစ်ပွားရာ ကျောင်းသား အများအပြား ဖမ်းဆီးခံရပြီး နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံရသည်။
“မတရား ဖမ်းဆီးခြင်း ခံထားရတဲ့ ခေါင်းဆောင် တယောက် ငြိမ်းချမ်းရေး နိုဗဲလ်ဆု ရရှိတဲ့ဟာကို ဂုဏ်ပြုတဲ့အနေနဲ့ ကျနော်တို့ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတယ်။ အဲဒီခေါင်းဆောင် လွတ်မြောက်ဖို့ အတွက် ကျနော်တို့ တောင်းဆိုခဲ့ကြတယ်။ ဒါပေမယ့် ကျောင်းသား အယောက် ၂ဝဝ ကျော် မတရား ဖမ်းဆီးခြင်း ခံလိုက်ရတယ်။ အဲဒီလို ဖြေရှင်းမှုမျိုးနဲ့ ဖိနှိပ် အုပ်ချုပ်ခဲ့တာ ခုအချိန်အထိ နှစ် ၂ဝ ကျော်ခဲ့ပါပြီ” ဟု ၁၉၉၁ ဒီဇင်ဘာ ၁ဝ ရက်နေ့ ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူတဦးက ပြောပြသည်။
၁၉၉၄ စက်တင်ဘာ ၂ဝ
ဗိုလ်ချုပ်ကြီးသန်းရွှေ၊ ဗိုလ်ချုပ်ခင်ညွန့်တို့နှင့် ပထမဆုံးအကြိမ် တွေ့ဆုံသည်။
၁၉၉၅ ဇူလိုင် ၁ဝ
၆ နှစ်ကြာ အကျယ်ချုပ်မှ လွတ်မြောက်သည်။ နေအိမ်ရှေ့သို့ သွားရောက် စုဝေးသော ပြည်သူလူထုကို စနေ တနင်္ဂနွေ ညနေပိုင်းများတွင် မိန့်ခွန်းပြောသည်။ အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူလူထုတို့ တွေ့ဆုံမှုကို ဟန့်တားရန် ၁၉၉၆ နိုဝင်ဘာလတွင် တက္ကသိုလ်ရိပ်သာလမ်းကို ပိတ်ဆို့လိုက်သည်။
၁၉၉၅ ဒီဇင်ဘာ ၂၈
၁၉၉၃ တွင် အစပြုခဲ့သည့် အမျိုးသား ညီလာခံကို လွတ်လပ်စွာ တင်ပြဆွေးနွေးခွင့် ရသည့်အချိန်မှ ပြန်လည် တက်ရောက်မည်ဟု ဆိုပြီး အဖွဲ့ချုပ် ကိုယ်စားလှယ်များ ညီလာခံမှ ထွက်ခွာကြသည်။
၁၉၉၆ မတ် ၁၃
လူရွှင်တော် ဦးပါပါလေး၏ အမှုတွင် သက်သေ လိုက်ရေး အတွက် မန္တလေးသို့ သွားရန် စီစဉ်ရာ အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည် လိုက်ပါမည့် ရထားတွဲကို ပြင်ဆင်ရန်ဟု အကြောင်းပြပြီး ဖြုတ်သိမ်းကာ ခရီးစဉ်ကို တားဆီးလိုက်သည်။
၁၉၉၆ နိုဝင်ဘာ ၉
ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်တွင် တုတ်၊ ဓား လက်နက်များ ကိုင်ဆောင်ထားသည့် လူ ၂ဝဝ ခန့်က ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းကို ဝိုင်းဝန်း တိုက်ခိုက်သည်။ ယာဉ်မောင်းသူများက တိုက်ခိုက်မှုကြားမှ မောင်းထွက်နိုင်သဖြင့် အသက်ဘေးမှ လွတ်မြောက်သွားကြသည်။
၁၉၉၈ ဇူလိုင် ၂၃
ဇူလိုင်၊ သြဂုတ်လများတွင် ပဲခူးတိုင်း၊ ဧရာဝတီတိုင်းမြို့များသို့ သွားရောက်ရန် အကြိမ်ကြိမ် ကြိုးပမ်းရာ အာဏာပိုင်တို့က တားဆီးလိုက်သည်။ ဇူလိုင် ၂၃ ရက်နေ့တွင် ရန်ကုန်တိုင်း ထန်းတပင်မြို့အနီး ၁၃ ရက်ကြာ တားဆီးခံရသည်။ နောက်ဆုံးတွင် အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်သို့ အတင်းအကျပ် ပြန်လည် ပို့ဆောင်လိုက်သည်။
၁၉၉၈ စက်တင်ဘာ ၁၆
တိုင်းရင်းသားပါတီ ၄ ခုနှင့် အဖွဲ့ချုပ်တို့ ပူးပေါင်း ဖွဲ့စည်းသည့် ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) ပေါ်ပေါက်ရေးအတွက် ဦးဆောင် ပါဝင်သည်။ ဤကော်မတီ ဖြစ်မြောက်ရေးအတွက် လပေါင်း အတန်ကြာ အချိန်ယူပြီး တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံ ညှိနှိုင်းခဲ့သည်။
“မြန်မာပြည်ကို ပြည်ထောင်စု အဖြစ် ဖွဲ့စည်းရမယ် ဆိုတာ တိုင်းရင်းသားတွေကို စည်းရုံးဖို့ သက်သက် မဟုတ်ဘဲ တကယ်ကို ပကတိ အခြေအနေက ရှိနေတယ် ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံထားတယ်။ တိုင်းရင်းသားတွေနဲ့ ညှိနှိုင်း ဆွေးနွေး ပြီးတော့ ပြည်ထောင်စုနိုင်ငံ ထူထောင်ရမယ် ဆိုတာ ပြောလည်း ပြောတယ်၊ ယုံလည်း ယုံကြည်တယ်” ဟု CRPP အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။
၁၉၉၉ မတ်
ကင်ဆာရောဂါ ဖြစ်ပွားနေသော ခင်ပွန်းသည် မိုက်ကယ်အဲရစ်အား ပြည်ဝင်ခွင့် ဗီဇာ ထုတ်ပေးရန် စစ်အစိုးရကို မေတ္တာ ရပ်ခံသည်။ စစ်အစိုးရက ပြည်ဝင်ခွင့် မပြုပေ။ ထိုလ ၂၇ ရက်နေ့တွင် မိုက်ကယ်အဲရစ် ကွယ်လွန်သည်။
၂ဝဝဝ သြဂုတ် ၂၄
ရန်ကုန်မြို့ တဘက်ကမ်း ဒလမြို့နယ်သို့ သွားရောက်ရာ လမ်းတွင် ပိတ်ဆို့ တားဆီးခံရသည်။ ၉ ရက်အကြာတွင် အာဏာပိုင်တို့က လုံထိန်း အင်အား ၂ဝဝ ခန့်ဖြင့် ဝိုင်းဝန်း ဖမ်းဆီးပြီး နေအိမ်သို့ အတင်းအကျပ် ပြန်ပို့လိုက်သည်။
၂ဝဝဝ စက်တင်ဘာ ၂၁
မန္တလေးသို့ ခရီးထွက်ရန် စီစဉ်နေစဉ် ရန်ကုန်ဘူတာကြီးတွင် တားဆီးခံရသည်။ နေအိမ်သို့ ကြမ်းကြမ်းတမ်းတမ်း ပို့ဆောင်ခံရပြီး ၂ နှစ် နီးပါး အကျယ်ချုပ် ချခံရသည်။
၂ဝဝ၂ မေ ၆
ဒုတိယအကြိမ် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်သည်။
၂ဝဝ၃ မေ ၃ဝ
မြန်မာပြည်အနှံ့ ခရီးထွက်စဉ် ဒီပဲယင်းမြို့နယ် ကျည်ရွာအနီး တုတ်၊ ဓား လက်နက်များ ကိုင်ဆောင်ထားသည့် လူ ၅ဝဝဝ ခန့်၏ တိုက်ခိုက်မှုကို ခံရသည်။ ကားမောင်းထွက်နိုင်သဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့သော်လည်း နောက်တနေ့တွင် ရေဦးမြို့၌ ဖမ်းဆီးခံရပြီး အင်းစိန်ထောင်သို့ ပို့ဆောင်ခံရသည်။
၂ဝဝ၃ စက်တင်ဘာ
ကျန်းမာရေး ထိခိုက်သဖြင့် အာရှတော်ဝင် ဆေးကုခန်းသို့ တက်ရောက် ကုသမှု ခံယူသည်။ ဆေးရုံမှ ဆင်းပြီးသောအခါ နေအိမ်သို့ ပို့ဆောင် ချုပ်နှောင်ခံရသည်။ တတိယအကြိမ် နေအိမ် အကျယ်ချုပ် ချခံရခြင်း ဖြစ်သည်။
၂ဝဝ၇ စက်တင်ဘာ ၂၂
ရဟန်းသံဃာများ ဦးဆောင်သည့် ဆန္ဒပြပွဲများ ဖြစ်ပွားစဉ် ဒေါ်အောင်ဆန်းစုကြည်က နေအိမ်ရှေ့သို့ ရောက်လာသည့် ချီတက် ဆန္ဒပြသူ သံဃာတော်များကို ခြံတခါးဝသို့ ထွက်ပြီး အရိုအသေပေးသည်။ ၄ နှစ်အတွင်း ပထမဆုံးအကြိမ် လူထုနှင့် တွေ့ခွင့် ရလိုက်ခြင်းဖြစ်သည်။
၂ဝဝ၉ မေ ၁၄
နေအိမ်အကျယ်ချုပ် ၆ နှစ်ပြည့်သည့် အချိန်တွင် နေအိမ်သို့ နိုင်ငံခြားသား တဦး ဝင်ရောက်ခဲ့သောကြောင့် အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် တရားစွဲခံရပြီး အင်းစိန်ထောင်သို့ ပို့ဆောင်ခံရသည်။
၂ဝဝ၉ မေ ၂ဝ
အင်းစိန်ထောင်အတွင်းရှိ တရားခွင်သို့ ရန်ကုန် အခြေစိုက် သံတမန်များ ရောက်ရှိသွားသည်။ ဒေါ်အောင်ဆန်းစုကြည်က သက်ဆိုင်ရာ အဖွဲ့ အစည်း အသီးသီးကသာ ဆန္ဒရှိကြမယ်ဆိုရင် အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် အခွင့်အလမ်းတွေ အများကြီး ရှိပါတယ်ဟု သံတမန်များမှတဆင့် ပြောကြားလိုက်သည်။၂ဝဝ၉ သြဂုတ် ၁၁
တရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို အလုပ်နှင့် ထောင်ဒဏ် ၃ နှစ် ကျခံစေရန် စီရင်ချက် ချလိုက်သည်။ သို့သော်လည်း အာဏာပိုင်တို့က ထောင်ဒဏ် ၁ နှစ်ခွဲသို့ လျှော့ပေးသည်ဟု ကြေညာပြီး ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်သို့ ပို့ဆောင်ကာ အကျယ်ချုပ် ချလိုက်သည်။ တရားရုံး၏ စီရင်ဆုံးဖြတ်ချက်မှာ မျှတမှု မရှိဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
သူ၏ နေအိမ်သို့ လျှို့ဝှက် ဝင်ရောက်ခဲ့သည့် အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန် ဝီလျံ ယက်ထောသည် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရသည်။
၂ဝဝ၉ သြဂုတ် ၁၅
အမေရိကန် ပြည်ထောင်စု အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ၏ အရှေ့အာရှ နှင့် ပစိဖိတ် ရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ မစ္စတာ ဂျင်မ် ဝက်ဘ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ၄၅ မိနစ်ကြာ တွေ့ဆုံသည်။
၂ဝဝ၉ သြဂုတ် ၁၆
အာဏာပိုင်တို့က မစ္စတာ ယက်ထောကို ထောင်မှ လွှတ်ပေးပြီး ပြည်နှင်ဒဏ် ပေးလိုက်သည်။ မစ္စတာ ဂျင်မ် ဝက်ဘ်က သူနှင့်အတူ မစ္စတာ ယက်ထောကို ခေါ်ဆောင်သွားသည်။ အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် ထိန်းသိမ်းထားသည်။
Poem;ဒေါင်းယောင်ဆောင်ထားတဲ့ ကျီးမိုက်တွေပါ အမေ
အမေ …
အမေ့ကို မင်ဒဲလားကပြောတယ်
သူတို့လည်း ဒီမိုကရေစီကို နံရံတွေကြားထဲကပဲ
တည်ဆောက်လာရတာတဲ့
အမေ့ကို ကင်ဒေးဂျုံကပြောတယ်
သူတို့လည်း ဒီမိုကရေစီကို သေနတ်ပြောင်းတွေရှေ့မှာပဲ
ရင်းယူလာခဲ့ရတာတဲ့
အမေ့ကို လားမားကြီးကပြောတယ်
သူတို့လည်း ဒီမိုကရေစီကို ဖိနှိပ်မှုတွေအောက်မှာ
ကျင်ယူနေရတုန်းပါတဲ့
အမေ
ကျွန်တော် ရင်ကိုကော့ထားလိုက်တယ်
ရန်ကုန်မှာ
ထောင်နံရံ၊ သေနတ်ပြောင်း၊ ဖိနှိပ်မှု …
ဘာကိုမှ ဂရုမပြုတဲ့
ငါတို့ “အမေ” ရှိတယ်လို့
ကျွန်တော် လက်သီးကိုဆုပ်ထားလိုက်တယ်
ရန်ကုန်မှာ
လူသန်းခြောက်ဆယ်အတွက်
ဘဝတစ်ခုလုံးနဲ့ ပေးဆပ်ထားတဲ့
ငါတို့ “အမေ” ရှိတယ်လို့
ကျွန်တော် ခေါင်းကိုမော့ထားလိုက်တယ်
ရန်ကုန်မှာ
ကမ္ဘာ့ခေါင်းဆောင်ကြီးတွေ
အလေးဂရုပြုရတဲ့
ငါတို့ “အမေ” ရှိတယ်လို့
ဒါပေမယ့် အမေ
ကျွန်တော်တို့က အမေ မကြောက်တဲ့ သေနတ်ပြောင်းကို
ကြောက်တဲ့ အမေ့သားတွေ
ကျွန်တော်တို့က အမေ မုန်းတဲ့ ဖိနှိပ်မှုနဲ့
အသားကျနေတဲ့ အမေ့သမီးတွေ
ကျွန်တော်တို့က
ဒေါင်းယောင်ဆောင်ထားတဲ့ ကျီးမိုက်တွေပါ အမေ
ဒီလူတွေက
အမေ့ရင်ကို လေးစေတဲ့အခါ
အမေ့သွေးကို အေးစေတဲ့အခါ
အမေ့နားကို ခါးစေတဲ့အခါ
အမေ ခွင့်မလွှတ်လိုက်ပါနဲ့ အမေ …
(မောင်ပွတ်)
ကျွန်တော်တို့ လမ်းဆုံလား လမ်းဆုံးလား မသိတဲ့အချိန်ကာလတစ်ခုကိုရောက်နေပါတယ်…
ရင်လေးဖွယ်ရာ မနက်ဖြန်တွေကို ကျွန်တော်တို့ ဘယ်လိုရင်ဆိုင်ရမလည်း…
မိန်းမတစ်ယောက်က လူသန်းခြောက်ဆယ်အတွက် တရားမျှတမှုကို သူအပေါ်ကျရောက်လာတဲ့
မတရားမှုတွေနဲ့ ခါးစည်းခံပေးနေပါတယ်…
တရားမျှတမှုကို မကျင့်သုံးပဲ ဒီမိုကရေစီဖော်ဆောင်နေပါတယ်ဆိုတဲ့ ဟာသကို
ကျွန်တော်တို့ ဘယ်လိုနားနဲ့ ယုံရမလည်း… ကဗျာရေးခဲတဲ့ ကိုပွတ်ရဲ့ကဗျာဟာ
ကျွန်တော်တို့ ပျက်ကွက်မှုကို ဖော်ပြနေပါတယ်… ကျွန်တော်တို့ကိုယ်တိုင်
ဒီမိုကရေဆီကို မကျင့်သုံးပဲနဲ့တော့ တရားမျှတာမှုကို ကျွန်တော်တို့ရရှိနိုင်မှာမဟုတ်ပါဘူး…။
ကဗျာအတွက်ကျေးဇူးပါ ကိုပွတ်ရေ….။
climber.zk@gmail.com forward mail  မှ
Hanlay’s cartoons
Irr 30032009Irr 12052009Irr 06022009 BIrr 15032009Irr 20032009
အင်းစိန်ထောင်ရှေ့ကမျှော်လင့်ချက်များ
Img00049
Img00051
Img00019
နအဖအဖို့ ကံကောင်းတာလား၊ ကံဆိုးတာလား
Saturday, May 23, 2009
ရဲဘော်ဖိုးသံချောင်း
နအဖအဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီလိုဖမ်းဆီးရုံးတင်ဖို့ အခွင့်အရေးရသွားတာ ဒါမှမဟုတ် သူတို့ရဲ့လုပ်ကြံမှုအောင်မြင် သွားတာဟာ နအဖအဖို့နိုင်ငံရေးအရ လက်ဦးမှုရသွားတယ်လို့ ယူဆစရာရှိပါတယ်။ ဒါပေမဲ့ လက်တွေ့ဆက်ဖြစ်လာတာတွေနဲ့ ဖြစ်လာနိုင်တာတွေကို ပြန်တွေးလိုက်တော့ ဒါဟာနအဖအဖို့ ကံကောင်းတာလား၊ ကံဆိုးတာလားစဉ်းစားစရာ ဖြစ်နေပါ တယ်။
စစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လူထုနဲ့အဆက်ဖြတ်ရေးဟာ သူ့တသက်ကိုယ့်တသက်လုပ်ရမယ့်ကိစ္စလို့ သတ် မှတ်ထားကြဟန် တူပါတယ်။ ဒါကြောင့် နေအိမ်ချုပ်သက်တမ်းစေ့တဲ့အခါမှာ အခု ဒီဖောက်ထွင်းမှုမှာ အိမ်ရှင်ကို စွဲချက်တင်၊ ထောင်ချဖို့ လုပ်ကြံတော့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့တွက်ထားတာတွေထဲမှာ မပါတာတွေ ဆက်တိုက်ဖြစ်လာနေလို့ ဗိုလ်သန်းရွှေတယောက် ထိုင်နေအကောင်းသားလို့ ဆိုရမလိုဖြစ်နေပါပြီ။
အိမ်ဖြူတော်မှာ အိုဘားမားတက်လာတဲ့နောက် နအဖအစိုးရဟာ သူတို့ဖောက်ချင်နေတဲ့ ရွှေလမ်းငွေလမ်းတော့ဖြင့် ပေါက် တော့မယ်လို့ မျှော်လင့်ထင်စားခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ ဒေါ်အောင်ဆန်းစုကြည့်ကို ရုံးတင်တဲ့ ဒီကိစ္စတခုတည်းနဲ့ပဲ စစ်ဗိုလ်ချုပ်တွေဟာ “ဆုချတာခံရမလား ထင်လို့ဝင်သွားတာ၊ ထိပ်ချတာခံလိုက်ရတယ်” ဆိုတာမျိုး ဖြစ်သွားပါတယ်။ ကုလ သမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း နအဖကို ကလေးငေါက်သလို အပြစ်တင်တာခံလိုက်ပြီး ကုလသမဂ္ဂလုံခြုံရေး ကောင်စီကတောင် ဒီကိစ္စအတွက် စိတ်ပူတဲ့အကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ဗမာနိုင်ငံရဲ့ကိစ္စကိုပြောခဲလှတဲ့ တရုတ် တို့၊ အာစီယံတို့ကတောင် “ပညာပေး” တာခံနေရပါပြီ။ နောက်ပြီး ဂျပန်လိုနိုင်ငံကိုရှင်းပြရ၊ ထိုင်းနဲ့ကတောက်ကဆဖြစ်ရ၊ ဒါ့အပြင် အီးယူကဘာများ ပြောလာဦးမလဲ၊ တခြားနိုင်ငံတွေကဘာတွေ ပြောဦးမလဲဆိုပြီး ထမင်းလုံး တစ္ဆေခြောက်တာ ညတိုင်း ခံနေရပါတယ်။ သေချာတာကတော့ သံခင်းတမန်ခင်းအရ၊ နိုင်ငံတကာဆက်ဆံရေးအရ နအဖအဖို့ အကြီးအကျယ် နစ်နာရတဲ့ ဘယ်သူမပြုမိမိမှု ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည့်ကိုရုံးတင်လိုက်တာဟာ နအဖဗိုလ်ချုပ်တွေအတွက် ဝမ်းသာစရာလား၊ စိတ်ညစ်စရာလား ဆိုတာကို သိချင်ရင် ရန်ကုန်နဲ့ တခြားမြို့ကြီးတွေမှာ လုံခြုံရေးတွေအပြည့် ယူ နေရတာကိုကြည့်ရင် သိနိုင်ပါတယ်။ ပဒူအုံကို တုတ်နဲ့ထိုးမိသလို ဖြစ်ဖို့များနေပါပြီ။ တကယ်လို့ သာ ဒီကိစ္စကြောင့်လူထုအုံကြွလာတယ်ဆိုရင် ဘယ်သူကသွေးထိုးပေးလို့၊ ပြည်ပက မြှောက်ပေး လို့ စသဖြင့် ပြောလို့မရတာ သေချာနေပါပြီ။ ဗမာပြည်မှဖြစ်ခဲ့တဲ့ အရေးကိစ္စတွေ မှန်သမျှဟာ အုပ်စိုးသူများဖက်က မတော်မတရားလုပ်တဲ့အတွက် ပေါ်ထွက်လာတာတွေ ချည်းဖြစ်ပါတယ်။ ဒါဟာတရားပါ။ စားဝတ်နေရေးနဲ့လုံးချာလိုက်နေတဲ့ ပြည်သူလူထုဟာ အလကားနေရင်း လမ်း ပေါ် ထွက်ပြီး ကိုယ့်ဒုက္ခကိုယ်မရှာကြပါဘူး။ သံဃာတော်များလည်း အလားတူပါပဲ။ ဒီလို တိုင်း ပြည်အတွက်အရေးပါတဲ့အမှုကြီးတခု၊ နိုင်ငံတကာကလည်း အာရုံစိုက်မယ့် အမှုမျိုးကို ဖန်တီးလိုက်ရတာဟာ တကယ်တော့ နအဖအတွက်ပြောရင်လည်း မရဲပဲကျွဲပြဲစီးရတာပါ။ ဒါကြောင့်မို့ သံတမန်လောကကိုဟန်ပြအနေနဲ့ တရက်ထဲသာ တရားရုံး တက်ခွင့်ပြုခဲ့ပေမဲ့ ကျန်တာအားလုံးကို ထောင်ထဲမှာတံခါးပိတ်စစ်ဆေးနေပါတယ်။ ဒါဟာသူတို့ဖက်က ကျိုးကြောင်း မခိုင်လုံ ကြောင်း၊ မရိုးသားနိုင်ကြောင်း ဝန်ခံတာတမျိုးလို့ ယူဆရင်ရပါတယ်။
အခုတော့ အမှုကို လူအများရှေ့မှောက်မှာ စစ်ဆေးရေး ဆို တဲ့ တောင်းဆိုချက်ဟာ ကျယ်လောင်သထက်ကျယ်လောင် လာနေပါပြီ။ အစိုးရပြတဲ့သက်သေတွေကို စစ်ဆေးပြီးခဲ့ သလောက်အရဆိုရင် ဥပဒေအရ နအဖမုချရှုံးမှာပါ။ သူတို့ ဖက်က သက်သေတွေရဲ့အစစ်ခံချက်တွေဟာ သူတို့အတွက် အထောက်အကူ လုံးဝမပြုပါဘူး။ တကယ်ဆိုရင် တရားခံပြ သက်သေတွေကိုတောင် စစ်နေဖို့ မလိုလောက်အောင် ဖြစ် ပါတယ်။ ဒါပေမဲ့ နအဖဟာ သိုးကိုမဖြစ်ဖြစ်အောင် စားချင် တဲ့ ဝံပုလွေလိုပဲ “နင်မဟုတ် နင့်အဖေပဲ” လို့ ပြောပြီး အပြစ်ပေးဖို့လုံးပမ်းမှာပါပဲ။ ဒါမျိုးကို ထောင်ထဲမှာ တံခါးပိတ် စစ်ဆေးတဲ့ ရုံးမျိုးမှာလုပ်ရတာ ပိုလွယ်ကူပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုကို အများပြည်သူတက်ရောက် နားထောင်နိုင်တဲ့ တရားရုံးမှာ စစ်ဆေးရေးဟာ တရားမျှတမှုအတွက် အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့်တရားခွင်ကို လူထုမျက်မှောက်ရောက်အောင် တောင်းဆိုကြရပါမယ်။ ဒါဟာ တရားမျှတ၊ ကျိုးကြောင်းဆီလျော်တဲ့အပြင် လူတိုင်းသဘော တူနိုင်တဲ့ တောင်းဆိုချက် ဖြစ်တဲ့အတွက် လတ်တလောလှုပ်ရှားမှုမှာ ထိပ်တန်းတင်ရမယ့် တောင်းဆိုချက်၊ ကြွေးကြော်သံ ဖြစ်ပါတယ်။
ဒီတခါ ဒေါ်အောင်ဆန်းစုကြည့်ကို ရုံးတင်တဲ့ကိစ္စဟာ ၂ဝ၁ဝ ရွေးကောက်ပွဲကိုဝင်ဖို့ ပြင်နေတဲ့လူတွေအတွက်တော့ အတော် လေး အကြပ်ရိုက်သွားမှာ ဖြစ်ပါတယ်။ နအဖလုပ်လိုက်တာက သူတို့ကို ယမ်းချေးပန်းတယ်လို့ ပြောနိုင်ပါတယ်။ တကယ်လို့ သာ သူတို့အနေနဲ့ ဒီကိစ္စနဲ့ပတ်သက်တဲ့သဘောထားပေးဖို့ မေးမြန်းတောင်းဆိုလာရင် သူတို့ဟာ အတတ်နိုင်ဆုံး ခေါင်းရှောင် ချင်ကြမှာပါ။ နအဖအလိုကို လိုက်ပြောရင် မဲရမှာကိုထိခိုက်မယ်၊ နအဖကိုဆန့်ကျင်ရင် ရွေးကောက်ပွဲဝင်ခွင့်တောင်မှ ရချင်မှ ရမယ်။ ဒါကြောင့် ဒီကိစ္စမှာ တတိယအင်အားဆိုသူ တော်တော်များများက ပြောဖို့ခေါင်းရှောင်နေကြပါတယ်။ ဒါဟာ ၂ဝ၁ဝ ရွေးကောက်ပွဲနောက်ပိုင်း ဒီမိုကရေစီအတွက် လေ့ကျင့်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
သူတို့နဲ့ပြောင်းပြန်၊ ပြည်သူလူထုကတော့ ဒီကိစ္စနဲ့ပတ်သက်တဲ့ ကိုယ့်ခံစားချက်၊ ကိုယ့်အမြင်တွေကို ရဲရဲတင်းတင်းပဲ ဒေါသနဲ့ ပြောနေကြပါတယ်။ သည်းမခံနိုင်တော့ဘူးဆိုတဲ့ အဓိပ္ပာယ်တွေဖော်ပြနေကြပါတယ်။ ဒီလိုအခြေအနေမှာ အချိန်မရွေး ပေါက် ကွဲထွက်နိုင်တယ်ဆိုတာကို ဗမာပြည်အရေးနားလည်သူတိုင်း တွေးမိကြမှာပါ။ ဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အမှု ဆင်ပြီးတင်တာ ဟုတ်မဟုတ်ဆိုတဲ့မေးခွန်းမျိုးကို ဘယ်သူကမှ အချိန်ကုန်ခံ ဆွေးနွေးမနေကြတော့ပါဘူး။ ဘာကိုဘယ်လို လုပ်ရင် ကောင်းမလဲဆိုတာကိုပဲ ဆွေးနွေးကြမှာပါ။ ပြည်တွင်း၊ ပြည်ပ၊ သံဃာ၊ ကျောင်းသား၊ အလုပ်သမား၊ လယ်သမား၊ မြို့နေဆင်းရဲသား၊ စာရေးစာချီဝန်ထမ်း၊ ပညာရှင်၊ ကုန်သည်ပွဲစား၊ စစ်ဗိုလ်စစ်သား၊ အိမ်ရှင်မ၊ မပြောပဲဘယ်သူမှ မနေပါ ဘူး။
ဒီအခြေအနေကို နအဖအစိုးရလည်း မသိတာမဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့အတွက် အနည်းဆုံးရွေးကောက်ပွဲ ပြင်ဆင်တဲ့ ကာလနဲ့ ကျင်းပတဲ့ကာလမှာ ဒေါ်အောင်ဆန်းစုကြည်ကို လူထုထဲမှာ မလှုပ်ရှားနိုင်အောင်လုပ်ထားဖို့က ပိုအရေးကြီးနေပါ တယ်။ ဒါကြောင့်မို့ သူတိုဖက်က ကြည့်ရင်လည်းသေမြေကြီးရှင်ရွှေထီး လုပ်လိုက်ရတာပါ။ သူတို့က အမှုကိုအမြန်ပြီးပြတ် အောင် တက်သုတ်ရိုက်စစ်နေတာ၊ ကမျောသုံးပါးစွဲချက်တင်တာတို့ကို ထောက်ကြည့်ရင် နအဖစစ်ဗိုလ်တွေ ဘယ်လောက် ခြောက်ခြား နေတယ်ဆိုတာ အတိုင်းသားတွေ့မြင်နိုင်ပါတယ်။
ရဲဘော်ဖိုးသံချောင်း
ကဗျာ
sun
ဓနုတ်စေတီ ပြိုသည့် သတင်း မဖော်ပြရန် ညွှန်ကြားထား
မိုးမခ အထောက်တော်၊ ရန်ကုန်
မေ ၃၁ရက်၊ ၂၀၀၉
မေလ ၃၀ရက် စနေနေ့ မွန်းလွဲပိုင်းတွင်ပြိုကျခဲ့သည့် ဓနုတ်စေတီနှင့် ပတ်သက်သည့် မည်သည့် သတင်းမှ ဖေါ်ပြခြင်း မပြုရန် စာပေစိစစ်ရေးက သတင်းဂျာနယ်တိုက်များသို့ အသိပေးထားသည်ဟု ရန်ကုန်မြို့မီဒီယာ အသိုင်းအ၀ိုင်းထံမှ သိရသည်။
အဆိုပါ သတင်းနှင့် ပတ်သက်ပြီး ယနေ့ထုတ် အစိုးရပိုင် သတင်းစာများတွင်လည်း ဖေါ်ပြသည်ကို မတွေ့ရှိရဘဲ၊ ဘရာဇီးလ် နိုင်ငံတွင် တာတမံ ကျိုးပေါက်ပြီး လူ၎ ယောက်သေဆုံးသည့် သတင်းနှင့် နိုင်ဂျီးရီးယားနိုင်ငံတွင် လေယာဉ်ပျက်ကျပြီး လူ ၂ ဦး သေဆုံးသည် ဆိုသည့် နိုင်ငံတကာ သတင်းမျိုးကိုသာ ဖေါ်ပြထားသည်။
ယခုကဲ့သို့သော သဘာဝ ဘေးအန္တရာယ်နှင့် မတော်တဆ ဖြစ်ပွားမှု သတင်းမျိုးကို နအဖ စစ်အစိုးရ၏ ဆင်ဆာအဖွဲ့က မည်သည့်အတွက်ကြောင့် ဖေါ်ပြခွင့် မပြုသည်ကို မြန်မာနိုင်ငံမှ ပြည်သူများ အနေဖြင့် နားမလည်နိုင်ကြသော်လည်း အချို့သော မီဒီယာ သမားများ၏ ပြောဆိုချက်အရ သဘာဝ ဘေးအန္တရာယ်နှင့် မတော်တဆ ဖြစ်ပွားမှုများကို ကိုင်တွယ် ဖြေရှင်းသည့် အခါ နောက်ကျပြီး မထိရောက်သည့် ကယ်ဆယ်ရေး လုပ်ကိုင်ခြင်းများနှင့် ထိုသို့ လုပ်ကိုင်ရာတွင် လွဲမှားသည့် စီမံခန့်ခွဲမှုများကြောင့် အသက်မသေသင့်ဘဲ သေဆုံးရသည် အဖြစ်တို့ ပေါ်လွင်လာမည့် အရေးကို စိုးရိမ်၍ ဖြစ်နိုင်သည်ဟု သိရသည်။
နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဇနီး ဒေါ်ကြိုင်ကြိုင်ကိုယ်တိုင် ထီးတင်ထားသောစေတီ ပြိုကျသည့် အတွက် နအဖအတွက် နိမိတ်မကောင်း ဆိုသည့် လူထု ထင်မြင်ချက် ပြန့်နှံ့မည်ကို စိုးရိမ်သည့် အတွက် သတင်း မီဒီယာများတွင် မဖေါ်ပြရန် တားမြစ်ခြင်းလည်း ဖြစ်နိုင်သည် ဟု မီဒီယာလောကတွင် ဝေဘန် ကောက်ချက်ချလျက် ရှိသည်။
Today Daw Su ‘s response
ppp
N L D ၇ဲ့ ဒီနေ့ကြေငြာချက်
ကဗျာ
အဲဒိဗိုင်းရပ်စ်တွေကို ပြောပြလိုက်ပါ
ငါတို့မနက်ဖြန်ကို
(သူတို့)သိုဝှက်ပစ်လိုက်ကြတယ်..
မြို့ကြီးမှာ တိတ်ဆိတ်နေပေမယ့်
အတွင်းဘက်မှာ ပွက်လောညံလို့..
ပါးစပ်တွေ ပိတ်ထားရပေမယ့်
လက်သီးတွေ ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ကြ…
အကြောင်းမဲ့ အာဃာတ တရားတွေနဲ့
မိုက်ရူးရဲနေတဲ့ ကောင်တွေ
ကိုယ့်လိပ်ပြာကိုယ် မလုံစွာနဲ့
စည်းတွေ အထပ်ထပ် ခြားနားထားကြရဲ့..
ငါတို့ ပြက်ရယ်ပြုလိုက်ကြတယ်..
ပြီးတော့ မျက်ကွယ်ပြုလိုက်ကြတယ်
အဲ့ဒိတံတိုင်းတွေက..
ငါတို့ ခြေလှမ်းတွေကို မဆုတ်တွန့်သွား စေဘူး..
(၀မ်းနည်းပါတယ်….)
ဒါဟာ မင်းတို့ ထင်သလို ဇာတ်သိမ်းခန်း မဟုတ်သေးဘူး
အခုမှ… ငါတို့ အာသီသတွေ ပိုပြီး နီစွေးလာတယ်
အခုမှ.. ငါတို့ ပို နိုးကြားလာကြတယ်..
အခုမှ.. ငါတို့တွေ အင်အားဖြစ်လာကြတယ်..
ညက မှောင်ပိန်းနေတာတောင်
ငါတို့ ခရီးဆက်ရဲကြပြီ…
ငါတို့အတွက် အလင်းတွေ ပြန်ရရှိဖို့
နီးကပ်လာပြီမှန်း ငါတို့ သိလိုက်ကြပြီ
ပြတင်းတံခါးတိုင်းဆီမှာ.. ငါတို့ခွန်အားတွေ အပြည့် ရှိလာခဲ့ကြပြီ
ငါတို့ ညှပ်ဖိနပ်သံတွေဟာ…
မင်းတို့ ရှူးဖိနပ်သံတွေကို ဖုံးလွှမ်းသွားကြတော့မယ်..
ခွေးလေခွေးလွင့်တွေရေ..
ဒါမှမဟုတ် ရူးနှမ်းနေတဲ့… သေချင်းဆိုး ဗိုင်းရပ်စ်တွေရေ..
ငါတို့ .. မင်းတို့ဆီ.. ရဲရဲကြီး လျှောက်လာခဲ့ပါပြီ….။
မင်းရဲသွေး
Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး)
hi bro & sis
Please see the one more photo of our spray actions.
Action in this photo was taken near The Embassy of Japan
in Yangon.
For further more information, Please visit our blog pages
http://www.generation-wave.co.cc/
တော်လှန်ရေးမောင်နှမများခင်ဗျား
ကျနော်တို့ Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး)မှ
မေလ ၁၈ရက် ၂၀၀၉ ခုနှစ်တွင် ရန်ကုန်မြို့ ဘောက်ထော်မြို့နယ် မှတ်တမ်းရုံး
အနီးရှိ နေရာများ၊ဘောလုံးကွင်းအနီးနှင့်ဂျပန်သံရုံးအနီးတို့တွင်
ဒေါ်အောင်ဆန်းစုကြည်အားချက်ချင်းလွှတ်ပေးရန်
ဆေးမှုတ်၍တောင်းဆိုသည့်လှုပ်ရှားမှုများပြုလုပ်ခဲ့ပါသည်။
ပြည်သူများနှင့်လူငယ်ထုမှလည်း နအဖစစ်အုပ်စုက
ဒေါ်အောင်ဆန်းစုကြည်အား မတရားထောင်ချရန်
လုပ်ကြံဇာတ်ခင်း၍ကြိုးစားနေခြင်းကို တတ်နိုင်သည့်နည်းလမ်းများဖြင့်
ကန့်ကွက်ရှုတ်ချသွားကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
Dear Every One
On May 18th, Generation Wave did a graffiti and spray paint action for the release of Daw Aung San Suu Kyi.
Actions happened at key crowded places in Yangon, Burma: near the Japanese Embassy in Bahan township,
near Military Documentation Office, and at the Football Stadium of (Bauk Htaw) Yankin Township.
We also want to encourage people and especially youth of Burma to do all they can to take actions
for the release of Daw Aung San Suu Kyi
regards
moethway
Generation Wave
http://www.generation-wave.co.cc/
Free Daw Su 8.jpg Free Daw Su 8.jpg
234K   View Download
စစ်အစိုးရကို အငြိမ်းစား စစ်မှုထမ်းဟောင်းများက ဝေဖန်ပြောဆို
ကြည်ဝေ
Wednesday, 20 May 2009 13:47
E-mail Print
ဒေါ်အောင်ဆန်း စုကြည်ကို စစ်အစိုးရက မတရား အမှုဆင်ကာ တရားစွဲဆိုခြင်း ဖြစ်ပြီး ၎င်း လုပ်ရပ်ကြောင့် မြန်မာ့တပ်မတော်၏ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိပါးညစ်နွမ်း စေကြောင်း အငြိမ်းစား စစ်မှုထမ်းဟောင်း တချို့က ဝေဖန်ပြောဆို နေကြသည်။
အသက် ၆၆ နှစ် အရွယ်၊ ပင်စင်စား ဒု ၀န်ကြီးဟောင်း (အငြိမ်းစား စစ်မှုထမ်းဟောင်း) တဦးက “ရှက်စရာ ကောင်းလိုက်တဲ့ အဖြစ်၊ အခုလို လုပ်တာ လူတွေ ဘယ်လောက်တောင် အကြည်ညို မဲ့မလဲ။ ဒါအမှားကြီး တခုပဲ ဆိုတာတောင်  မစဉ်းစားနိုင်ဘူး”ဟု စိတ်ပျက်ဟန်နှင့် မျက်နှာကို မဲ့ကာ ရေရွတ်သည်။
သူကဲ့သို့ပင် အစိုးရ အမှုထမ်းများ၊ ပင်စင်စား များသာမက စစ်မှုထမ်းဟောင်း အတော်များများကလည်း စစ်အစိုးရအပေါ်တွင် ယုံကြည်မှု မရှိတော့ကြောင်း ပြောပြသည်။
“တပ်မတော်သား ဘ၀တလျှောက်လုံးမှာ ပြည်သူတွေ ချစ်တာကိုပဲ လိုချင်ခဲ့တယ်။ ခုတော့ လူတွေက စစ်သားဆိုရင် ရွံမုန်းကြီး ဖြစ်နေကြပြီ။ ဒါဟာ နောင်လာ နောက်သားတွေ အတွက် မကောင်းသလို၊ တိုင်းပြည် အတွက်လည်း မကောင်းပါဘူး” ဟု သူကဆိုသည်။
သူသည် စစ်အစိုးရ လက်ထက်မှာပင် ဒု ဗိုလ်မှူးကြီးဘ၀နှင့် တပ်မှထွက်ခဲ့ရပြီး ဗိုလ်ချုပ်အောင်ဆန်းကိုလည်း ကြည်ညို ချစ်ခင်ခဲ့သလို၊ သမီးဖြစ်သူ ဒေါ်အောင်ဆန်း စုကြည်ကိုလည်း စိတ်တွင်းမှ ကြည်ညိုစိတ်ဝင်ခဲ့သူ တဦးဖြစ်သည်ဟု ပြောပြသည်။
“ကျနော် စစ်တပ်ထဲဝင်ခဲ့တာ ဗိုလ်အောင်ဆန်းကို သဘောကျလွန်းလို့ အားကျလွန်းလို့ ၀င်ခဲ့တာပဲ။ ဒါပေမယ် တပ်မတော်က ကျနော်ငယ်ငယ်က ထင်ထားခဲ့သလို မဟုတ်တော့ဘူး။ ခုတော့ တရားဥပဒေကလည်း မခိုင်မာတော့ ပိုဆိုးနေမှာ အမှန်ပဲ” ဟု သူက လက်ရှိ တပ်မတော်နှင့် ပတ်သက်ပြီး ညည်းညူသည်။
မေလ ၁၉ ရက်နေ့၊ အစိုးရထုတ် မြန်မာ့အလင်း၊ ကြေးမုံစသည့် သတင်းစာတို့၏ နောက်ကျောဘက် စာမျက်နှာတွင် အမေရိကန်နိုင်ငံသား ဂျွန် ၀ီလျံ ယက်ထော၊ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ခင်ဝင်းနှင့် မ၀င်းမမတို့အား အမှုဖွင့်စစ်ဆေးကြားနာ ဆိုသည့် ခေါင်းကြီးနှင့် ရေးသားထားသည့် အမှုအကြောင်းကို ဖတ်ကာ သူ စိတ်ထိခိုက်သွားခဲ့ရသည်ဟု ပြောသည်။
ဂျွန် ၀ီလျံ ယက်ထောသည် အင်းလျား ကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည်၏ နေအိမ်သို့ ရေကူး၍ သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာ နေထိုင်ခဲ့ပြီး မေလ ၆ ရက်နေ့တွင် အင်းလျားကန် အတွင်း၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြခဲ့သည်ကို ဖတ်ရှုမိကတည်းက အစိုးရ အနေနှင့် နောက်ထပ် အမှားကြီးကြီး တခုကို ထပ်မံကျူးလွန်မိပြီ ဖြစ်ကြောင်း သူက ဝေဖန်သည်။
“အထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်း စုကြည်ကို ခြေချုပ်ဥပဒေ ချိုးဖောက်တယ်လို့ ပြောတာကစ သဘာဝ မကျဘူး။ တော်တော် များများကလည်း ဒီသတင်းကို သတင်းစာမှာ ဖတ်ရကတည်းက အမှုဆင်တာပဲလို့ ပြောကြတယ်။ ခုလည်း ဇွတ်အတင်း စီရင်ချက်ချတော့မယ် ဆိုတာကို ဒီသတင်းဖတ်ကြည့်ရုံနဲ့ သိရတယ်” ဟု သူက ဆိုသည်။
မေလ ၁၉ ရက်နေ့ထုတ် သတင်းစာတွင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ကျူးလွန်သူ တဦးဖြစ်စေရန် ပုံဖော်ရေးသား ထားသည်ကို တွေ့ရကြောင်းသူက ပြောသည်။
တချိန်က တပ်မတော်တွင် ဒု ဗိုလ်မှူးကြီး အဆင့်ထိသာမက ဒု ၀န်ကြီး အဖြစ်လည်း တာဝန်ထမ်းဆောင် ခဲ့ဖူးသော သူသည် လက်ရှိ အခြေအနေတွင် ပင်စင်စား ဘ၀နှင့် ရှိနေပြီး ဘီဘီစီ၊ ဗီအိုအေ၊ ဒီဗီဘီ ရေဒီယိုများ နားထောင်လေ့ ရှိသော ပြည်သူတဦး ဖြစ်လျှက်ရှိသည်ကို တွေ့ရသည်။
သူသည် ၁၉၉၆ ခုနှစ် လှည်းတန်း အရေးအခင်း၊ ဒီပဲယင်း လုပ်ကြံမှုနှင့် ၂၀၀၈ ခုနှစ် စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး တို့အပေါ် စစ်အစိုးရ၏ ဆောင်ရွက် ချက်များနှင့် ပတ်သက်ပြီး ရှုတ်ချခဲ့သူဖြစ်သည်။
သူ့လိုပင် ၀န်ကြီးဌာန တခုတွင် ညွှန်ကြားရေးမှူး ရာထူးအထိ တာဝန် ထမ်းဆောင်ခဲ့ဖူးသော အငြိမ်းစား ဗိုလ်မှူးကြီး တဦးကလည်း “ဒေါ်အောင်ဆန်း စုကြည်ကို ပြန်မလွှတ်ချင်လို့ ခုလိုလုပ်တာ၊ ဒါက အောက်တန်းကျတဲ့ နည်းပဲ။ ကမ္ဘာက အထင်မကြီးတဲ့ စစ်ခေါင်းဆောင်တွေကို ပိုပြီး အမြင်ဆိုးသွားစေတာပေါ့” ဟု လက်ရှိ စစ်အစိုးရကို ဝေဖန်သည်။
ထင်ရှားသည့် ၀ါရင့် သတင်းစာဆရာကြီး တဦးကလည်း ဒေါ်အောင်ဆန်း စုကြည်ကို ဆက်လက် ထိန်းသိမ်းထား ချင်သည့်အတွက် ယခုလို လုပ်နေခြင်း ဖြစ်ကြောင်း၊ ထိုသို့ လုပ်နေခြင်းအားဖြင့် ၂၀၁၀ ရွေးကောက်ပွဲမှာလည်း တရားမျှတမှု မရှိနိုင် ဆိုသည်ကို ပြသနေကြောင်း ပြောဆိုသည်။
“နိုင်ငံခြားသား တယောက် ခြံထဲ ဝင်တာကို အကြောင်းပြပြီးတော့ တရားစွဲတယ်။ တရားခွင်ကလည်း တရားမျှတမှု မရှိနိုင်ဘူး။ ဘယ်သူ့ကိုမှလည်း ၀င်ခွင့်ပေးမှာ မဟုတ်ဘူး၊ တရားလိုပြ သက်သေ တွေကအစ သူတို့ တမင်လုပ်ကြံ ဖန်တီးဦးမှာပဲ ဆိုတာ ထင်ရှားတယ်”ဟု အဆိုပါ သတင်းစာ ဆရာကြီးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အား ၂၀၁၀ ရွေးကောက်ပွဲတွင် မပါဝင်စေလိုသည့် အတွက် ယခုကဲ့သို့ အကွက်ဆင်ကာ ဖမ်းဆီးပြီး ထောင်ချရန် ကြံစည်ခြင်း ဖြစ်ကြောင်း အသက် ၇၀ ၀န်းကျင်အရွယ် နိုင်ငံရေးသမားကြီးတဦးက ဝေဖန်သည်။
“တပ်မတော်က ခုထက်ပိုပြီးတော့ အရုပ်ဆိုးစရာလည်း မရှိတော့ဘူး” ဟု သူက ဆိုသည်။
ဝ တပ်မတော်က စစ်အစိုးရ၏ နယ်ခြားစောင့်တပ် အဆိုပြုချက်ကို ပယ်ချ
Print E-mail
ဆော်လမွန်
စနေနေ့၊ မေလ 23 2009 13:02 – မြန်မာစံတော်ချိန်
နယူးဒေလီ (မဇ္ဈိမ)။     ။ စစ်အစိုးရနှင့် အပစ်အခတ် ရပ်ထားပြီး မြန်မာနိုင်ငံ၏ အင်အား အတောင့်တင်းဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဝပြည် သွေးစည်းရေး တပ်မတော်သည် စစ်အစိုးရက အကြံပြုထားသည့်အတိုင်း ပြုပြင်ပြောင်းလဲရေး မလုတ်ဘဲ ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု ပြောသည်။
မေလ ၁၉ ရက်နေ့က ကျင်းပခဲ့သော အစည်းအဝေးတွင် မိမိတို့၏ တပ်ဖွဲ့ကို မိမိတို့၏ ကွပ်ကဲမှုအောက်၌ပင် ဆက်လက်ထားရှိရန် ဆုံးဖြတ်ခဲ့သည်ဟူ၍ သတင်းဌာနများကို ဖြေကြားရန် အဖွဲ့က ခွင့်ပြုထားခြင်း မရှိသဖြင့် အမည်မဖော်လိုသည့် UWSA အရာရှိတဦးက မဇ္ဈိမကို ယနေ့က ပြောဆိုခြင်း ဖြစ်သည်။
“ဒါ ကျနော်တို့အတွက် မဖြစ်နိုင်လို့ ကျနော်တို့တပ်ကို စစ်အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ ထားရှိရေးကို ခွင့်မပြုနိုင်ပါဘူး။ အဖွဲ့ဝင်အားလုံးက ဒီအကြံကို ပယ်ချခဲ့ပါတယ်” ဟု ထိုအရာရှိက ပြောသည်။
ဤဆုံးဖြတ်ချက်သည် မြန်မာစစ်အစိုးရက UWSA အပါအဝင် အခြားအပစ်ရပ် လက်နက်ကိုင်အဖွဲ့များကို ၎င်းတို့စစ်တပ်၏ အုပ်ချုပ်မှုအောက်သို့ လွှဲပြောင်းပေးရန် ဧပြီလနှောင်းပိုင်းက အဆိုပြုခဲ့ပြီးနောက် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။
စစ်အစိုးရ၏ စစ်ဘက်ရေးရာ လုံခြုံရေးဌာန အကြီးအကဲ ဒုဗိုလ်ချုပ်ကြီးရဲမြင့်သည် UWSA ကိုယ်စားလှယ်အဖွဲ့ကို ရှမ်းပြည်နယ်အရှေ့ပိုင်း တန့်ယန်းမြို့တွင် ဧပြီလ ၂၈ ရက်နေ့က တွေ့ဆုံခဲ့သည်။ သူသည် အခြား လက်နက်ကိုင်အဖွဲ့များဖြစ်သော ရှမ်းပြည်တပ်မတော်-မြောက်ပိုင်း SSA-N၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) တို့နှင့်လည်း အလားတူ တွေ့ဆုံခဲ့သည်။
အလားတူ မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းကလည်း ကချင်လွတ်လပ်ရေးအဖွဲ့၊ တပ်မတော် (KIO/A) နှင့် ဒီမိုကရေစီသစ် တပ်မတော်-ကချင် (NDA-K) တို့ကို မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် တွေ့ဆုံခဲ့သည်။
အဆိုပါ အစည်းအဝေးများအတွင်း စစ်အစိုးရအရာရှိများက အပစ်ရပ်အဖွဲ့များကို ‘နယ်ခြားစောင့်တပ်’ အဖြစ် အသွင်ပြောင်းလဲရန်နှင့် တပ်၏ အုပ်ချုပ်မှုကို တပ်မတော်သို့ လွှဲပြောင်းပေးရန် အဆိုပြုခဲ့သည်။ စစ်အစိုးရ၏ အဆိုပါ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး လမ်းညွှန်မှုများအရ တပ်ဖွဲ့ဝင်အင်အားကို တပ်ရင်းတရင်းလျှင် ၃၂၆ ဦး အထိ လျှော့ချရမည်ဖြစ်ပြီး ယင်းအရေအတွက်ထဲတွင် မြန်မာစစ်သား ၃ဝ ပါဝင်ရမည်ဖြစ်သည်။
ယင်းအဆိုပြုချက်သည် ယခင်ကောလာဟလ ဖြစ်ပွားနေသည့် အပစ်ရပ်အဖွဲ့များကို လက်နက်ဖြုတ်မည် ဆိုသည့်ကိစ္စနှင့်စာလျှင် ပျော့ပျောင်းလာသည့် သဘောရှိသည်။ UWSA ကမူ သူတို့အနေနှင့် ဤအဆိုပြုချက်ကို လက်မခံနိုင်ကြောင်းနှင့် သူတို့အနေနှင့် မိမိတို့၏ စစ်တပ်ကို မိမိတို့ပင် ဆက်လက်အုပ်ချုပ်စီမံ ခန့်ခွဲသွားမည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။
သူတို့အနေနှင့် စစ်အစိုးရထံ တရားဝင်ပြန်ကြားမှု မလုပ်ရသေးကြောင်းနှင့် မကြာမီ သူတို့ကို အသိပေး အကြောင်းကြားသွားမည်ဖြစ်ကြောင်း အဆိုပါ အရာရှိက ပြောသည်။
“ကျနော်တို့ ဆုံးဖြတ်ချက်ကို ဖော်ပြထားတဲ့ တရားဝင် အကြောင်းကြားစာ တစောင်ကို သူတို့ (စစ်အစိုးရ) ဆီပေးပို့ဖို့ ကျနော်တို့ ပြင်ဆင်နေပါတယ်” ဟု သူက ပြောသည်။
အဖွဲ့၏ အမည်ပြောင်းလဲခြင်းနှင့် ပတ်သက်၍ သူတို့အနေနှင့် ဘာမှ ပြဿနာမရှိသော်လည်း တပ်၏ ဖွဲ့စည်းပုံ ပြောင်းလဲရေးမှာမူ မဖြစ်နိုင်ကြောင်းနှင့် ယင်းသို့ ပြုလုပ်ခြင်းသည် အဓိပ္ပာယ်ကင်းမဲ့သည်ကို ဆယ်စုနှစ်ပေါင်းများစွာ သက်သေပြခဲ့ပြီးဖြစ်ကြောင်း အဆိုပါ အရာရှိက ဆက်လက်ပြောကြားသည်။
UWSA သည် ၁၉၈၉ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်ရပ်သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး မကြာသေးမီ နှစ်များအတွင်း လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ရန် စစ်အစိုးရ၏ ဖိအားပေးခြင်းကို တိုးမြှင့်၍ ခံလာနေရသည်။
“ကျနော်တို့ရဲ့ အခုလို ဆုံးဖြတ်ချက်အပြီးမှာ စစ်အစိုးရဆီက ဖိအားတွေပိုရလာမယ်လို့ ကျနော်တို့ မျှော်လင့်နေပါတယ်။ ဘယ်သူမှ စစ်မတိုက်ချင်ပါဘူး။ ကျနော်တို့ကြားက ကွဲလွဲချက်တွေကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်” ဟု ထိုအရာရှိက ပြောသည်။
ထိုအတောအတွင်း နောက်ထပ် အဓိက အပစ်ရပ်အဖွဲ့တခုဖြစ်သော ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကလည်း သူတို့အချင်းချင်းကြားတွင် ဤကိစ္စ တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ ယင်းတို့ အဖွဲ့ထိန်းချုပ်ထားရာ တရုတ်-မြန်မာ နယ်စပ်မြို့ လိုင်ဇာတွင်လည်း မေလ ၁၁ မှ ၁၄ ရက်နေ့အထိ လူထုနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်ကြောင်းနှင့် စစ်အစိုးရနှင့်လည်း မေလ ၂၀-၂၁ ရက်နေ့များတွင် ထပ်မံတွေ့ဆုံခဲ့ပြီးသော်လည်း စစ်အစိုးရ၏ အဆိုပြုချက်နှင့် ပတ်သက်၍ မဆုံးဖြတ်ရသေးကြောင်း ပြောသည်။
စစ်အစိုးရ၏ အဆိုပြုချက်ဖြစ်သော ယင်းတို့၏ တပ်များ အသွင်ပြောင်းရေးကို အပစ်ရပ်အဖွဲ့အများစုက ပယ်ချဖွယ်ရှိကြောင်း တရုတ်-မြန်မာ အခြေစိုက် လေ့လာသုံးသပ်သူ ဦးအောင်ကျော်ဇောက ပြောသည်။
“ဒါ သူတို့အတွက် လက်မခံနိုင်လို့ UWSA က ပယ်ချတာ။ တခြား အဖွဲ့တွေလည်း ဒီလိုပဲ။ ဒါပေမယ့် တချို့အဖွဲ့တွေကတော့ လက်ခံကောင်း လက်ခံပါလိမ့်မယ်” ဟု သူက ပြောသည်။
“စစ်အစိုးရက ဒီငြိမ်းအဖွဲ့အများစုက သူတို့ အဆိုပြုချက်ကို ပယ်ချမယ်ဆိုတာ သိပြီးသား။ ဒါပေမယ့် တဖွဲ့တလေများ လက်ခံမလားလို့ ကံစမ်းကြည့်တဲ့ သဘောပဲ” ဟု သူက ဆက်ပြောသည်။
စစ်အစိုးရ၏ အမိန့်အတိုင်း နီးကပ်စွာ လိုက်လုပ်နေသော ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ခွဲထွက်အဖွဲ့တခုဖြစ်သော ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် (DKBA) ကဲ့သို့သော အဖွဲ့များကမူ ဤအဆိုပြုချက်ကို လက်ခံကောင်း လက်ခံလိမ့်မည်ဟု သူက ဆိုသည်။
ဤသို့ လက်နက်ကိုင် အဖွဲ့များအပေါ် စစ်အစိုးရ၏ ဖိအားများ တိုးမြင့်လားနေသော်လည်း ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို အာရုံစိုက် လုပ်ဆောင်နေရသဖြင့် ရန်လိုတိုက်ခိုက်မှု အသစ်များ ထွက်ပေါ်လာဖွယ်တော့ မရှိပါ။
ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၉ ခုနှစ်အတွက် မဟတ္တမ ဂန္ဒီဆု ရွေးချယ်
သောကြာနေ့၊ မေလ 22 2009 22:10 – မြန်မာစံတော်ချိန်
တောင်အာဖရိက အခြေစိုက် ဂန္ဒီဖွံ့ဖြိုးမှု ရန်ပုံငွေ အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၉ ခုနှစ်အတွက် မဟတ္တမ ဂန္ဒီ နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် ပြန်လည် ရင်ကြားစေ့ရေးဆု အတွက် ရွေးချယ်လိုက်သည်။
နိုင်ငံရေး အကျပ်အတည်းတွေကို အကြမ်းမဖက် အနုနည်းနှင့် ဖြေရှင်းဖို့ ကြိုးစားသူတွေကို ပေးအပ်တာဖြစ်တဲ့ ဒီဆုကို တောင်အာဖရိက ဂန္ဒီဖွံ့ဖြိုးမှု ရန်ပုံငွေ အဖွဲ့က ချီးမြှင့်လိုက်ခြင်း ဖြစ်သည်။
ယင်းဆုကို မဟတ္တမ ဂန္ဒီ တောင်အာဖရိကတွင် ထုတ်ဝေသည့် Indian Opinion သတင်းစာ နှစ် ၁၀၀ ပြည့်သည့် အထိမ်းအမှတ် အဖြစ် ၂၀၀၃ ခုနှစ်မှ စတင်ပေးအပ်ခြင်း ဖြစ်သည်။
——————————
———————-
ကင်ဒေးဂျုံက ဒေါ်စုအတွက် ဒေါ်လာ ၁ သောင်း လှူဒါန်း
သောကြာနေ့၊ မေလ 22 2009 20:50 – မြန်မာစံတော်ချိန်
တောင်ကိုရီးယား သမ္မတဟောင်း ကင်ဒေးဂျုံက ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး လှုပ်ရှားမှုများကို အထောက်အကူပြု သုံးစွဲနိုင်ရန်အတွက် ယနေ့တွင် မြန်မာ အတိုက်အခံများသို့ ဒေါ်လာငွေ တသောင်း လှူဒါန်းလိုက်သည်။
ပြည်ပရောက် မြန်မာ လွှတ်တော်အမတ်များနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) မှ ကိုယ်စားလှယ်များအား ဆိုးလ်မြို့ရှိ သူ၏ နေအိမ်သို့ ဖိတ်ခေါ်ကာ လှူဒါန်းငွေကို ပေးအပ်လိုက်ခြင်း ဖြစ်ကြောင်း ကိုရီးယားတိုင်းမ် သတင်းစာကြီး၏ အင်တာနက် ဝဘ်ဆိုဒ်တွင် ရေးသားထားသည်။
—————————————————-
ယနေ့ အင်းစိန်ထောင် အနီးတဝိုက် မြင်ကွင်းများ။
—————————————————-
ကြားနာထိုက်သော အမှုအဖြစ် တရားရုံးဆုံးဖြတ်
သောကြာနေ့၊ မေလ 22 2009 19:50 – မြန်မာစံတော်ချိန်
နေအိမ် အကျယ်ချုပ် ကာလအတွင်း စည်းကမ်း ချိုးဖောက်သည်ဆိုသော ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲကာ အပြစ်ပေးပါရန် စစ်အစိုးရက အင်းစိန်ထောင်အတွင်း အထူးတရားရုံးသို့ ဦးတိုက် လျှောက်ထားချက်ကို လက်ခံစစ်ဆေးရန် တရားရုံးက ယနေ့ ဆုံးဖြတ်လိုက်သည်
ယနေ့ ညနေ ၄ နာရီ၄၅ မိနစ်တွင် တရားရုံးကို ၄၅ မိနစ်ကြာ ရပ်နားပြီး နှစ်ဦးပါ တရားသူကြီးအဖွဲ့က ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ယနေ့တွင် သက်သေ နှစ်ဦးကို စစ်ဆေးခဲ့ပြီး နောက်တခါ ရုံးချိန်းကို တင်္နလာနေ့သို့ ချိန်းဆိုလိုက်သည်။
—————————————————-
ယနေ့ ရုံးချိန်းပြီးဆုံး
သောကြာနေ့၊ မေလ 22 2009 18:30 – မြန်မာစံတော်ချိန်
ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများ အင်းစိန် အကျဉ်းထောင်မှ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်သည်။ ငါးရက်မြောက်ဖြစ်သည့် ယနေ့တွင်လည်း တရားခွင် ကြားနာချိန် အစပိုင်းရက်များကထက် ပိုမို ကြာမြင့်ခဲ့သည်။
—————————————————-
တရားခွင်ကို ကန့်ကွက်ကြောင်း ဧရာဝတီတိုင်းလူငယ်များ ပြော
သောကြာနေ့၊ မေလ 22 2009 18:15 – မြန်မာစံတော်ချိန်
ဒေါ်အောင်ဆန်းစုကြည်၏ အမှုနှင့် ပတ်သက်၍ ဧရာဝတီတိုင်းရှိ သူ၏ပါတီဝင် လူငယ်များက “တရားခွင်သည် အများပြည်သူ ရှေ့မှောက်ပြုလုပ်သော လွတ်လပ်သည့် တရားခွင် မဟုတ်သဖြင့်” ဆိုကာ ကန့်ကွက်ကြောင်း ပြောဆိုလိုက်သည်။
ဧရာဝတီတိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့၏ လှုပ်ရှားမှု တခုဖြစ်သည့် ယနေ့ ကြေညာချက် ထုတ်ပြန်မှုတွင် “အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အရေးပါသူ” ဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး ပြန်လွှတ်ပေးရန်လည်း တောင်းဆိုထားသည်။
—————————————————-
ဒေါ်နော်အုန်းလှနှင့် မေးမြန်းချက်
သောကြာနေ့၊ မေလ 22 2009 15:40 – မြန်မာစံတော်ချိန်
ဒေါ်အောင်ဆန်းစုကြည်ကို အခိုင်အမာ ထောက်ခံသူတဦးဖြစ်သူ ဒေါ်နော်အုန်းလှသည် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အင်္ဂါနေ့တိုင်းတွင် ရွှေတိဂုံဘုရားတတ် ဝတ်ပြု ဆုတောင်းသည့်အဖွဲ့ကို ဦးဆောင်လေ့ရှိသည်။ ဒေါ်အောင်ဆန်းစုကြည် တရားခွင် ကြားနာသည့် နေ့စဉ်လိုပင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ထုတ်ပယ်ထားခြင်းခံရသူ ဒေါ်နော်အုန်းလှသည်လည်း သွားရောက်ကာ ထောက်ခံမှုကို ပြသနေသူ ဖြစ်သည်။
သူက ယခုအမှုနှင့် ပတ်သက်၍ သတင်းစာ လွတ်လပ်ခွင့် မရသည်ကို အဓိကထား၍ မဇ္ဈိမသို့ ပြောကြားသွားသည်။
“ဒီလို တရားစွဲတယ် ဆိုကတည်းက မတရားတဲ့ ကိစ္စပဲလေ။ ပြောရရင်တော့ ပြောစရာတော့ ရှိပါတယ်။ ဒီလို ဖြစ်လာတာက သူတို့ တာဝန် ပျက်ကွက်တဲ့အတွက် ဖြစ်ရတယ်လို့ ထင်တယ်။ သူတို့ ရေးတာက သူတို့ ရေးတာပဲလေ။ ကျမတို့ အမြင်ကတော့ သူတို့ လုပ်တာပဲ မြင်တယ်။ သတင်းစာတို့၊ ဂျာနယ်တို့ ဆိုတာက သူတို့ ပေါ်လစီတွေ၊ သူတို့လုပ်တဲ့ ဟာတွေ ရေးရတယ်ဆိုတော့ အစိုးရအာဘော်ပဲ ရေးတာပဲလေ။ စာပေ လွတ်လပ်မှုမှ မရှိတာရယ်၊ သတင်းပုံစံလည်း မကျဘူး။ သတင်းထောက်တွေက ရေးချင်ရာ ရေးလို့မှ မရဘဲ။ စာပေစိစစ်ရေးကနေ သွားရတဲ့အတွက် စာပေစိစစ်ရေးက မကျေနပ်ရင် ပယ်တယ်လေ။”
“အခုဆိုရင် ဒေါ်စု ကိစ္စနဲ့ ပတ်သက်ပြီး အားလုံးက ယုံကြည်တာက အစိုးရက လုပ်တယ်လို့ ဒီလိုပဲ ယုံကြည်နေကြတယ်။ အခုလို နိုင်ငံခြားသားတွေ ပေးတွေ့တဲ့ဟာက ဘာလဲဆိုတော့ ကမ္ဘာက ဖိအားပေးနေတဲ့ ကိစ္စတွေ လျော့ပါးအောင် လုပ်တာ ဖြစ်တယ်လို့ ပြည်သူတရပ်လုံးက ယုံကြည်တယ်။”
“လာတဲ့ လူတွေ အားလုံး အကုန်လုံး မိုးတွေ စိုရွှဲနေတယ်။ မိုးရွာထဲမှာ အခု လက်ရှိ ရှိနေတာက ၃၀၀ နဲ့ ၄၀၀ ကြားတော့ ရှိတယ်။”
YELLOW BREEZE
အင်းစိန်ထောင်ရှေ့ ဆန္ဒဖော်ထုတ်ပွဲ (ဦးဝင်းတင်နှင့် အင်တာဗျူး)
Print E-mail
ကိုဝိုင်း
ကြာသပတေးနေ့၊ မေလ 21 2009 13:49 – မြန်မာစံတော်ချိန်
ချင်းမိုင် (မဇ္ဈိမ)။     ။ ဒေါ်အောင်ဆန်းစုကြည်အား တရားစီရင်နေသည့် အချိန်ကာလတွင် အင်းစိန်ထောင်ရှေ့ သွားရောက် စုရုံးနေသူများသည် ဆန္ဒပြနေခြင်း မဟုတ်ဘဲ ‘ဆန္ဒဖော်ထုတ်နေခြင်း’ သာဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က ပြောသည်။
လက်ရှိပြုလုပ်နေသော တရားခွင်နှင့်ပတ်သက်၍ သူ့အမြင်ကို  ဦးဝင်းတင်က မဇ္ဈိမသတင်းထောက် ကိုဝိုင်းသို့ ဖြေကြားထားသည်။
ဒေါ်အောင်ဆန်းစုကြည်ကို အများပြည်သူရှေ့မှာ တရားစီရင်တာ မဟုတ်ဘဲနဲ့ အခုလိုမျိုး တံခါးပိတ် စီရင်နေတဲ့ကိစ္စအပေါ်မှာ ဘယ်လိုမြင်ပါသလဲ ခင်ဗျာ။
တရားစီရင်တဲ့အခါမှာ တစ်က ဒါတွေက ဘာမှ မဆန်းသလိုဖြစ်နေတယ်။ ကျနော်နေခဲ့တဲ့ နှစ်ပေါင်း ၄ဝ လောက်အတွင်းမှာ မဆလခေတ် တခေတ်လုံးကလည်း အလားတူပဲဗျနော်။ အများပြည်သူရဲ့ ရှေ့မှောက်မှာ တရားစီရင်တာမဟုတ်ဘဲနဲ့ သူတို့ရဲ့ တံခါးပိတ် တရားစီရင်ရေး ပုံစံနဲ့ပဲ အများကြီး ကျနော် ကြုံခဲ့ဖူးတော့ ကျနော့်အဖို့ကတော့ မဆန်းသလိုပဲလို့ ပြောလို့ရတယ်ဗျာ။
သို့သော်လည်း ဘာပဲပြောပြော ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုး၊ သို့မဟုတ်ရင်လည်း ဒီမိုကရေစီလို့ ကြွေးကြော်နေတဲ့ ခေတ်ကာလမျိုး၊ နောက်တခါ ပါတီအဖွဲ့အစည်း ဒီမိုကရေစီအဖွဲ့အစည်းတခုရဲ့ ခေါင်းဆောင်တယောက်ကို တရားစီရင်တဲ့ အခါမှာတော့ အများပြည်သူ နားထောင်သင့်တယ်လို့ ကျနော် ယူဆတယ်။
ဥပမာ – ဆိုပါတော့ သခင်စိုးအမှု တရားစီရင်တဲ့အခါမှာ လွတ်လပ်စွာ တရားစီရင်ခွင့်မရဘူး။ တံခါးပိတ်စီရင်တယ်။ အဲဒီလို စီရင်တဲ့အခါမှာ သူလည်း နိုင်ငံရေးသမားပဲ ဘာလို့ သူ့ကို တံခါးပိတ်စီရင်တာ မကန့်ကွက်ဘဲနဲ့ ဒေါ်စုကျမှ ဘာလို့ ကန့်ကွက်လဲ ပြောစရာ အခြေအနေကပေါ်လာတယ်။ သခင်စိုးကိုက နိုင်ငံရေးခေါင်းဆောင် တယောက်အနေနဲ့ တရားစီရင်တာ မဟုတ်ဘူးဗျ။ သူပုန်ခေါင်းဆောင် တယောက်အနေနဲ့ တရားစီရင်တာ။ ဒေါ်အောင်ဆန်းစုကြည်က သူပုန်ခေါင်းဆောင်မဟုတ်ဘူးဗျ။ နိုင်ငံရေးပါတီ အဖွဲ့အစည်းတခုရဲ့ ခေါင်းဆောင်။
သခင်စိုးလက်ထက်မှာ တရားစီရင်တယ် ဆိုတာတောင်မှ သခင်စိုး တရားစီရင်ချက်တွေကို သတင်းစာမှာ ပုံမှန်ဖော်ပြတာ ရှိသေးတယ်ဗျ။ လူတွေလည်း သတ်မှတ်ထားတဲ့အတိုင်း ၁ဝ ယောက်၊ ၁၅ ယောက် တနေ့ကို စသည်ဖြင့် နားထောင်ခွင့် ရသေးတယ်ဗျ။ မီဒီယာလည်း အဲဒီမှာ သွားပြီး နားထောင်ခွင့်ရတယ်။
ကျနော်ပြောချင်တာက ခေတ်ကာလနဲ့ လုံးဝမကိုက်ညီဘူး။ ဒီလိုဟာမျိုးတွေ နှစ်ပေါင်း ၄ဝ လောက် တွေ့ခဲ့ဖူးတယ် ဆိုသော်ငြားလည်း၊ ဥပမာ – ထောက်လှမ်းရေးအမှုပေါ့ဗျာ။ တံခါးပိတ်ဆိုတာတောင် ဒေါ်အောင်ဆန်းစုကြည် အခုဖြစ်နေတာထက် ပိုပြီးတော့ အများကြီး လွတ်လပ်တယ်။ ငွေစက္ကူအမှုတွေ စစ်ဆေးတာတွေ ရှိတယ်။ ဒါကြောင့် ကျနော်တို့က လက်မခံနိုင်ဘူး။ ကန့်ကွက်နေတာ။
ဒေါ်အောင်ဆန်းစုကြည်ကို အခုလိုမျိုး အများပြည်သူ ရှေ့မှောက်မှာ ရုံးထုတ်တာမလုပ်ဘဲနဲ့ သီးသန့် တံခါးပိတ် စစ်ဆေးတာဟာ အများပြည်သူရဲ့ မူလအခွင့်အရေးရယ်၊ ကာယကံရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မူအခွင့်အရေးရယ်တွေကို ချိုးဖောက်ခံရတယ်လို့ရော ယူဆပါသလားခင်ဗျာ။
ကျနော်က ယူဆပါတယ်။ ဘာလို့လဲဆိုတော့ လူတယောက်ဟာ တရားခွင်ကို သွားရတယ်ဆိုတာ သူ့ရဲ့ဘဝကို ချောက်ကမ်းပါးနား သွားနေရတာ။ သူ ချောက်ထဲကို လိမ့်ကြသွားမလား၊ ကမ်းပေါ်မှာပဲ တင်ကျန်နေမလား၊ မသိရတဲ့ အခြေအနေမျိုး။ အဲဒီ လူကို သူ့ရဲ့အမှုကို လွတ်လပ်စွာ တရားစီရင်ခြင်း၊ မှန်ကန်မျှတစွာ စီရင်ခြင်း မရှိရုံတင်မကဘူး၊ သူ့ တရားစီရင်ခြင်းကို အများပြည်သူ ကြားနာနိုင်ဖို့ ဥပဒေအရ အခွင့်အရေး ရှိပါရဲ့နဲ့ ခွင့်ပြုချက်မရဘူးဆိုတာက သူ့လူ့အခွင့်အရေး ချိုးဖောက်ခံရတာပဲလို့ ပြောနိုင်ပါတယ်။
အလားတူပဲ အများပြည်သူက ကြားနာခွင့်မရတာလည်း တရားခွင်မှာ အများပြည်သူရှေ့မှောက် ခံရမယ်လို့ ဥပဒေပြဋ္ဌာန်းချက် ရှိရဲ့သားနဲ့ နအဖ အစိုးရလက်ထက်မှာလည်း ဒီဥပဒေကို ဆက်လက်ပြဋ္ဌာန်းထားပါလျက်နဲ့ နားထောင်ခွင့်မရဘူး၊ လေ့လာခွင့် မရဘူး။ ဒါလည်း ချိုးဖောက်ခံရတာပဲ။
ဒေါ်စုကို ရုံးထုတ်နေတုန်း အန်အယ်ဒီအဖွဲ့ဝင်တွေ၊ အန်အယ်ဒီကို ထောက်ခံတဲ့လူတွေ၊ ဒီမိုကရေစီလိုလားသူတွေဟာ အင်းစိန်ထောင်ရှေ့နဲ့ အင်းစိန်မြို့နယ်အတွင်းမှာ စုဝေးနေကြတာ သတိထားမိပါတယ်။ ဒီကိစ္စအပေါ်မှာ ဘယ်လိုမြင်ပါသလဲ ခင်ဗျာ။
ကျနော် အဲဒီမှာ လူတွေနဲ့ စကားပြောဖြစ်တယ်။ သူတို့ရဲ့ အမြင်တွေ၊ သဘောထားတွေ၊ ခံစားချက်တွေကို သိရတာပေါ့။ ပြောချင်တာက ကျနော် အပါအဝင် အဲဒီရှေ့မှာ ရောက်လာပြီးတော့ စုရုံးနေတဲ့ လူတွေရဲ့ အခြေခံအမြင်ပေါ့ဗျာ။ အဲဒါနဲ့ ပတ်သက်ပြီး ကျနော် သူတို့ကိုလည်း ကိုယ်စားပြုပြီး ပြောနိုင်တယ်။ သူတို့ တဦးချင်းကလည်း ကျနော့်ကို ကိုယ်စားပြုပြီး ပြောနိုင်တယ်။ သူတို့ အချင်းချင်းလည်း ကိုယ်စားပြုပြီး ပြောနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းရဲ့ ရင်ထဲမှာ ရှိနေတာ။ ကျနော်တို့ ကြွေးကြော်သံတွေနဲ့ အော်ဟစ်နေတာ မဟုတ်ဘူး။ စာရွက်စာတမ်းတွေရေးပြီး ကမ်းလှမ်းနေတာ မဟုတ်တဲ့အတွက် တဦးချင်းကိစ္စက သဘောထား အသီးသီးကို မပြောနိုင်ပေမယ့် အားလုံးရဲ့ ရင်ထဲမှာ ရှိနေတဲ့ အမြင်၊ အယူအဆ၊ ခံစားချက်ကိုတော့ ပြောလို့ရတယ်လို့ ထင်တယ်။
ဘယ်လို လူမျိုးတွေ ရောက်လာပြီး၊ ဘာလာလုပ်နေကြတယ်ဆိုတာရော ပြောပြနိုင်မလား ခင်ဗျာ။
အဲဒီထဲမှာ အန်အယ်ဒီတွေ ပါတယ်။ တခြားသော ကျောင်းသား၊ လူငယ်တွေ ပါတယ်ဗျာ။ ရဟန်းသံဃာတွေ ပါတယ်ဗျာ။ လူမျိုးစုံပါတယ်။ ကလေးပါတယ်။ လူကြီးပါတယ်။ မိန်းမပါတယ်။ ယောက်ကျားပါတယ်ပေါ့ဗျာ။ ဒီလူတွေ အားလုံးရဲ့ ရင်ထဲမှာရှိတဲ့ဟာက ဘာလဲဆိုရင် တစ်က ကျနော်တို့ဟာ နတ်ကရာ ချီးမွမ်း လာပြီးထိုင်နေကြတာ မဟုတ်ဘူး။ ငေးမောပြီးတော့ ပွဲတော်တခု လာကြည့်နေတာ မဟုတ်ဘူး။ စတုဒိသာပွဲတခုလာပြီး စားသောက်နေတာ မဟုတ်ဘူး။ နောက်တခုက တချိန်တည်းမှာပဲ ကျနော်တို့ဟာ ဆန္ဒပြနေတာလည်း မဟုတ်ဘူး။ ဒါက အရေးကြီးတယ်။ ဆန္ဒပြချင်တဲ့လူကတော့ ပြမှာပဲ။ မပြဘူးလို့ မပြောနိုင်ဘူး။ ပြချင်တဲ့စိတ် မရှိဘူး၊ ရှိတယ်လည်း မပြောဘူး။
သို့သော် ပုံသဏ္ဍာန်အားဖြင့်၊ အမြင်အားဖြင့်ဆိုရင် ကျနော်တို့တတွေဟာ ငေးမောပြီးတော့ နေပူကျဲတဲမှာ ထိုင်စရာမရှိ၊ နေစရာမရှိ၊ စားစရာမရှိ၊ သောက်စရာမရှိ၊ အပေါ့အပါးသွားစရာမှ မရှိတဲ့ အနေအထားမျိုးမှာ နာရီပေါင်းများစွာ။ တချိန်တည်းမှာပဲ ကျနော်တို့က ဆူပူခြင်း၊ ဆန္ဒပြခြင်း၊ အော်ဟစ်ခြင်း၊ တောင်းဆိုခြင်း ဒါတွေ လုပ်နေတာလည်း မဟုတ်ဘူး။ အားလုံး တိတ်တိတ်ငြိမ်ငြိမ်ပဲ။ စကားတောင် အော်ကျယ်မပြောဘူး။
ဒါဆိုရင် ဘာလုပ်နေတာလဲလို့မေးရင် ကျနော်ကပြောမယ်၊ အကုန်လုံး ရင်ထဲမှာ နိုင်ငံရေးစိတ်တွေ၊ သဘောထားတွေ ရှိတယ်။ နိုင်ငံရေး ခံစားချက်တွေ ရှိတယ်။ အဲဒီဟာတွေနဲ့ သူတို့ လုပ်နေတာ။ နိုင်ငံရေး လုပ်နေတာပဲ။ ဆိုလိုတာကတော့ နိုင်ငံရေးကို ပုံသဏ္ဍာန်တမျိုးနဲ့ လုပ်နေတာ။ အဲဒါ ဘာလဲဆိုရင် ‘ကျနော်တို့ ဆန္ဒ ဖော်ထုတ်နေတာ’ လို့ ပြောချင်တယ်။ တဦးချင်း တဦးချင်း၊ လူတိုင်း လူတိုင်း – ဆန္ဒဖော်ထုတ်နေတာ။
‘ဆန္ဒ ဖော်ထုတ်နေတာ’ ဆိုတာနဲ့ ပတ်သက်ပြီး နည်းနည်း ထပ်ရှင်းပြပေးပါဦးခင်ဗျာ။
ကောင်းပြီ။ ဒါဖြင့် ဘာဆန္ဒတွေလဲလို့မေးရင် တစ်က ဒေါ်အောင်ဆန်းစုကြည်ဟာ ကျနော်တို့ရဲ့ ခေါင်းဆောင်ဖြစ်တယ်။ လူထုခေါင်းဆောင် ဖြစ်တယ်။ အဖွဲ့ချုပ်ခေါင်းဆောင် ဖြစ်တယ်။ ဒီမိုကရေစီခေါင်းဆောင် ဖြစ်တယ်။ ဒီလိုခေါင်းဆောင်မျိုး တယောက်ကို ဘယ်နေရာမှ တရားစီရင်နေမှန်းမသိ၊ လူတွေလည်း မဝင်ရ၊ ဒီအကြောင်းလည်း ဘာမှန်းမသိရ၊ ဆိုတဲ့ အနေအထားမျိုးနဲ့ လုပ်နေတာကို ကျနော်တို့ ဒီအတိုင်းပဲ လက်ပိုက်ကြည့်နေမလား။ မကြည့်နိုင်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားကြည်ညိုတယ်၊ ထောက်ခံတယ်၊ တသားတည်းဖြစ်တယ်၊ တပေါင်းတစည်းတည်း ဖြစ်တယ်ဆိုတာကို ပြချင်တယ်။ အဲဒီဆန္ဒတွေ ရှိတယ်။ အဲဒီဆန္ဒတွေနဲ့ ထောင်ရှေ့မှာ လာပြီး ထိုင်နေကြတာ။
ဒုတိယအချက်က ဘာလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို အခုလို တရားစွဲတာနဲ့ပတ်သက်ပြီး ကျနော်က လုံးဝကို လက်မခံဘူး။ ဒီအမှုက အမှုဆင်တာ၊ ရမယ်ရှာပြီးတော့ ပုဒ်မတပ်တာ။
အမှုဆင်တာလို့ ဘယ်လို အခြေခံအကြောင်းတွေကြောင့် ပြောနိုင်တာလဲ ခင်ဗျာ။
အကွက်ဆင်တာ၊ ဘာလို့လဲဆိုတော့ ထင်ရှားတာ အချက် နှစ်ချက် ရှိတယ်။ တစ်က ဒေါ်အောင်ဆန်းစုကြည်ကို ချုပ်ထားတာ ဒီလ ၂၇ ရက်ဆို လွတ်တော့မယ်။ လွတ်ခါနီးကျမှ ဒီကိစ္စပေါ်လာတယ်။ နောက် သူနဲ့ သက်ဆိုင်တယ်ဆိုတဲ့ လူက ဒုတိယ အကြိမ် ပြန်လာတာဗျ။ ဒီ ယက်တော ဆိုတဲ့လူက လွန်ခဲတဲ့နှစ်တုန်းက ရောက်ခဲ့ပြီးပြီ။ ရောက်ခဲ့တာကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကနေ ဒေါက်တာတင်မျိုးဝင်းကနေတဆင့် ပြည်ထဲရေးဌာနကို တိုင်ကြားပြီးပြီ၊ အသိပေးပြီးပြီ။ အဲဒီကြားထဲကနေ ဒီလူ ရောက်လာတယ်ဆိုတာ ဘယ်လို ရောက်လာတာလဲလို့။
ကျနော့်အတွေ့အကြုံ ပြောမယ်။ ကျနော့်အကြောင်း လေ့လာနေတဲ့လူက ကျနော် ထောင်ထဲမှာ ရှိနေတုန်း ဗမာပြည် လာဖူးတယ်ဗျ။ ဦးစိန်ဝင်းတို့၊ လူထုဒေါ်အမတို့၊ ဒဂုံတာရာတို့၊ ဦးမောင်မောင်ခင်တို့ စသည်ဖြင့် စာပေသမားတို့၊ သတင်းစာသမားတို့နဲ့ တွေ့တယ်။ အဲဒါကို အစိုးရက နည်းနည်းမှ မကြည်ဖြူဘူး၊ မှတ်ထားတယ်။ အဲဒါက ၅ နှစ်ကျော်ပြီ။ မကြာခင်တုန်းက ကျနော် လွတ်လာတော့ ကျနော့်ကို လာတွေ့ချင်တယ်။ ဗီဇာမရဘူး။ စဉ်းစားကြည့်ဗျာ။ ကျနော်က နိုင်ငံရေးအရ ကြီးကျယ်တဲ့ လူလည်း မဟုတ်ဘူး။ သာမန် သတင်းစာသမားတယောက်။
ကောင်းပြီ။ ယက်တောက ဘယ်လို ဗီဇာရလဲ။ တခါတုန်းက ဒေါ်စုအိမ်ထဲ အိမ်ထဲဝင်တယ်ဆိုတာလည်း သိပြီ။ ဒေါ်စုရဲ့ ညွှန်ကြားချက်အရ ဒေါက်တာတင်မျိုးဝင်းကလည်း ပြည်ထဲရေးဌာနကို အကြောင်းကြားပြီးပြီ။ အဲဒီလောက် အမှတ်အသားဖြစ်ပြီး မှတ်ထားတဲ့လူဟာ ဒီလိုအချိန်မှာ ဘာ့လို့ ဗီဇာရသလဲ၊ ဘာဖြစ်လို့ ဗီဇာပေးသလဲ။ နိုင်ငံခြားရေးဌာနတို့ ဘာတို့က ဒီလောက်ပဲ ပေါ့လျော့သလား။ ဒီလောက် လက်လွတ်စပယ် လုပ်သလားဆိုတာ မေးစရာတွေ ရှိလာတယ်။ မဟုတ်ဘူး၊ မပေါ့တန်ဘူး။ စည်းကမ်းတကျ အဖွဲ့အစည်း၊ ကမ္ဘာ့အဆင့်အတန်းမီ အဖွဲ့အစည်း၊ နိုင်ငံတကာနဲ့ ဆက်ဆံနေတဲ့ အဖွဲ့အစည်း ဝန်ကြီးဌာန ဖြစ်တယ်ဆိုရင်၊ အဲဒီလိုဆိုရင်တော့ ဒီ ဗီဇာ ပေးလိုက်ခြင်းဟာ လုပ်ကြံမှုရဲ့ အစိတ်အပိုင်းတခု ဖြစ်တယ်လို့ ပြောလို့ရတယ်။ ဒါ့ကြောင့် ကျနော်တို့ စိတ်ထဲမှာ ဒီဟာက လုပ်ကြံမှုကြီး။ အဲဒါကို ဒီအမှုကို ဖျက်သိမ်းပေးပါ။
နအဖက ဒေါ်အောင်ဆန်းစုကြည်ကို မဖြစ်မနေ ထောင်ချလိုက်မယ်ဆိုရင် အန်အယ်ဒီ၊ ဒီမိုကရေစီ အင်အားစုတွေအပါအဝင် မြန်မာနိုင်ငံရဲ့ အနေအထားက တစုံတရာ အပြောင်းအလဲ ဖြစ်သွားနိုင်မယ် ယူဆပါသလားခင်ဗျာ။
အဲဒီလိုဟာမျိုးကတော့ ပြောရတာတော့ ခက်တယ်။ တစ်က ကျနော်တို့က ဒီမိုကရေစီ အဖွဲ့အစည်းတရပ် ဖြစ်တယ်။ ဒီမိုကရေစီ အဖွဲ့အစည်းတရပ်ဟာ မှားယွင်းတဲ့ အခြေခံနဲ့ဖြစ်စေ၊ မှန်တဲ့အခြေခံမှာဖြစ်စေ တရားခွင် ရောက်တယ်။ တရားခွင်က လွတ်လပ်တဲ့ တရားခွင် ဟုတ်ဟုတ်၊ မဟုတ်ဟုတ် အဲဒီလို အခြေခံမျိုးကနေ တရားစီရင်လိုက်တဲ့အပေါ်မှာ ကျနော်တို့ဟာ တစ် မမှန်ကန်တဲ့ တုံ့ပြန်မှုမျိုးနဲ့ တုံ့ပြန်ဖို့ဆိုတာ ကျနော်တို့ ဘာအကြောင်းမှ မရှိဘူး။ ဆိုလိုတာက တရားစီရင်ရေးကို မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ တရားစီရင်ရေးစနစ်နဲ့ သွားတယ်ဆိုရင် တစုံတရာသော အတိုင်းအတာအထိ လက်ခံရမယ်လို့ ကျနော်တို့ ယူဆတယ်။ တရားစီရင်ရေးကနေ ထွက်လာတဲ့ ရလဒ်တခုကို လက်လွတ်စပယ်နဲ့ ငြင်းပယ်ခြင်း၊ ငြင်းဆန်ခြင်း၊ မလုပ်ဘူးလို့ ပြောလို့ရတယ်။
ကျနော်တို့ဟာ အဖွဲ့အစည်းဖြစ်တဲ့အတွက် အဖွဲ့အစည်းရဲ့ ဆုံးဖြတ်ချက်နဲ့ပဲ သွားမှာပဲ။ သေချာတာကတော့ ပြစ်ဒဏ်ချလိုက်ပြီဆိုတာကို လက်ခံရသည့်တိုင် ဒီဟာကိုတော့ ဆက်ပြီးတော့ တရားဥပဒေ ရှုထောင့်က တိုက်သွားဦးမှာပဲ။ တရားဥပဒေ ရှုထောင့်က တိုက်လို့ မရဘူးဆိုရင်လည်း တုံ့ပြန်သင့် တုံ့ပြန်ထိုက်တဲ့ ပုံသဏ္ဍာန် တခုနဲ့တော့ တုံ့ပြန်မှာပဲလို့ ပြောလို့ရပါတယ်။ တရားစီရင်ရေးကနေ ထွက်လာတာတော့ မှန်တယ်။ တရားစီရင်ရေးအရလည်း ဆုံးခန်းတိုင် ရင်ဆိုင်သွားမယ်။ အဲဒီကြားထဲကနေ တရားမျှတမှန်ကန်တဲ့ တရားစီရင်ရေး မဟုတ်ဘူးဆိုရင် ဆန့်ကျင်တဲ့အရာ တစုံတရာတော့ ပေါ်လာမှာပဲ။ အများနဲ့လုပ်တာလေ။ တယောက်ကတော့ ငုံ့ခံချင် ငုံ့ခံနေမယ်၊ အများကတော့ ငုံ့ခံမနေဘူး။ သည်းခံခြင်း ရှိမယ်၊ ငုံ့ခံခြင်းမရှိဘူး။
နအဖ ထဲက အပြစ်ရှိတဲ့ စစ်တပ်အရာရှိတွေကို နိုင်ငံတကာတရားရုံး ICC ကို တင်ဖို့ ကြိုးစားနေတာတွေ ရှိတယ်။ အဲဒါနဲ့ ပတ်သက်ပြီး တခုခု ပြောစရာများ ရှိပါသလား ခင်ဗျာ။
ဒါက လုပ်ရမယ့် ကိစ္စပဲ။ လူသားပေါ်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး ဥပဒေလည်း ဖြစ်နေပြီ။ ကမ္ဘာမှာလည်း ဒီဥပဒေဟာ တစတစနဲ့ အလုပ်ဖြစ်လာပြီ။ နောက် ဒီလူတွေကို ရုံးတင် တရားစွဲခြင်း ဆိုတာကလည်း ကမ္ဘာမှာ နိုင်ငံပေါင်း များစွာပေါ့၊ အာဖရိကနိုင်ငံတွေရော၊ ယူဂိုဆလပ်တို့ ဘာတို့ရော လုပ်နေကြပြီ။ အခု နောက်ဆုံး ဆူဒန်တို့ ဘာတို့ တရားစွဲတာ လုပ်နေပြီ။ တချို့က တရားခွင်ရှေ့မှောက်ကို ရောက်တယ်။ တချို့က ဖမ်းမိန့်ပဲ ထုတ်ရသေးတယ်။
ဗမာပြည်မှာဖြစ်နေတဲ့ အနေအထားအရက ဒီအခြေအနေမျိုးကို ရောက်နေတယ်။ သေချာတယ်။ ငြင်းလို့မရတဲ့ အနေအထား။ မီဒီယာတွေထဲ ပါလို့ ကျနော်က ငြင်းလို့မရတာလို့ ပြောတာမဟုတ်ဘူး။ သာမန်အားဖြင့် ပြည်သူတွေဟာ ရှစ်လေးလုံး ကာလလို ကာလမျိုးကစပြီးတော့ ၂ဝဝ၇ သံဃာတော်များ ရွှေဝါရောင်တော်လှန်ရေးလိုကာလမျိုး နောက်တခါ နိုင်ငံရေးအကျဉ်းသား များစွာကို ညှင်းဆဲ သတ်ဖြတ် ဆိုတဲ့ ဒီလို ဥပမာတွေ ကြည့်ခြင်းအားဖြင့် ဒီလူတွေဟာ တရားစီရင်ခံရမယ့် အနေအထားမှာ ရှိတယ်လို့ ပြောတာ။ ဒီလူတွေကို အပြစ်ပေးရမယ်လို့ ကျနော်တော့ မပြောချင်ဘူး။ ဒါက တရားရုံးက လုပ်ရမယ့် ကိစ္စ။ ကျနော့် ဘက်ကတော့ ဒီလူတွေဟာ အဲဒီလို တရားခွင်မျိုးမှာ ရင်ဆိုင်ရမယ့် အနေအထားကို ရောက်နေတယ်လို့ တထစ်ချ ပြောချင် တယ်။ သတ်သတ်မှတ်မှတ် ပြောတယ်။
သို့သော် အဲဒီ ကိစ္စနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ရဲ့ တချိန်တုန်းကရှိခဲ့တဲ့ သဘောထားပေါ့ဗျာ။ ကျနော်တို့ ဗမာပြည်မှာ အပြစ်တွေကို သင်ပုန်းချေမယ် ဆိုတာတွေ ရှိတယ်။ ကျနော်တို့ တိုင်းပြည်မှာ ဖြစ်နေတဲ့ ဟာတွေအကုန်လုံး တယောက်နဲ့ တယောက် လက်စားချေကြမယ်ဆိုရင် မပြီးတော့ဘူး။ သင်ပုန်းချေတယ်ဆိုတာ သဘောတူတယ်။ သို့သော် ကျနော်တို့ဘက်က စဉ်းစားတော့ ဘာပေါ်လာသလဲဆိုရင်၊ ဒါ အန်အယ်ဒီရဲ့ ပေါ်လစီ ရယ်လို့တော့ မဟုတ်ဘူး။ အစုအဖွဲ့လိုက် ဆွေးနွေးကြတာ။ သင်ပုန်းချေတယ်ဆိုရင် ချေချင်တိုင်း ချေလို့မရဘူး။ ဘာလို့လဲဆိုတော့ ခံရတဲ့ ကာယကံရှင်တွေ ရှိတယ်ဗျာ။ သို့မဟုတ်လည်း သူ့ရဲ့ ရာဇဝတ်မှု ကျူးလွန်မှုဟာ လူသားအပေါ်မှာ အလွန်ကြီးလေးတဲ့ ရာဇဝတ်မှုလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။
အဲဒီလို ပုံစံအမျိုးမျိုး ကျူးလွန်တဲ့လူတွေကို သင်ပုန်းချေတယ်ဆိုပြီးတော့ ကျနော်တို့က ခွင့်လွှတ်လိုက်ရင် ရမလား။  နိုင်ငံရေး ပါတီတခုကနေ လုပ်ရင်ရမလား။ သို့မဟုတ်လည်း နိုင်ငံရေးခေါင်းဆောင် တယောက်ကနေလုပ်ရင် ရမလား။ မရဘူး။ တရားဝင် ဖြစ်ဖို့လိုတယ်။ ပြည်ပတရားရုံးတို့ ဘာတို့ဆိုတာကလည်း လွန်ခဲ့တဲ့ အနှစ် ၂ဝ လောက်က သိပ်ပြီး မကြားသေးဘူးပေါ့ဗျာ။ ကျနော်တို့က ဘယ်လိုတွက်လဲဆိုတော့ လွှတ်တော်တို့ ဘာတို့မှာ တင်ပြီးတော့ ဥပဒေပြဋ္ဌာန်းပြီးတော့ သင်ပုန်းချေတာ ဖြစ်စေ၊ ဒါက တခုပေါ့နော်။ နောက်တမျိုးက ဘာလဲဆိုရင် ကျနော်တို့က အမျိုးသားပြန်လည်သင့်မြတ်ချင်တယ်။ တရားစီရင်ရေးက အမှန်တရား ဖြစ်စေချင်တယ်။ ကျနော်တို့က ဥပမာ – တောင်အာဖရိက Truth and Reconciliation Commission လိုဟာမျိုး လုပ်ရမယ်လို့ သဘောပေါက်တယ်။ အနည်းဆုံး အဲဒီလိုမျိုး ဖြေရှင်းမယ်။ သဘောထားတွေ ဟိုတုန်းက ရှိခဲ့တယ်။
သို့သော် ကျနော်တို့ ရွေးကောက်ပွဲမှာ အနိုင်ရရှိသော်လည်း လွှတ်တော်အဆင့်ကို မရောက်ခဲ့တဲ့အတွက် ကျနော်တို့ ဒါ မလုပ်နိုင်ဘူး။ နောက်တခုက ကျနော်တို့မှာ ဘာအာဏာမှ ရှိတာမဟုတ်တဲ့အတွက်၊ ကျနော်တို့ဆိုတာ ကျနော်တို့ ဒီမိုကရေစီ သမားတွေကို ပြောတာပါ။ အန်အယ်ဒီရယ်လို့ မဟုတ်ပါဘူး။ အဲဒီလိုအနေနဲ့ Truth Commission တို့၊ Reconciliation Commission တို့ဆိုတာ ဖွဲ့နိုင်တဲ့အနေအထားမှာ မရှိဘူး။ လွှတ်တော်လည်း မရှိဘူး။ အခုနောက်ဆုံး ICC လိုဟာမျိုး ပေါ်လာတာပဲ။ အဲဒါနဲ့ ပတ်သက်လို့ အများကြီး စဉ်းစားမိတယ်။ ဘာပဲပြောပြော ဒီလူတွေဟာ ICC ရှေ့မှောက်မှာ တရားစီရင် ခံရမယ်လို့ တထစ်ချ မပြောနိုင်သေးပေမယ့် ဒီလူတွေဟာ အဲဒီလို တရားစီရင် ခံရနိုင်လောက်တဲ့ ပြစ်မှုတွေ ကျူးလွန်ထားတာ အမှန်ပဲလို့ ကျနော် ယုံကြည်ပါတယ်။
အင်းစိန်ထောင်ရှေ့နောက်ဆုံးအခြေအနေ..
နေ့ လည် ၁၂ နာရီခွဲခန့် တွင် အင်းစိန်ထောင်တွင်းမှ သေနတ်ပစ်ဖောက်သံကြားရပြီးနောက် အပြင်ရှိ
လုံထိန်း နှင့် စစ်သားများ အသင့် နေရာယူကြသည်။
ဒေါ်အောင်ဆန်းစုကြည် တရားခွင်သို့ ရောက်ရှိပြီဖြစ်သည်။
နေ့လည် ၁၂ နာရီခန့ တွင် အင်းစိန်ထောင်ရှေ့၌ လူစုလူဝေးပို၍ကြီးမားလာသည်။
အင်းစိန်ထာင်ရှေ့သို့ ဝင်ရောက်၍ မရသည့် လူစုက သမိုင်းလမ်းဆုံ နှင့် ခ၀ဲခြံတွင်စုရုံး။
အင်းစိန်ဈေးအနီးတွင် စစ်တပ်က ငြိမ်ငြိမ်သက်သက်နေပေးရန် လက်ကိုင် အသံချဲ့ စက်ဖြင့်ကြေညာ
Sent at 1:38 PM on Monday
lar: အင်းစိန်ထောင်ရှေ့နောက်ဆုံးအခြေအနေ… ငှက်ပျော်သီးတွေဝေ..ရေသန့်တွေသောက်ပြီး ဒေါ်စုသတင်းကြားရဖို့ လူထုကြီးကဇွဲကောင်းကောင်းနဲ့ ဆက်စောင့်နေကြဆဲ
ဒီအမှုကို ဖျက်သိမ်းပေးပါ၊ ကျနော်တို့ လက်မခံဘူး”
“ Saturday, 16 May 2009
16:36 ဧရာဝတီ
E-mail Print
အာဏာပိုင်တို့က လွတ်ရက်စေ့တော့မည့် ဒေါ်အောင်ဆန်းစုကြည်ကို ၃ နှစ်မှ ၅ နှစ်အထိ ထပ်မံ ထိန်းသိမ်းနိုင်သည့် အမှုဖြင့် တရားစွဲဆိုလိုက်သည်။ အာဏာပိုင်တို့ စောင့်ကြည့်နေသည့် ဒေါ်အောင်ဆန်း စုကြည်၏ အိမ်ဝင်းအတွင်းသို့ အမေရိကန်တဦး လျှို့ဝှက်ဝင်ရောက်မှု ပေါ်ပေါက်လာပြီးနောက်တွင် ထိုသို့ တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။ ဤအမှုနှင့် ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်ကို ဧရာဝတီက ဆက်သွယ် မေးမြန်းထားပါသည်။ [ဦးဝင်းတင် (ဓာတ်ပုံ – မြတ်မိုးမောင်)] ဦးဝင်းတင် (ဓာတ်ပုံ – မြတ်မိုးမောင်) မေး။ ။ အာဏာပိုင်တွေဘက်က အမှုခိုင်လုံနေတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲတယ်လို့ မထင်ဘူးလား။ ဖြေ။ ။ အမှုက ဘာမှ မခိုင်လုံဘူးခင်ဗျ။ ဒါက အမှုဆင်ထားတာပဲ။ လုံခြုံရေးကိစ္စတခုလုံးဟာ သူတို့လက်ထဲမှာ ရှိတာပဲ။ လူတယောက် ဝင်လာအောင်လုပ်တယ် ဆိုတာ သူတို့ဖွင့်မပေးရင် ဘယ်လိုမှ ဝင်လို့မရဘူး။ ဒေါ်စုက လွတ်ခါနီးပြီဗျ၊ ရက်ပိုင်းပဲ လိုတော့တာ၊ ဒီအချိန်မှာ အယူခံအမှုကို ပယ်တယ်၊ အမှုတခု ထပ်တင်တယ် ဆိုတော့ အမှုဆင်တယ် လို့ပဲ ယူဆရတယ်။ ဒီအမှုဟာ ခိုင်လုံခြင်း မခိုင်လုံခြင်းတို့ ဆိုတာ သူတို့အပေါ်မှာ တည်တယ်၊ သူတို့က ဒေါ်စုကို လွှတ်မပေးချင်ဘူး၊ ဒေါ်စုရဲ့ ရှေ့လျှောက် လုပ်နိုင်တဲ့ နိုင်ငံရေးကို တားဆီးချင်တာကြောင့်လို့ ကျနော် ယူဆတယ်။ မေး။ ။ ဒီအမှုက နောက်ဆုံး ဘာဖြစ်လာနိုင်သလဲ။ စီရင်ချက် ဘယ်လိုချမယ်လို့ ထင်သလဲ။ ဖြေ။ ။ ဖြစ်ရိုးဖြစ်စဉ်အတိုင်း ပြောရမယ်ဆိုရင် ထောင်ချဖို့ပဲ ရှိတာပေါ့ဗျာ။ သို့သော် နိုင်ငံရေးမျက်စိနဲ့ ကြည့်မယ် ဆိုရင် သူတို့ လုပ်ချင်တိုင်း လုပ်လို့ မရဘူး။ ကမ္ဘာကလည်း ကန့်ကွက်တာမှ ဒီအမှုတခုလုံးကို ဖျက်သိမ်းဖို့ ကန့်ကွက်နေတယ်။ ကျနော်တို့ကလည်း လက်မခံဘူး၊ အမှုကို ဖျက်သိမ်းဖို့၊ ရပ်ဆိုင်းဖို့ တောင်းဆိုတယ်။ အမှု မဖျက်သိမ်းနိုင်ဘူး ဆိုရင်တောင်မှ ရိုးသား ဖြောင့်မတ်မှု ရှိတဲ့ တရားစီရင်ရေး ဖြစ်ပါစေလို့ တောင်းဆိုတယ်။ အများပြည်သူ ကြားနာနိုင်တဲ့ တရားစီရင်မှု ဖြစ်ရမယ်။ ရှေ့နေ ရှေ့ရပ်တွေ လုံလောက်စွာ ပါဝင် ဆောင်ရွက်ခွင့် ရှိရမယ်။ တရားရုံးတက်ပြီး စကားပြောတဲ့ ရှေ့နေတင် မဟုတ်ဘူး၊ နောက်ကွယ်ကနေ အမှုနဲ့ ပတ်သက်ပြီး အမှု တည်ဆောက်ဖို့၊ အမှုနဲ့ ပတ်သက်ပြီး ခုခံကာကွယ်ဖို့၊ အချက်အလက်တွေ ရှာဖို့ ရှေ့နေ ရှေ့ရပ်တွေ ရှိရမယ်။ လွတ်လပ်တဲ့ တရားခွင် ဆိုရင် အများပြည်သူကို၊ မိသားစုကို နားထောင်ခွင့် ပြုရမယ်၊ ဒေါ်အောင်ဆန်းစုကြည်ဆိုရင် သူ့ရဲ့ သားတွေ အင်္ဂလန်မှာ ရှိတယ်၊ သူတို့ လာနိုင်အောင် ဗီဇာတွေ ပေးရမယ်။ အလားတူပဲ ဒေါ်ခင်ခင်ဝင်းမိသားစုလည်း နိုင်ငံခြားမှာရှိတယ်၊ သူတို့ လာချင်ရင် လာခွင့်ပေးရမယ်။ နိုင်ငံခြားသား ဖြစ်ဦးတော့ သူ့မိသားစုကို တွေ့ခွင့်ပေးရမယ်။ စာနယ်ဇင်းသမားက လွတ်လပ်စွာ သတင်းယူခွင့် ရှိရမယ်။ ဒါကို ပေးကို ပေးရမယ်။ စာနယ်ဇင်းက ရှေ့နေတွေကို မေးမြန်းခွင့် ရှိရမယ်၊ တရားခံတွေကိုပင်လျှင် တွေ့ဆုံ မေးမြန်းခွင့် ရှိရမယ်။ တရားခွင်ကို လာနားထောင်သူတွေရဲ့ ထင်မြင်ချက်ကို မေးမြန်းခွင့် ရှိရမယ်။ ဒါ ကျနော်တို့ တောင်းဆိုတယ်။ နောက်တခုက ကျနော် လုံခြုံရေးကိစ္စလည်း တောင်းဆိုချင်တယ်။ ထောင်ထဲမှာလုပ်တဲ့ တရားခွင် ဆိုပေမယ့် လုံခြုံရေး စိတ်ချရမှုနဲ့ ပတ်သက်ပြီး ကျနော် မပြောနိုင်ဘူး၊ ထောင်ထဲမှာ လုပ်ပြီး ဒေါ်စုကို သူတို့ ရန်မမူဘူးလို့ စိတ်ချ လက်ချ ကျနော်တို့ ယုံကြည်မှု မရှိဘူး။ ဒေါ်စုရဲ့ လုံခြုံရေးကိုလည်း အခိုင်အမာ ပေးရမယ်။ ဒေါ်စုတင် မကဘဲနဲ့ ဒေါ်စုဘက်က လိုက်ပါ ဆောင်ရွက်တဲ့ ရှေ့နေ ရှေ့ရပ်များကိုလည်း လုံခြုံမှု ပေးရမယ်။ ကျနော်တို့ ပြောချင်တာက အမှုကို ဆင်ပြီးလုပ်တဲ့အတွက် မတရားတဲ့အတွက် ဒီအမှုကို ဖျက်သိမ်းပေးပါ၊ ကျနော်တို့ လက်မခံဘူး။ တရား စီရင်မယ် ဆိုရင်လည်း လွတ်လပ်တဲ့ တရားစီရင်ရေး ဖြစ်အောင် စောစောက ပြောတဲ့အချက်တွေ ပေးပါလို့ ကျနော်တို့က တောင်းဆိုတယ်။ မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ အနှစ် ၂ဝ အတွင်း တိုက်ခိုက်ခံရ၊ နှစ်ပေါင်းများစွာ ချုပ်နှောင်ခံရ၊ အခု လွတ်ရက်စေ့ခါနီးမှာ အစိုးရက ထောင် ၅ နှစ် ထပ်ချဖို့ ပြင်နေတယ် ဆိုတော့ သူ့ရဲ့ စိတ်ဓာတ်က ဘယ်လို အခြေအနေ ရှိတယ်လို့ သိရသလဲ။ ဖြေ။ ။ ကျနော်ကတော့ တွေ့ခွင့် မရဘူး။ သို့သော် ပထမဦးဆုံးအချက် ပြောချင်တာက ရှေ့နေဦးကြည်ဝင်းနဲ့ တွေ့တယ်။ ရှေ့နေဦးကြည်ဝင်းရဲ့ ပြောကြားချက်က ဘာလဲ ဆိုတော့ ဒေါ်စုရဲ့ စိတ်ဓာတ်က အလွန် ကောင်းမွန်နေတယ်၊ ခိုင်ခိုင်မာမာပဲ ရှိနေတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး သူဘာပြောလဲ ဆိုတော့ ဘာဥပဒေချိုးဖောက်မှုမှ သူ မလုပ်ဘူး ဆိုတာကို သူက ရှေ့နေကို အတိအလင်း ပြောတယ်၊ အပြစ်မရှိဘူး ဆိုတာကို ခိုင်ခိုင်မာမာ ပြောတယ်။ ဒီအချက်တွေကို ထောက်ရင် ဒေါ်စုရဲ့ စိတ်ဓာတ်က ခိုင်မာဆဲပဲ ဖြစ်တယ်လို့ ပြောလို့ရတယ်။ ဒေါ်စုနဲ့ ကျနော် တွေ့နိုင်ခြင်း မရှိသော်လည်း လွန်ခဲ့တဲ့ နှစ်တွေက ကျနော်တို့ တွေ့ကြ ကြုံကြတဲ့ အတွေ့အကြုံတွေကို ထောက်ထားလို့၊ ပြီးတော့ မတွေ့တဲ့ ကာလမှာလည်း ဒေါ်စုက ထောင်ထဲရောက်လိုက် အပြင်ကို ရောက်လိုက် အနှစ် ၂ဝ ကာလ တလျှောက်လုံး သူ့ရဲ့ ရပ်တည်ခဲ့တဲ့ အချက်တွေ၊ သူ့ရဲ့ ကိုယ်ကျိုးစွန့်မှုတွေကို ထောက်ရင် ဒေါ်စုက ဒီလိုဖြစ်တာနဲ့တော့ စိတ်ဓာတ် ဘာမှ ထိခိုက်စရာ၊ ပြောင်းလဲစရာ၊ စိတ်ဓာတ်ကျစရာ၊ လျော့ပါးစရာ ဘာမှ မရှိဘူးလို့ ကျနော် ပြောနိုင်ပါတယ်ဗျာ။ မေး။ ။ အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ဘာကြောင့် ဆက်ပြီး ထိန်းသိမ်းထားချင်ရတာလို့ ထင်သလဲ။ ဖြေ။ ။ ပြောရမယ်ဆိုရင် ဒေါ်စုရဲ့ ပုဂ္ဂိုလ်ရေး ကျော်ကြားမှုတွေ၊ ကမ္ဘာက အသိအမှတ်ပြုမှုတွေ၊ အမှန်အတိုင်းပြောရရင် စစ်အစိုးရရဲ့ အဓိက ရန်သူ ဖြစ်နေတယ် ဆိုတဲ့ အချက်တွေကို ကျနော်တို့ ထည့်ပြီးပြောရမှာပဲ။ ဒါပေမယ့် ပုဂ္ဂိုလ်ရေး ခိုင်မာမှု၊ ကျော်ကြားမှုတွေကို ဘေးချိတ်ထားပြီးတော့ လတ်တလောဖြစ်နေတဲ့ နိုင်ငံရေး ရှုထောင့်ကနေ ကြည့်မယ် ဆိုရင် နိုင်ငံရေး အခြေအနေက အများကြီး ပြောင်းလဲနေပြီ။ အရင်တုန်းက ဆိုရင် လွှတ်တော်ခေါ်ပေး၊ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို တစက်ကလေးမှ ကျနော်တို့ မလျှော့ဘူး၊ ဥပဒေအတိုင်း လွှတ်တော်ကို ခေါ်ပေးပါ၊ ဒီလွှတ်တော်ကနေ အခြေခံဥပဒေ ပြင်ဆင်ရေးတို့ ဆိုတာတွေကို ကျနော်တို့ ပြောခဲ့တယ်။ ဒါဆိုရင် ကောင်းပြီ ဆွေးနွေးကြမယ်လို့ ကျနော်တို့ ပြောတယ်၊ အဲဒီလို ပြောင်းလဲလာတယ်။ အလုပ် လုပ်ဖြစ်အောင် တွေ့ဆုံ ဆွေးနွေးရေးကို ပြောတယ်။ တွေ့ဆုံ ဆွေးနွေးရေးနည်းနဲ့ ဖြေရှင်းတဲ့ ပုံသဏ္ဌာန်မှာ ဒေါ်စုဟာ အလွန် အရေးကြီးတဲ့ နေရာမှာ ရှိတယ်။ အခုမှ ရှိတာမဟုတ်ဘူး။ ၁၉၈၈ ကတည်းက ရှိတယ်။ ဗိုလ်ချုပ်မှူးကြီး စောမောင်က ပြောတယ်၊ ပါတီတွေ ဒီလောက်များနေတာ ဘယ်လို တွေ့ဆုံ ဆွေးနွေးရမှာလဲ လို့ ပြောဖူးတယ်။ အဲဒီတော့ ပါတီတွေက ဒေါ်စုကို မန်းဒိတ် (mandate) ပေးတယ်၊ ဒေါ်စုနဲ့ ပြောပါ၊ တွေ့ဆုံဆွေးနွေးပွဲ လုပ်ပါ၊ ဒေါ်စုကို သူတို့ ယုံတယ် ဆိုပြီးတော့ တိုင်းရင်းသားတွေရော၊ ဒီမိုကရေစီ အင်အားစုတွေရော၊ NLD ရော အားလုံးက ဒေါ်စုကို တာဝန် ပေးခဲ့ဖူးတာ ရှိတယ်။ ဒီနေ့ ဒီအချိန်လည်း ကျနော် ထင်တယ် တိုင်းရင်းသားတွေရော အားလုံးက စစ်အစိုးရနဲ့ တွေ့ဆုံ ဆွေးနွေး ဖြေရှင်းတဲ့အခါ ဒေါ်စု ကိုယ်စားပြုပြီးတော့ ပြောပါ ဆိုပြီးတော့ ပြောမှာပဲ။ အခု ပေါ်ပေါက်လာတဲ့ နိုင်ငံရေး အခြေအနေကို ကြည့်ရင် တွေ့ဆုံ ဆွေးနွေးတဲ့ နည်းနဲ့ ဖြေရှင်းမယ် ဆိုတဲ့နေရာမှာ အဓိကဇာတ်ကောင်က ဒေါ်စုပဲ။ အခု ဒေါ်စုကို တရားစွဲလိုက်ခြင်းဟာ ဘာကိုရည်ရွယ်လဲ ဆိုရင် ဇာတ်ကောင်ဖြစ်နေတဲ့ ဒေါ်စုကို ဇာတ်ခုံပေါ်ကနေ၊ စားပွဲခုံကနေ ဆွဲချပစ်လိုက်တယ်၊ တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပရေးတို့၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးတို့၊ နိုင်ငံရေး ပြဿနာများကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရေး တို့ ဆိုတဲ့ လမ်းကြောင်းတွေကိုလည်း အကုန်လုံး ဖျက်ဆီးပစ်လိုက်တာ ဖြစ်တယ် လို့ ကျနော်က သဘောထားတယ်ဗျ။ မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစု ဆရာဝန် ဒေါက်တာတင်မျိုးဝင်းလည်း အဖမ်းခံနေရတာ တပတ် ကျော်သွားပြီ၊ သူ့ရဲ့ နောက်ဆုံးအခြေအနေ ဘယ်လိုရှိပါသလဲ။ သူက ဒီအမှုမှာ ဘယ်လို ပတ်သက်နေသလဲ။ ဖြေ။ ။ ကျနော်တို့ ပထမ ကြားတာကတော့ ဒေါက်တာ တင်မျိုးဝင်းကို အမှုစွဲတင်မယ်၊ စုစုပေါင်း ၅ ယောက် ပေါ့ဗျာ။ သို့ပေမယ့် နောက်ပိုင်းကျတော့ ဒေါက်တာ တင်မျိုးဝင်း မပါတော့ဘူး။ ဖြစ်နိုင်တဲ့ အခြေအနေကို ဆက်တွေးရင် ဒေါက်တာ တင်မျိုးဝင်းကို အမျိုးမျိုး စစ်ကြောရေး လုပ်နေတယ်ပေါ့ဗျာ အဲသလို ယူဆတယ်။ ကျနော်တို့ ပြောချင်တာက ဒေါက်တာ တင်မျိုးဝင်း ညှဉ်းပန်းနှိပ်စက်ခြင်း တို့ ဘာတို့များ ခံရဦးမှာလားပေါ့။ ဟိုတုန်းကလည်း ညှဉ်းပန်းနှိပ်စက်တာတွေ သူ ခံခဲ့ရတာ ရှိတယ်ဗျ။ ဒေါက်တာတင်မျိုးဝင်းကို သူတို့လိုချင်တဲ့ လမ်းကြောင်း နဲ့ အသံတွေ ထွက်အောင်လို့ ဒေါက်တာတင်မျိုးဝင်းကို လုပ်နေသလားလို့ ကျနော်တို့ စိုးရိမ်တယ်။ စစ်ဆေးပြီးတော့ သူ့ကို သီးခြား အမှု ဆင်မလား။ ဒီအပြစ်က ၃ နှစ် နဲ့ ၅ နှစ်လောက်ပဲ အပြစ်ပေးနိုင်တဲ့ အမှုကိုး၊ ဒါ့ထက် ကြီးမားတဲ့ အမှုများ ထပ်တွဲချင်လို့ ကြံစည်နေသလားလို့ ဒီလိုတွေးမိတယ်။ နောက်တမျိုးကလည်း ဒေါက်တာတင်မျိုးဝင်းကို သက်သေ အဖြစ် ထည့်လိုက်ရင် ဘယ်လိုလုပ်မလဲ။ ဒါဆိုရင် ကျနော်တို့ မစိုးရိမ်ဘူး၊ ဒေါက်တာတင်မျိုးဝင်းဟာ လွယ်လွယ်ကူကူနဲ့ သူများ ပြောခိုင်းတိုင်း ပြောတဲ့လူစားမျိုး မဟုတ်ဘူးဗျ။ သူ့ရဲ့ နိုင်ငံရေး ယုံကြည်ချက်၊ ရပ်တည်ချက်၊ သမိုင်း အစဉ်အလာတွေကို ကျနော်တို့က ယုံလည်း ယုံကြည်တယ်၊ လေးလည်း လေးစားတယ်၊ ဒါအတွက် မစိုးရိမ်ဘူး။ ဒေါက်တာတင်မျိုးဝင်းကို သက်သေထွက်ခိုင်းရင် သူဟာ လုပ်ခဲ့တာကို ထွက်မှာပဲ၊ သူလုပ်ခဲ့တာလည်း များများ မရှိဘူး၊ ဒီအမှုမှာ ပြီးခဲ့တဲ့ နှစ်တွေက တွေ့တယ် ဆိုတုန်းက ဒေါ်အောင်ဆန်းစုကြည်က ရှင် သွားပြီးတော့ အစိုးရကို အသိပေးပါ လို့ ညွှန်ကြားတယ်၊ အဲဒီညွှန်ကြားချက်အတိုင်း ပြည်ထဲရေး ဌာနကို အကြောင်းကြားတယ်၊ ဒါ့အပြင် ဘာမှ ထွက်စရာအကြောင်း မရှိဘူး။ ဒေါက်တာတင်မျိုးဝင်းက ကျနော်နဲ့ ဒီ လူနဲ့ နေထိုင်ခဲ့ဖူးပါတယ် ဘာညာ ဆိုတဲ့ဟာမျိုးတွေ ထွက်ဆိုလိမ့်မယ်လို့ ကျနော် မမျှော်လင့်ဘူးဗျ။ ။
ဧရာဝတီ
ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲခြင်းမှာ ဥပဒေမဲ့လုပ်ရပ် – ပြည်တွင်းက လူထုအများစု တုံြ့ပန်
ကြံရာမရတဲ့လူယုတ်မာတွေရာဇ၀တ်အိုး တုတ်နဲ့ ထိုးမိနေပြီ။ မြန်မာပြည်သူတွေ ပေါက်ကွဲတော့မယ်။
ဝင်းမြတ်
မေ ၁၆၊ ၂၀၀၉
နေအိမ်အကျယ်ချုပ် ချခံထားရတဲ့ မြန်မာ့နိုင်ငံရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်နိုင်ငံသား ရေကူးသမားအား လက်ခံထားရှိတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ နအဖ အစိုးရက တရားစွဲဆိုရန် ပြုလုပ်နေတာကို ပြည်သူ လူထုထံက မကျေမနပ် တုံ့ပြန်သံများ ထွက်ပေါ်ခဲ့ပါတယ်။
ဒေါ်စုကို ပြန်လည် လွှတ်ပေးဖို့ ရက်ပိုင်းအလိုမှာ အခုလို လုပ်လိုက်ခြင်းဟာ နအဖ အစိုးရရဲ့ ဒေါ်စုအပေါ် ထားတဲ့သဘောထားကို ရှင်းပြစရာ မလိုအောင် ဖော်ထုတ်လိုက်တာပဲဖြစ်တယ် လို့ ဆိုကြပါတယ်။ ဒီလုပ်ရပ်ဟာ ပေါ်ပေါ်တင်တင် ဥပဒေမဲ့ ပြုလုပ်တာဖြစ်တယ် လို့လည်း အများက ထင်မြင်ချက်ပေးကြပါတယ်။
Summary
Rest of your post
အသက် ၂၄ နှစ်အရွယ် စက်မှုဘွဲ့ရ အမျိုးသားတစ်ဦးက
“ ဒေါ်အောင်ဆန်းစုကြည်အိမ်ကို ရေးကူးသွားတဲ့လူအကြောင်းနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အရေးယူဖို့လုပ်တယ် ဆိုတာ ကြားရတော့ စဉ်းစားစရာတွေ ဖြစ်လာတယ်။ အဲဒီ အိမ်နားကို ကပ်ဖို့ဆိုတာ အစောင့်တွေ အထပ်ထပ် ချထားတာပဲ။ အပြစ်ပေးချင်ရင် သူတို့ကိုပေးပေါ့။ အခုဟာက လှောင်အိမ်ထဲထည့်ထားပြီး အထဲမှာ ရှိနေတဲ့သူကို အန္တရာယ် ပေးနိုင်တာတွေကို အပြင်ကနေ တစ်ခုပြီးတစ်ခုထည့် ပြီးတော့မှ အန္တရာယ်ရှိတယ် ဆိုပြီး ပြဿနာရှာတယ်လို့ မြင်တယ်”
လို့ပြောပါတယ်။
“ကျွန်တော်က နိုင်ငံရေးတွေဘာတွေ သိပ်နားလည်တာမ ဟုတ်ပါဘူး။ ဥပဒေတွေ ဘာတွေလည်း သိပ်နားလည်တာ မဟုတ်ပါဘူး။ အခုဟာကတော့ လူသာမန်လို ရိုးရိုးလေး တွေးကြည့်တာတောင် ဘယ်လိုမှ မမျှတတာကို တွေ့နေရတာကို ပြောချင်တာပါ”
လို့ သူက ဆက်ပြောတယ်။
အင်းလျားကန်ကို ဖြတ်ကူးပြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ်အတွင်းမှာ နှစ်ရက်ကြာ ၀င်ရောက် နေထိုင်ခဲ့တဲ့ အမေရိကန်နိုင်ငံသား Mr. John William Yettaw ဆိုသူကို သက်ဆိုင်ရာ တာဝန်ရှိသူများက ခေါ်ယူစစ်ဆေး မေးမြန်းနေတယ်လို့ အစိုးရပိုင် သတင်းမီဒီယာ တွေက ဖော်ပြခဲ့ကြတယ်။
သည်ကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်စုကို တရားစွဲဆိုမယ့် အကြောင်းကိုတော့ ပြည်သူလူထု သိအောင်အစိုးရက တရားဝင် ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။ အင်တာနက် ၀က်ဆိုက်တွေနဲ့ ပြည်ပ သတင်းမီဒီယာတွေက တစ်ဆင့်သာ ပြည်သူလူထုက သိရှိရပါတယ်။
အခုလို အစိုးရက ပွင်းလင်းမှု မရှိတာနဲ့ပတ်သတ်ပြီး အစိုးရ၀န်ထမ်း ရုံးအုပ်ကြီးတစ်ဦက
“ အစိုးရက ပြည်သူကို အမြဲတမ်း လိမ်နေကျပဲ။ အခု ရေကူးသမား ကိစ္စကလည်း သိပ်ယုံချင်စရာမရှိဘူး။ သက်သက်မဲ့ သိက္ခာချချင်လို့လုပ်တာ ဖြစ်နိုင်တယ်လို့ ယူဆတယ်။ ဒါပေမယ့် ဒေါ်စုကြည်ကို တရားစွဲဖို့ လုပ်တယ် အင်းစိန်ထောင်ကို ခေါ်သွားတယ် ဆိုတာကတော့ သိပ်ကို အရှက်မရှိ မျက်နှာပြောင်တိုက်ရာ ကျတယ်။ ဒီအကြောင်းတွေကို ပြည်သူတွေ သိအောင်ရော ဘာလို့ မပြောတာလဲ။ ရေကူးတဲ့သူအကြောင်းကျတော့ စာလုံးမဲကြီးတွေနဲ့ လူမြင်သူမြင် နေရာမှာ ရေးထားတယ်”
လို့ သူ့အမြင်ကို ပြောပြတယ်။
လူထုက ကြည်ညိုလေးစားရတဲ့ နအဖအစိုးရက နိုင်ငံတော် တည်ငြိမ်ရေးဆိုတဲ့ အကြောင်းပြချက်နဲ့ နေအိမ်အကျယ်ချုပ် ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့သတင်းတွေကို အများပြည်သူ သိအောင် ထုတ်ဖော် ပြောဆိုခြင်း မရှိတာကို ရေတပ်ဗိုလ်မှူးဟောင်းဖြစ်ပြီး အခုအခါ အရပ်ဘက် အစိုးရ အရာရှိကြီး တစ်ဦးက အခုလိုပြောတယ်။
“သူ့ကို(ဒေါ်စု) လွှတ်ပေးလိုက်ရင် လူထုက လမ်းပေါ် ထွက်မလာဘူးလို့ ဘယ်သူ အာမခံမလဲ။ ဒီလိုပဲ သူ့အကြောင်းတွေကို လူတွေသိအောင် ပြောပြောနေရင် လူထုက တည်ငြိမ်ပါ့မလား။ အခုလိုတပ်က မအုပ်ချုပ်ဘူးဆိုရင် မြန်မာလူမျိုးတွေကို ထိန်းလို့ရမယ်လို့ ထင်နေသလား။ သူ့ကိုချုပ်ထားတာ နိုင်ငံရေးအရ အဖြေမဟုတ်ဘူး ဆိုပေမယ့် ကျန်တာတွေကို တည်ငြိမ်အောင်လုပ်ဖို့ လွယ်တယ်”
စစ်ဘက်ကနေ အရပ်ဘက်ပြောင်းလာတဲ့ အရာရှိအများစုမှာ တပ်အရိပ်အငွေ့တွေ ပါလာပေမယ့် တစ်ချို့သူတွေမှာတော့ နှစ်ဖက် မြင်တတ်တဲ့ သူတွေ ရှိနေတာတွေ့ရတယ်။
သူနဲ့အမြင်မတူတဲ့ တိုင်းအဆင့်ရှိ တပ်ဘက်အငြိမ်းစား အရပ်ဘက် အရာရှိကြီးတစ်ဦးက
“ အရင် ဦးနေ၀င်းခေတ်တုန်းက တစ်ခုခုလုပ်မယ် တစ်နေရာရာသွားမယ် ဆိုရင် အဲဒိအချိန်မှာ သူနဲ့ တရားဝင်ပေါင်းနေတဲ့ ဇနီးကိုပဲ ခေါ်သွားတယ်။ အခုလို ဇနီးမယား၊ သမီးသား မြေးမြစ်တွေကို ခေါ်မသွားဘူး။ အခုဟာက သတင်းစာထဲမှာပါ သူတို့ တစ်ဆွေလုံး တစ်မျိုးလုံးက လူထုကို အုပ်ချုပ်နေတဲ့ပုံ လုပ်ထားတယ်။ ဒါ တပ်ရဲ့အင်အားကို သုံးပြီး သက်ဦးဆံပိုင်ပုံစံဖြစ်နေတာ။ အခုကိစ္စ (ဒေါ်စု)မှာလည်း အာဏာ ဆက်လက် တည်မြဲရေးအတွက် သူတို့လုပ်ချင်တာ လုပ်လို့ရအောင် အကွက်ဆင်ခဲ့တာပဲ ဖြစ်ဖို့များတယ်”
လို့ သူ့အယူအဆကိုပြောပါတယ်။
ရန်ကုန်နေ လူထုအများစုကတော့ ဒေါ်စုကိုတရားစွဲဆိုမှုဟာ အကွက်ဆင်မှု ဖြစ်တယ် လို့ ယုံကြည်ထားကြတယ်။ အခုလို ကမ္ဘာသိ လူထု ခေါင်းဆောင် အမျိုးသမီး တစ်ယောက်ကို လက်နက် လူသူအင်အားနဲ့ အနိုင်ကျင့်တာကို ရှက်စရာ ဖြစ်တယ်လို့ ပြောကြပါတယ်။
ရန်ကုန်မြို့က အသက် ၄၆ နှစ်ရှိ ဓါတ်ခွဲမှူးတစ်ဦးက
“ဘုန်းကြီးနဲ့ ပြည်သူတွေကိုသတ်တဲ့ လက်နက်ကြီးငယ်မျိုးစုံးနဲ့ အင်အား သိန်းနဲ့ချီရှိတဲ့ သူတွေက လက်နက်ဆိုလို့ အပ်တိုတစ်ချောင်းတောင်မရှိတဲ့ အချုပ်လည်း ခံထားရတဲ့ အမျိုးသမီး တစ်ယောက်ကို အနိုင်ကျင့်ချင်တိုင်း ကျင့်နေတာကတော့ တော်တော်ကို အရှက်မရှိတဲ့ လုပ်ရပ်ပါပဲ။ သူတို့လုပ်ရပ်တွေက သိပ်ကို ယုတ်မာ ကောက်ကျစ်လွန်းရာ ကျနေပြီ။ သူတို့ ပြောချင်လုပ်ချင်တာတွေကိုလည်း နည်းမျိုးစုံနဲ့ ပြည်သူကို လှည့်စားပြီး လုပ်ခဲ့တာပဲ။ ပြည်သူ့သဘောထား ဆိုပြီး စစ်အစိုးရက ပြောနေတာတွေက ဘယ်ပြည်သူကမှ အဲဒီလို မပြောဘူး”
လို့ပြောပါတယ်။
၁၉၉၀ ပြည့်နှစ်မှာ ပြည်သူတွေရဲ့ ရွေးချယ်မှုကို အသိအမှတ်မပြုခဲ့တဲ့ အပြင် ဒေါ်စုကိုပါ အကျဉ်းချထားတာဟာ နအဖ အစိုးရက အကြောက်လွန်နေတာ ဖြစ်တယ်လို့ အသက် ၅၉ နှစ်အရွယ် အစိုးရ၀န်ထမ်း အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ ဘာဖြစ်လို့ ဒေါ်စုကို မလွှတ်ပေးရဲတာလည်းဆိုတာ ရှင်းပါတယ်။ ဒီအမျိုးသမီးကို သူတို့ တော်တော် ကြောက်နေတာ။ သူ့နောက်မှာ လူထုက ရှိနေတာကို။ အခု သူတို့ကို(နအဖ) ဘယ်ပြည်သူကမှ ရွေးထားခဲ့တာ မဟုတ်ဘူး။ သူတို့တကယ် ပြည်သူကို စေတနာရှိတယ် ဆိုရင် ပြည်သူကို လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့် ပေးလိုက်ပေါ့”
အစိုးရ၀န်ထမ်း အမျိုးသမီးက ပြောပါတယ်။
စက်မှုဘွဲ့ရ လူငယ်ကတော့ မြန်မာနိုင်ငံမှာ ရွေးချယ်ခွင့် နည်းပါးပြီး လူငယ်တွေကြားမှာ မျှော်လင့်ချက် မဲ့နေတယ်လို့ ပြောပါတယ်။ သူကပဲအခုလိုဆက်ပြောပါတယ်။
“ကျွန်တော်တို့ လူငယ်တွေမှာက လူကြီးဆိုတဲ့သူတွေ လုပ်ချင်ရာလုပ်နေတဲ့ ကြားထဲမှာ ညပ်နေတယ်။ ဘွဲ့ရပြီးပြီ။ စားဝတ်နေရေး လုံခြံမှုအတွက် အာမခံနိုင်တဲ့ အလုပ်ဆိုတာ အခုထိ မတွေ့သေးဘူး။ ကိုယ့်နိုင်ငံမှာက အခွင့်အလမ်း ကောင်းကောင်းတွေ မရှိတော့ သူများနိုင်ငံသွားပြီး အနှိမ်ခံရတယ်။ လက်ရှိ အုပ်ချုပ်နေတဲ့သူတွေမှာ ကိုယ့်နိုင်ငံ တိုးတက်အောင် လုပ်နိုင်မယ့် အရည်အချင်းမရှိတာတော့ သေချာတယ်။ လာမယ့် ၂၀၁၀ မှာရော ကျွန်တော်တို့က ဘယ်သူ့ကို ဘယ်လိုရွေးချယ်ရမှာလည်း။ ယုံကြည်ရလောက်တဲ့သူက ဘယ်သူလဲ ကျွန်တော်တို့မသိဘူး…
အခုဟာက အာဏာရှိတဲ့သူတွေက စည်းလွတ်ကမ်းလွတ် လုပ်ချင်တာ လုပ်နေတာကို ခံရတဲ့သူတွေက ဥပဒေအရဆိုပြီး ပြန်ပြီး ခုခံနေရတာတော့ ဘယ်တရားမလဲ။ စစ်အစိုးရက ပြောသလို ဥပဒေအထက်မှာ ဘယ်သူမရှိဘူး၊ သူတို့က လွဲရင်ပေါ့လေ”
ဝင်းမြတ်